မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အေဂျက်စ် တောင်ပံကစားသမား အန်တိုနီ ကို ယူရို ၄၅ သန်း (ပေါင် ၃၈.၄ သန်း) နဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဘရာဇီး သတင်းတွေအရ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် ဘရာဇီး လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အဲရစ်တန်ဟက် လက်အောက်မှာ အေဂျက်စ်အသင်းအတွက် ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပွဲပေါင်း ၃၃ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo : Metro

ယူနိုက်တက် နည်းပြသစ်ဖြစ်လာတဲ့ တန်ဟက်ဟာ အန်တိုနီ နဲ့အတူ အေဂျက်စ်မှာတုန်းက ၂ နှစ်ကြာ အတူတူ အလုပ်တွဲလုပ်ခဲ့ဖူးပြီး ၎င်းတောင်ပံကစားသမားကို အခုလက်ရှိ အိုးထရက်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

ဘရာဇီးသတင်းထောက် နီကိုလာရဲ့အဆိုအရ တန်ဟက်ဟာ အန်တိုနီကို အသင်းရဲ့ တိုက်စစ် အင်းအားဖြည့်တင်းဖို့အတွက် အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားကြောင်း ယူနိုက်တက်တာဝန်ရှိသူတွေကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်မှာ ယူနိုက်တက်အသင်းက အေဂျက်စ်အသင်းထံကို ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

အေဂျက်စ်ဘက်က ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို တုံ့ပြန်ခြင်းမရှိသေးပေမယ့် အန်တိုနီဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်တာကြောင့် ပိုမိုမြင့်မားတဲ့ ပြောင်းရွေ့ကြေးကို တောင်းဆိုဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ယခု သီတင်းပတ်အစောပိုင်းက ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကို ခေါ်ယူဖို့နဲ့ ပတ်သတ်ပြီး အန်တိုနီရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဘရာဇီးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြခဲ့ပါတယ်။

Photo : Sports News

ပြီးခဲ့တဲ့လက တန်ဟက် ယူနိုက်တက်ကို ထွက်ခွာသွားခဲ့ပြီးနောက်မှာ အန်တိုနီက ” အသင်းသစ်မှာ အကောင်းဆုံး ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်း ပေးချင်ပါတယ်။ ကျွန်တော့်ကို သင်ကြားပေးခဲ့တဲ့ အရာတွေအတွက်လည်း ကျေးဇူးတင်ချင်ပါတယ်။ နေ့တိုင်း သင်ယူခွင့်ရခဲ့လို့ရော အခွင့်အရေးအားလုံးအတွက်ပါ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို လိုအပ်လာရင် အမြဲအဆင့်သင့်ရှိနေမှာပါ ” ဗီဒီယိုမက်ဆေ့ချ်ကနေတဆင့် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းက တန်ဟက်ဟာ အေဂျက်စ်သာ အန်တိုနီကို ဒီနွေရာသီမှာ ရောင်းထုတ်မယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့ ခက်ခဲနိုင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

” အန်တိုနီ ထွက်ခွာသွားမယ်ဆိုရင် အေဂျက်စ်အတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ် ၊ လက်ရှိအသင်းမှာ သူ့နေရာကို အစားထိုးနိုင်မယ့်သူ တစ်ယောက်မှ မရှိပါဘူး ၊ သူက ထိပ်တန်းအဆင့် ကစားသမားပါပဲ ” လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။

Featured Photo : The Sun