ဦးနှောက် ဆိုတာဘာလဲ။ လူတွေရဲ့  တွေးခေါ်မှု၊ မှတ်ဉာဏ်၊ စိတ်ခံစားမှု၊ အထိအတွေ့ ၊ လှုပ်ရှားမှု၊ အာရုံခံစားမှု၊ အသက်ရှုမှု၊ အပူချိန် ၊ ဆာလောင်မှုနှင့် ခန္ဓာကိုယ်ကို ထိန်းညှိပေးသည့် လုပ်ငန်းစဉ်အားလုံးကို  ထိန်းချုပ်သည့် ရှုပ်ထွေးသောအင်္ဂါတစ်ခု ဖြစ်ပါတယ်။ ဦးနှောက်က ဘယ်လိုအလုပ်လုပ်လဲ။ ဦးနှောက်ဟာ  ခန္ဓာကိုယ်အနှံ့ ဓာတုနှင့် လျှပ်စစ် အချက်ပြမှုတွေကို ပေးပို့ခြင်းနဲ့ လက်ခံခြင်းကို လုပ်ဆောင်ပါတယ်။ မတူညီသော အချက်ပြမှုတွေက မတူညီသော လုပ်ငန်းစဉ်များကို ထိန်းချုပ်ပြီးတဲ့နောက်မှာ ဦးနှောက်က တစ်ခုစီကို အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ တွေးခေါ်ခံစားနိုင်စေတဲ့အတွက် လူသားဆိုတာကို တခြားသတ္တဝါတွေနဲ့ ကွဲပြား သွားစေပါတယ်။

ဒါကြောင့် ဦးနှောက် အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့  ဦးနှောက်ကျန်းမာရေးဟာ အရေးကြီးပါတယ်။ အသက်ကြီးလာတာနဲ့ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာပါတယ်။ ဦးနှောက် ကျန်းမာရေးအတွက်သာမက ကိုယ်ခန္ဓာကျန်းမာသန်စွမ်းဖို့ဆိုရင် အာဟာရဗေဒပညာရှင်များက ပြောတဲ့ အရေးကြီးဆုံး နည်းဗျူဟာမှာ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲမျိုးစုံနှင့် အစေ့အဆန်များစွာပါဝင်သည့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံကို လိုက်နာဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့ကို ဦးနှောက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာဖို့ အတွက် စားပေးသင့်တဲ့ အစားအစာများ အကြောင်း ပြောပြပါမယ်။

brain power

Photo : The ladder

ဦးနှောက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာဖို့ အတွက်သာမက ကိုယ်ခန္ဓာကျန်းမာသန်စွမ်းဖို့ စားပေးသင့်တဲ့ အစားအစာများ ကတော့

 ၁။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

ဒါကြောင့် ကွီးတို့ကို ဦးနှောက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာဖို့ အတွက် စားပေးသင့်တဲ့ အစားအစာများ အကြောင်း ပြောပြပါမယ်။

Photo : NDTV.com

ဦးနှောက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာဖို့ အတွက် စားပေးသင့်တဲ့ အစားအစာများ ထဲမှာ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များဟာ ထိပ်ဆုံး ကပါပါတယ်။ ကိုက်လန်၊ ဟင်းနုနွယ်ရွက်နှင့် ဘရိုကိုလီကဲ့သို့သော အစိမ်းရောင်အရွက်များမှာ ဗီတာမင် K၊ လူတင်၊ ဖောလိတ်နှင့် ဘီတာကာရိုတင်းတို့လို  ဦးနှောက်ကျန်းမာရေးအတွက် အရေးပါတဲ့ အာဟာရဓာတ်များ ကြွယ်ဝပါတယ်။ သုတေသနပြုချက်များအရ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များဟာ မှတ်ဥာဏ်ကျဆင်းမှုကို နှေးကွေးအောင် ကူညီပေးနိုင်ကြောင်း အကြံပြုထားပါတယ်။

၂။ အဆီများသောငါး

ဒါကြောင့် ကွီးတို့ကို ဦးနှောက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာဖို့ အတွက် စားပေးသင့်တဲ့ အစားအစာများ အကြောင်း ပြောပြပါမယ်။

Photo : Z Living

လူတွေက ဦးနှောက်အစားအစာတွေအကြောင်း ပြောကြတဲ့အခါ အဆီများတဲ့ငါးတွေက စာရင်းရဲ့ထိပ်မှာ ရှိတတ်ပါတယ်။ ဆော်လမွန်ငါး၊ အယ်ဘာကိုရိုးတူနာ၊ ဆာဒင်းငါးများ ပါဝင်ပြီး ဒီငါးတွေမှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ကြွယ်ဝပါတယ်။ ဦးနှောက်ရဲ့ 60% လောက်က အဆီနဲ့ပြုလုပ်ထားပြီး အဲဒီအဆီတစ်ဝက်ဟာ အိုမီဂါ-၃ ဖက်တီအက်ဆစ် ပါဝင်ပါတယ်။ ဦးနှောက်နှင့် အာရုံကြောဆဲလ်များတည်ဆောက်ရန် အိုမီဂါ-၃ ကိုအသုံးပြုပြီး အဆိုပါအဆီများက သင်ယူမှုနှင့် မှတ်ဉာဏ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အကယ်၍ ကွီးအနေနဲ့ ငါး မစားဘူးဆိုရင် အိုမီဂါ-၃ ဖြည့်စွက်စာ သောက်ဖို့ အကြံပေးပါရစေ။

၃။ ဘယ်ရီသီး

ဒါကြောင့် ကွီးတို့ကို ဦးနှောက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာဖို့ အတွက် စားပေးသင့်တဲ့ အစားအစာများ အကြောင်း ပြောပြပါမယ်။

Photo : Whole Food Market

ဘယ်ရီသီးတွေမှာ ပါတဲ့ ရောင်ရမ်းမှုကို ဟန့်တားနိုင်တဲ့ အာနိသင်နဲ့ ဓါတ်တိုးဆန့်ကျင် အာနိသင်ရှိတဲ့ Anthocyanins ဒြပ်ပေါင်းဟာ ဆဲလ်ရောင်ရမ်းခြင်းကို ကာကွယ်ပေးပြီး  သဘာဝ အပင်အရောင်ခြယ် Flavonoids က မှတ်ဉာဏ်ကျဆင်းခြင်းကို နှေးစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။

၄။  လက်ဖက်ရည်နှင့်ကော်ဖီ

ဒါကြောင့် ကွီးတို့ကို ဦးနှောက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာဖို့ အတွက် စားပေးသင့်တဲ့ အစားအစာများ အကြောင်း ပြောပြပါမယ်။

Photo : Live India

မနက်ခင်း ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်တစ်ခွက်မှာပါတဲ့ ကဖင်းဓာတ်က ရေတို အာရုံစူးစိုက်မှုကို မြှင့်တင်ပေးရုံသာ မဟုတ်ပါဘူး။ ကဖင်းဓာတ်ဟာ မှတ်ဉာဏ်အသစ်တွေကို ခိုင်မာစေနိုင်တယ်လို့ အခြားသုတေသနတွေအရ သိရပါတယ်။

၅။ အခွံမာသီး

ဒါကြောင့် ကွီးတို့ကို ဦးနှောက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာဖို့ အတွက် စားပေးသင့်တဲ့ အစားအစာများ အကြောင်း ပြောပြပါမယ်။

Photo : Eat This, Not That

သစ်ကြားသီးလို အခွံမာသီးများစားခြင်းဟာ နှလုံးကျန်းမာရေးကို မြှင့်တင်နိုင်ပြီး ကျန်းမာသောနှလုံးရှိခြင်းက ကျန်းမာသောဦးနှောက်ရှိခြင်း နဲ့ ဆက်စပ်နေကြောင်း သုတေသန ပြုချက်များအရ သိရပါတယ်။ လေ့လာမှုတစ်ခုအရ အခွံမာသီးများကို ပုံမှန်စားသုံးခြင်းက သက်ကြီး ရွယ်အိုများတွင် သိမြင်နိုင်စွမ်း ကျဆင်းနိုင်ခြေ နည်းပါးစေကြောင်း လေ့လာမှုတစ်ခုက တွေ့ရှိရပါတယ်။ ပိုမိုထက်မြက်သော မှတ်ဉာဏ်ကိုလည်း ရစေပါတယ်။ အခွံမာသီးများမှာ ပါရှိတဲ့ ကျန်းမာရေးနှင့် ညီညွတ်သောအဆီများ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင် E ကဲ့သို့သော အာဟာရဓာတ် အများအပြားသည် ဦးနှောက်ကျန်းမာရေးကို ကောင်းစွာ အကျိုးပြုပါတယ်။

၆။ ဖရုံစေ့

Brain Power

Photo : The Indian Express

ဖရုံစေ့မှာ ကြေးနီ၊ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်တို့ အပါအဝင် ဦးနှောက်လုပ်ဆောင်ချက်အတွက် အရေးပါတဲ့ သေးငယ်တဲ့ အာဟာရဓာတ်များစွာ ကြွယ်ဝပါတယ်။ ဦးနှောက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာဖို့ အတွက် စားပေးသင့်တဲ့ အစားအစာများ ထဲမှာပါဝင်ပါတယ်။

၇။ Green Tea

Brain Power

Photo : Epicurious

Green Tea ဟာ ဦးနှောက်ကို အထောက်အကူပြုတဲ့ အကောင်းဆုံးဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။ ကဖိန်းဓာတ်ပါဝင်မှုများက နိုးကြားမှုကို မြှင့်တင်ပေးကာ အခြား ဓာတ်တိုးဆန့်ကျင် ပစ္စည်းများက ဦးနှောက်ကို ကာကွယ်ပေးပါတယ်။ လက်ဖက်စိမ်းမှာပါတဲ့  L-theanine က ကွီးတို့ကို လန်းဆန်းတက်ကြွစေပါတယ်။

၈။ အနက်ရောင် ချောကလက်

Brain Power

Photo : Healthline

ချောကလက်မှာပါတဲ့ Flavonoids တွေက ဓါတ်တိုးဆန့်ကျင်ဒြပ်ပေါင်းဖြစ်ပြီး ဦးနှောက်ကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုများအရ ချောကလက် အထူးသဖြင့် အနက်ရောင် ချောကလက် စားခြင်းက  မှတ်ဉာဏ်နှင့် စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ကွီးတို့ရေ  ဦးနှောက်စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာဖို့ အတွက် စားပေးသင့်တဲ့ အစားအစာများကို နေ့စဉ် အစားအသောက်တွေထဲမှာ ထည့်သွင်းစားသောက်ဖို့ လိုသလို ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေမဲ့ အစားအစာတွေကိုလည်း ရှောင်ကျဉ်ဖို့ လိုပါကြောင်း အသိပေးပါရစေ။

Source : Harvard Health Publishing

Featured Photo : Management