ကျွန်တော်တို့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲမှာ နေ့စဉ်အလုပ်အများဆုံးက ဦးနှောက်ပါပဲ။ ဦးနှောက်ဟာ တစ်နေ့တစ်နေ့ အချက်အလက် သန်းထောင်ပေါင်းများစွာကို မှတ်သားရတဲ့အတွက် ကြံ့ခိုင်ကျန်းမာစေဖို့ အရေးကြီးပါတယ်။ ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်း ကျန်းမာမှသာ နေ့စဉ်ဘဝပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဦးနှောက်အားကောင်းဖို့ စားသင့်တဲ့ အစားအသောက် ၅ မျိုးကို ပြောပြပေးချင်ပါတယ်။

(၁) ခရမ်းချဉ်သီး

Photo : Good Housekeeping

ဈေးချိုသလောက် အဖိုးတန်နတဲ့ မီးဖိုချောင်သုံး သီးနှံထဲမှာ ခရမ်းချဉ်သီးလည်း ပါပါတယ်။ ဦးနှောက်ဟာ အဆီတွေနဲ့ အဓိက ဖွဲ့စည်းထားတာဖြစ်လို့ ဒီအဆီတွေရဲ့ လုပ်ဆောင်မှုကို အထောက်အကူပြုဖို့ အရေးကြီးပါတယ်။ ခရမ်းချဉ်သီးမှာ Lycopene နဲ့ ဘီတာကာရိုတင်းလို့ ခေါ်တဲ့ ခန္ဓာကိုယ်ထဲက အဆီတွေကို ကာကွယ်ပေးမယ့် ကာရိုတင်း ၂ မျိုး ပါဝင်ပါတယ်။ ခရမ်းချဉ်သီးကို အရွယ်တင်စေဖို့၊ ဦးနှောက်ဆဲလ်ကာကွယ်ဖို့နဲ့ မှတ်ဉာဏ်ကောင်းစေဖို့ တွဲဖက်အစားအစာအနေနဲ့ စားပေးသင့်ပါတယ်။

(၂) အခွံမာသီးနဲ့ အစေ့အဆံများ

Photo : The US Kitchen

အယ်လ်မွန်သီးလို အခွံမာအသီးတွေမှာ အိုမီဂါ ၃ အက်ဆစ်နဲ့ ဗိုက်တာမင် E ဓာတ်တွေ ပါဝင်လို့ အာရုံကြော ဆဲလ်တွေကို ကာကွယ်ပေးပြီး ဦးနှောက်အား ကောင်းစေတယ်လို့ ဆိုပါတယ်။ အစေ့အဆံအနေနဲ့ ပဲ ၊ ပြောင်း ၊ နေကြာ ၊ ဖရုံစေ့လိုမျိုး အမိုင်နိုအက်ဆစ်နဲ့ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသင့်ပါတယ်။ ဒီလို အစေ့အဆံနဲ့ အခွံမာသီးတွေဟာ အဆာပြေ အစားအစာအဖြစ်လည်း စားပေးသင့်တဲ့ အစားအစာတွေအဖြစ် ဦးနှောက်နဲ့ အာရုံကြောပညာရှင်များမှ ထောက်ခံထားပါတယ်။

(၃) ဘယ်ရီသီးများ

Photo : The Daily Meal

နွယ်သီးမျိုးနွယ်ဝင်တဲ့ ဘယ်ရီသီးတွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗိုက်တာမင်မျိုးစုံ ထောက်ပံ့ပေးနိုင်ပါတယ်။ အထူးသဖြင့် ဗီတာမင် C နဲ့ K ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ၊ အမျှင်ဓာတ်နဲ့ တစ်ခြား အာဟာရဓာတ်များ ပါဝင်ပါတယ်။ ဦးနှောက်ကျန်းမာရေး ပိုကောင်းစေသလို မှတ်ဉာဏ်ကို မြှင့်တင်ပေးနိုင်မယ့် သစ်သီးဝလံများလည်း ဖြစ်ပါတယ်။

(၄) ဆယ်လ်မွန်နဲ့ အဆီကြွယ်သော ငါးများ

Photo : Anova Recipes Anova Culinary

ဆယ်လ်မွန်ငါးတွေဟာ အိုမီဒါဖက်တီး သရီးအက်ဆစ်ကြွယ်ဝပါတယ်။ တူနာ ၊ ဆာဒင်းလိုငါးတွေကလည်း ဦးနှောက်ထဲက အရွယ်ရင့်မှု ဖြစ်စဉ်ကို ထိန်းပေးနိုင်တာကြောင့် အယ်လ်ဇိုင်းမားလို ဝေဒနာမျိုးအဖြစ်နည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။ ငါးစားခြင်းဟာ စိတ်ဓာတ်ကျမှုတွေ ၊ စိတ်ရှုပ်ထွေးမှုတွေကိုပါ သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

(၅) ဝိုင်နီ

Photo : Real Simple

အယ်လ်ကိုဟောဓါတ်မြင့်တဲ့ အရက်ပြင်းတွေရဲ့ ကျန်းမာရေးဆိုးကျိုးတွေ အကြောင်း ကြားဖူးကြမှာပါ။ ဝိုင်နီကတော့ သင့်ရုံ သုံးဆောင်မယ်ဆိုရင် ဦးနှောက်ကို လန်းဆန်းတက်ကြွစေတဲ့အပြင် အနားယူလိုက်သလို သက်တောင့်သက်တာ ရှိစေပါတယ်။

Featured Photo : CollegeMarker