ကွီးတို့ရေ ငယ်ငယ်တုန်းက စိုက်ပျိုးရေးဆိုပြီး အလွယ်တကူ ခေါ်ဆိုခဲ့တဲ့ Harvest Moon ဂိမ်း ကို ဆော့ဖူးပါသလား။ ပြီးတော့ စမတ်ဖုန်းတွေ လူတိုင်း ကိုင်လာနိုင်တဲ့ အချိန်မှာ Stardrew Valley တို့လို ဂိမ်းတွေကိုပါ ဆော့ဖူးခဲ့မယ် သဘောလည်းကျမယ်ဆိုရင်တော့ The Palace on the Hill ဆိုတဲ့ ဂိမ်းလေးကို ညွှန်းပေးချင်ပါတယ်။
Photo : IGN India
The Palace on the Hill ဂိမ်းလေးက အခု Google Playstore ပေါ်မှာ Demo Version တင်ပေးထားပြီးတော့ Full Version ကိုတော့ လာမယ့် ဇွန်လထဲမှာပဲ စတင် အသုံးပြုနိုင်ပါတော့မယ်။ Simulation အမျိုးအစားကိုမှ Adventure တွေပါ ပါဝင်ထားတာဖြစ်လို့ ဂိမ်းလေးက အေးအေးဆေးဆေး ဆော့ရမယ့်အပြင်ကို စိတ်ဝင်စားဖို့လည်း ကောင်းနေပါမယ်။ ဒီဂိမ်းက ၁၉၉၀နှစ်များက အိန္ဒိယနိုင်ငံက ကျေးရွှာလေးမှာ အခြေခံထားပြီးတော့ Graphic လည်း အရောင်စုံလင်စွာနဲ့ မျက်စိပသာဒ ဖြစ်စရာကောင်းသလို ဆင်းရဲသား လယ်သမားကြီးတစ်ဦးရဲ့ သားနေရာကနေ ကစားသွားရမှာ ဖြစ်ပါတယ်။
ပန်းချီအနုပညာကို လေ့လာနေတဲ့ Vir ဆိုတဲ့ ချာတိတ်လေးက ဒီဂိမ်းထဲမှာ ပျက်စီးနေတဲ့ ရှေးခတ် အဆောက်အဦးတွေကို ရှာဖွေရမယ်၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေ ဝင်လုပ်ရမယ်၊ လက်ဖက်ရည်ဆိုင်လေးကို ဦးစီးရမယ်၊ puzzles လေးတွေ ဖြေရှင်းရမယ်၊ အနုပညာ ဖန်တီးခြင်းကနေ သမိုင်းကြောင်းကို လေ့လာရမယ်၊ အိန္ဒိယ အစားအစာတွေကိုလည်း ချက်ပြုတ်ရပါမယ်။ လုပ်ရမယ့် tasks လေးတွေကလည်း တကယ်ကို စိတ်ဝင်စားဖို့ကောင်းသလို ဂိမ်းကို ဒုန်းဒုန်းဒိုင်းဒိုင်း မဆော့ချင်ဘဲ အေးအေးဆေးဆေးလေး ဆော့ချင်သူတွေအတွက် အတော်လေး အံ့ဝင်ခွင်ကျ ဖြစ်စေမယ့် ဂိမ်းမျိုးပါ။
Source : Niku Games Youtube Channel
ဒီဂိမ်းကို Android အတွက်ရော IOS အတွက်ရော PC အတွက်ပါ ထုတ်ပေးထားတာဖြစ်လို့ ကိုယ်အဆင်ပြေတဲ့ Device နဲ့ ကစားနိုင်မှာဖြစ်ပြီး PC မှာ ကစားရတာကတော့ ပိုပြီး အရသာ ရှိပါလိမ့်မယ်။ ဂိမ်းရဲ့ File Size ကတော့ ကိုယ် အသုံးပြုနေတဲ့ Device အပေါ်မှာ မူတည်ပြီး ပြောင်းလဲသွားနိုင်သလို တစ်ခု သတိထားရမှာက ဂိမ်း တစ်ခုလုံး ကစားဖို့အတွက်ဆိုရင်တော့ နောက်ထပ် လအနည်းလောက် စောင့်ရဦးမှာပဲ ဖြစ်ပါတယ်။
Featured Photo : Google Play