၂၀၂၂ တစ်နှစ်ကုန်လို့ နှစ်သစ်တစ်နှစ်သို့ ထပ်မံရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ ၂၀၂၂ တစ်နှစ်တာလုံးတွင် ကိုယ့်ရဲ့ ဘဝ ကို အကျိုးရှိရှိ ဖြတ်သန်းခဲ့ရဲ့လားဆိုပြီး ပြန်လည်ဆန်းစစ်ရမယ့်အချိန် ရောက်ရှိလို့လာခဲ့ ပြန်ပါပြီ။

၂၀၂၂ နှစ်စမှာတော့ ဘာကြီးလုပ်မယ်၊ ညာကြီးလုပ်မယ်နဲ့ Plan ပေါင်းမျိုးစုံနဲ့ အားမာန်တက်ကြွလာခဲ့ပေမယ့် တစ်လပြီး တစ်လသာကုန်ခဲ့တယ်။ ကိုယ့်ရဲ့ Plan ကြီးက အောင်မြင်စွာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ရဲ့လား (သို့) ကျရှုံးခဲ့လေသလား ဆိုတာကို ဆန်းစစ်ရပါတော့မယ်။​

ထိုကဲ့သို့ ၂၀၂၂ တစ်နှစ်တာလုံးမှာ မိမိ ဘဝ သည် တိုးတက်မှု များတဲ့ ဘဝဖြစ်ခဲ့သလား (သို့) ဆုတ်ယုတ်သွားတဲ့ ကာလ ဖြစ်ခဲ့သလားဆိုတာကို သုံးသပ်ဖို့ရန်အတွက် အခုဖော်ပြမယ့်အချက်များနှင့် ကိုယ့်ကိုယ်ကိုယ် မေးခွန်း ပြန်ထုတ်လိုက်ပါ။

အကျိုးအမြတ် ဘယ်လောက်ရခဲ့သလဲ

success

ကိုယ် လုပ်နေတဲ့အလုပ်က အကျိုးအမြတ် ဘယ်လောက်ရခဲ့သလဲ။ ဒီနေရာမှာ အကျိုးအမြတ်ဆိုတာသည် ငွေရေးကြေးရေး အရှုံး အမြတ်ကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ လုပ်ငန်းအတွေ့အကြုံတစ်ခု ရရှိသွားခြင်းသည်လည်း အကျိုးအမြတ်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ဘဝအတွက် တက်လမ်းတစ်ခုခု (သို့) တိုးတက်မှု တစ်ခုခု မြင်တွေ့ရခြင်းသည်လည်း အကျိုးအမြတ်တစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ တစ်နှစ်တာလုံးကို ပြန်လည်သုံးသပ်ကြည့်လိုက်ပါ။ ဆုံးရှုံးမှု များခဲ့သလား (သို့) တိုးတက်မှု များခဲ့သလား။

မိမိရဲ့ အလုပ်တွေက ဘယ်အတိုင်းအတာအထိ ပြီးမြောက်သွားခဲ့သလဲ

man success

ကိုယ် လုပ်ရမယ့်အလုပ်တွေသည် ဘယ်အတိုင်းအတာအထိ တာသွားသလဲ။ မိမိစိတ်တိုင်းကျ ကြံစည်သမျှ အောင်မြင်ခဲ့ရဲ့လား (သို့) ဟိုမရောက် ဒီမရောက်နဲ့ အဆုံးသတ်သွားလေသလား (သို့) ဘာမှကို မစလိုက်ရလေဘဲ အတွေးရေယာဥ်ကြောထဲမှာပဲ လုပ်ဆောင်နေမိလိုက်သလား စတဲ့အချက်များနှင့် ပြန်တိုင်းထွာကြည့်လိုက်ပါ။ ကိုယ့် မျှော်လင့်ထားသည်ထက် အများအပြား ပြီးသွားတယ်ဆိုရင် သင့်အတွက် ၂၀၂၂ သည် အောင်မြင်မှုများကို ဆောင်ကျဥ်းပေးပြီး သင့်ရဲ့ အားထုတ်မှုကြောင့် တိုးတက်တဲ့ ဘဝ တစ်ခုကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

အချိန်တွေကို ကောင်းစွာ စီမံခန့်ခွဲနိုင်ခဲ့သလား

၂၀၂၂ ဘဝ

အလုပ်တွေကလည်း များလိုက်တာ၊ များလွန်းလို့ ဘယ်က စလို့ စရမှန်းမသိဖြစ်ခဲ့တာမျိုး ကြုံဖူးပါသလား။ ဒါဆိုရင် ကွီးတို့သည် အချိန်ကို ကောင်းစွာ မစီမံ မခန့်ခွဲတတ်သေးပါဘူး။ ကွီးတို့အနေနဲ့ အမှန်တကယ် အောင်မြင်ချင်တယ်ဆိုရင် ဘယ်လောက်ပင် အလုပ်များများ အချိန်ကို သေသေချာချာ စီမံခန့်ခွဲတတ်ရမှာပဲဖြစ်ပါတယ်။

အလုပ်တွေက အရမ်းများတယ်ဆိုရင် အရေးကြီးတဲ့ အလုပ်ကို ဦးစားပေးပါ။ အရေးမကြီးတဲ့အလုပ်ကို နောက်ဆုံးမှ လုပ်ပါ။ အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးကို ဖျောက်ဖျက်ပစ်လိုက်ပါ။

ကိုယ့်ရဲ့ အထက်လူကြီးများ၊ သူငယ်ချင်း မိတ်ဆွေများကရော ကိုယ့်ကို ဘယ်လို သတ်မှတ်သလဲ

၂၀၂၂ ဘဝ

တခါတရံမှာ ကိုယ့်ရဲ့ တိုးတက်မှုကို ကာယကံရှင် ကိုယ်တိုင်က မမြင်တာမျိုးရှိတတ်ပါတယ်။ ထိုအချိန်မျိုးမှာ ကိုယ့်အနီးနားက လူတွေကို မေးကြည့်လိုက်ပါ။ သူတို့တွေက သင့်ရဲ့ တိုးတက်မှု (သို့) ဆုတ်ယုတ်မှုတို့ကို မြင်တတ်ပါတယ်။ သူတို့ရဲ့ သဘောထားကို မေးကြည့်လိုက်ပါ။ သင့်မှာ တိုးတက်မှု ရှိလားသလား (သို့) ဆုတ်ယုတ်သွားသလားဆိုတာကို တွေ့မြင်ရပါလိမ့်မယ်။

မိမိကိုယ်ကိုယ် စိတ်ကျေနပ်ရဲ့လား

၂၀၂၂ ဘဝ

ဒီအချက်ကတော့ အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ သင့်ရဲ့ မသိစိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရမှု မရှိခြင်းသည် သင့်ရဲ့ ကြိုးစားမှု မလုံလောက်သေးဘူးလို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ထဲမှာ ကျေနပ်အားရနေခြင်းကတော့ သင့်အတွက် ၂၀၂၂ သည် ပင်ပန်းရကျိုးနပ်တဲ့ နှစ်တစ်နှစ်၊ ကြိုးစားအားထုတ်ရကျိုးနပ်တဲ့ နှစ်တစ်နှစ်ဖြစ်ကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။

ကွီးတို့အတွက်ရော ၂၀၂၂ သည် ဘယ်လိုမျိုး နှစ်တစ်နှစ် ဖြစ်ခဲ့ပါသလဲ။

Source: Indeed

Featured Image: Freepik