၁ လ အတွင်းမှာ ၁၀ ပေါင်ကျဖို့ဆိုတာ တော်တော်လေး မလွယ်တဲ့ ကိစ္စပါ။ ဝိတ်ကျတယ်ဆိုတာ မာရသွန်ပြေးသလိုပါပဲ။ ဖြည်းဖြည်းနဲ့မှန်မှန်လေး အချိန်ယူပြီး ချရတာပါ။ အချိန်တိုးအတွင်း ဝိတ်ကျစေတဲ့ ဆေးတွေ ၊ အဆီကျဆေးတွေဆိုတာလည်း တကယ်တမ်းမှာ အလုပ်မဖြစ်ပါဘူး။ အမှန်တကယ် ဝိတ်ကျချင်ရင် နေ့စဉ် လိုအပ်တဲ့ ကယ်လိုရီပမာဏထက် လျှော့စား ပရိုတင်းနဲ့ အသီးအရွက်များများစားပြီး လေ့ကျင့်ခန်းကို ပုံမှန်လေး လုပ်သွားရမှာပါ။ ဒီဆောင်းပါးမှာတော့ ကယ်လိုရီလောင်ကျွမ်းမှုများပြီး အချိန်ကာလအပိုင်းအခြားတစ်ခုမှာ ဝိတ်ကျဖို့အတွက် ထိထိရောက်ရောက် အထောက်အကူ ဖြစ်စေတဲ့ Strength Exercises အချို့ကို မျှဝေပေးပါမယ်။

(၁) Barbell Back Squats

Barbell Back Squats

Photo : Eat This Not That

Squats လေ့ကျင့်ခန်းကတော့ Lower-Body Strength နဲ့ Muscle Building အတွက် အရမ်းကောင်းပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားအုပ်စုကြီး တော်တော်များများကို သက်ရောက်မှုရှိပြီး ကြွက်သားတွေအားလုံး တစ်ပြိုင်နက်တည်း အလုပ်လုပ်စေတာကြောင့် ကယ်လိုရီလောင်ကျွမ်းမှုများသလို ကြွက်သားတည်ဆောက်မှုပိုင်းမှာလည်း အားကောင်းစေပါတယ်။

(၂) Pull-ups

Pull-ups

Photo : Eat This Not That

Pull-ups လို့ခေါ်တဲ့ ဘားဆွဲနည်းကတော့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေရဲ့ ကြံ့ခိုင်မှုအတွက် အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်ပြီး အထူးသဖြင့် နောက်ကျော Back မာဆယ်တွေနဲ့ လက်မောင်းကြွက်သားတွေကို ကျစ်လစ်သန်မာစေပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် Latissimus Dorsi ၊ Biceps နဲ့ Upper Back မာဆယ်တွေကို ပစ်မှတ်ထားပြီး ခန္ဓာကိုယ်ရဲ့ ဘော်ဒီဝိတ်ကို အဓိကသုံးကာ ကစားရတဲ့အတွက် ကယ်လိုရီလောင်ကျွမ်းမှု များစေပါတယ်။

(၃) Glute Bridges

Glute Bridges

Photo : Eat This Not That

Posterior Chain ကြွက်သားအုပ်စုတွေရဲ့ ကြံ့ခိုင်မှုအတွက် ကောင်းတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ Glute Bridges လေ့ကျင့်ခန်းက Glute Strength ကို မြှင့်တင်ပေးခြင်းဖြင့် ခါးနာတဲ့ ဝေဒနာကို သက်သာစေပါတယ်။ အဓိကကတော့ Glutes ၊ Hamstrings နဲ့ Lower Back ကြွက်သားတွေကို ပစ်မှတ်ထား အလုပ်လုပ်စေပြီး ခန္ဓာကိုယ်အောက်ပိုင်း ကြံ့ခိုင်မှုကို တိုးစေဖို့ ကူညီပေးပါတယ်။

(၄) Shoulder Presses

Shoulder Presses

Photo : Eat This Not That

ကယ်လိုရီလောင်ကျွမ်းမှုလည်း များစေပြီး Shoulders နဲ့ Triceps ကြွက်သားတွေကို ကျစ်လစ်သန်မာစေမယ့် လေ့ကျင့်ခန်းလို့ ပြောရင်တော့ Shoulder Presses က မပါမဖြစ်ပါပဲ။ ဒီလေ့ကျင့်ခန်းက Deltoids ၊ Triceps နဲ့ Upper Traps ကြွက်သားတွေကို အဓိကပစ်မှတ်ထားပါတယ်။ ပခုံးကြွက်သားတွေကို Dumbbells ဖိအားနဲ့ ကျစ်လစ်သန်မာလာအောင် လေ့ကျင့်ပေးရတာဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပဲ Triceps ကြွက်သားတွေကိုပါ ကြံ့ခိုင်လာစေမှာ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေဟာ ကယ်လိုရီလောင်ကျွမ်းမှု များသလို ခန္ဓာကိုယ်ရဲ့ အဓိက ကြွက်သားအုပ်စုပ်ကြီးတွေကို ပစ်မှတ်ထားတဲ့ လှုပ်ရှားမှုတွေ ဖြစ်တာကြောင့် အချိန် ၁ လ အတွင်း မှာ ဝိတ်မြန်မြန်ကျစေဖို့ သေချာပေါက် အကူအညီ ဖြစ်နိုင်ပါတယ်။

Source : Eat This Not That

Featured Photo : Steel Supplements