Rapping ဂီတလောကဟာ ပိုက်ဆံထောတဲ့ ဂီတလောကပါပဲ။ ရက်ပ်ပါတွေလို့ ပြောလိုက်ရင် ပိုက်ဆံဝါးလားတွေက အများသား။ အခုနောက်ပိုင်း နာမည်ရ Rappers တွေဆိုရင် အကြီးအကျယ် ချမ်းသာကြွယ်ဝကြပါတယ်။ ချမ်းသာသလောက်လည်း Rapper တွေဟာ ပိုက်ဆံအသုံးလည်း အတော်ကြမ်းပါတယ်။ ဒီလိုမျိုး ကမ္ဘာတလွှားက ချမ်းသာကြွယ်ဝလှတဲ့ Rapper တွေထဲကမှ ၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့ အချမ်းသာဆုံး Rappers တွေအကြောင်းကို မျှဝေပေးချင်ပါတယ်။

(၅) Russell Simmons (Net Worth: $340 million)

russell-simmons

Photo : newsweek

အမေရိကန် Hip-Hop ဂီတလောကရဲ့ အအောင်မြင်ဆုံး စွန့်ဦးတီထွင်သူတွေထဲမှာ Russell Simmons လည်း ပါဝင်ပါတယ်။ Drake ၊ Ice Cube ၊ Eminem ၊ Snoop Dogg ၊ Pitbull ၊ Pharrell Williams ၊ Nicki Minaj တို့လို အဆိုလိုင်းဘက်ကနေ ကမ္ဘာကျော် အောင်မြင်တာမျိုး မဟုတ်ပေမယ့် အခုပြောခဲ့သူတွေထက် သူက ပိုချမ်းသာပါတယ်။

Russell Simmons ဟာ Hip Hop ထုတ်လုပ်ရေးတစ်ခု ဖြစ်တဲ့ Def Jam Recordings ကို တည်ထောင်ခဲ့သူတစ်ဦး ဖြစ်သလို Phat Farm ၊ Argyleculture နဲ့ Tantris စတဲ့ အဝတ်အစားဖက်ရှင် အမှတ်တံဆိပ်တွေလည်း ထုတ်လုပ်ပါတယ်။ ဒေါ်လာ သန်း ၃၄၀ ခန့် အသားတင် ချမ်းသာတာပါတယ်။

(၄) Dr. Dre (Net Worth: $780 million)

dr-dre

Photo : npr

ကမ္ဘာ့အချမ်းသာဆုံး Rappers များ စာရင်းမှာ Dr.Dre လည်း အပါအဝင်ပါပဲ။ ကိုယ်တိုင်က ကမ္ဘာကျော် ထိပ်တန်း Rapper တစ်ဦး ဖြစ်တဲ့ အပြင် ထုတ်လုပ်သူအဖြစ်လည်း အလုပ်လုပ်ပါတယ်။ စွန့်ဦးတီထွင်မှု Entrepreneurship ဘက်မှာလည်း အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။ ဒီထဲမှာ သူ့ရဲ့ နာမည်ကျော် Beats နားကြပ်တွေ ထုတ်လုပ်တဲ့ Beats Electronics ကုမ္ပဏီလည်း ပါဝင်ပြီး ဒီကုမ္ပဏီကို ၂၀၁၄ ခုနှစ်မှာ Apple က ငွေသား နဲ့ စတော့ခ်ရှယ်ယာ ဒေါ်လာ ၃ ဘီလျံ ပေးပြီး ဝယ်ခဲ့ပါတယ်။

Dr.Dre ကိုယ်တိုင်က အောင်မြင်ကျော်ကြားတဲ့ Solo Albums တွေ သီဆို ထုတ်လုပ်ခဲ့သလို တခြား Rappers တွေ ဖြစ်တဲ့ The D.O.C ၊ Snoop Dogg ၊ Xzibit ၊ Knoc-Turn’al ၊ The Game ၊ Kendrick Lamar နဲ့ Anderson Paak အပါအဝင် Rappers တွေအတွက်ပါ အယ်လ်ဘမ်တွေ ထုတ်လုပ်တာ ၊ ကြီးကြပ်တာတွေ လုပ်ခဲ့ပါတယ်။ Rolling Stone’s ရဲ့ ခေတ်အဆက်ဆက် အကြီးကျယ်ဆုံး အနုပညာရှင် ၁၀၀ 100 Greatest Artists Of All Time စာရင်းမှာ နံပါတ် ၅၆ နေရာက ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်အတွက် Hip Hop လောကရဲ့ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ဒေါ်လာ သန်း ၈၀၀ ချမ်းသာပြီး ရပ်တည်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် သူ့ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ သန်း ၇၈၀ ရှိတယ်လို့ ဆိုပါတယ်။

(၃) Sean Combs / Diddy (Net Worth: $900 million)

"Killing Them Softly" Premiere - 65th Annual Cannes Film Festival

Photo : Bloomberg

Diddy လို့လည်း လူသိများတဲ့ ကမ္ဘာကျော် Rapper ကြီး Sean Combs ဟာ Hip Hop လောကမှာတင် ဆရာကြီး မဟုတ်ဘဲ စီးပွားရေးလောကမှာပါ ထိပ်သီးလုပ်ငန်းရှင်တစ်ဦးအဖြစ် ရပ်တည်နေသူပါ။ Sean Combs ရဲ့ No Way Out (1997) အယ်လ်ဘမ်ဟာ ပလတ်တီနမ် ၇ ကြိမ် စာရင်းဝင်ခဲ့ပြီး ဒီအယ်လ်ဘမ်နောက် ထွက်လာခဲ့တဲ့ Forever (1999) , The Saga Continues… (2001) နဲ့ Press Play (2006) အယ်လ်ဘမ်တွေလည်း ငွေကြေးအရ အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။

Grammy Awards ၃ ဆု နဲ့ MTV Video Music Awards ၂ ဆုရှင် Sean Combs ဟာ ဂီတလှုပ်ရှားမှုတွေအပြင် ၁၉၉၈ ခုနှစ်က စလို့ Sean John နာမည်နဲ့ ကိုယ်ပိုင် အဝတ်အစားလိုင်းကို လိုက်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ The Council Of Fashion Designers Of America က ပေးတဲ့ တစ်နှစ်တာ အမျိုးသားဝတ် ဖက်ရှင်ဒီဇိုင်နာဆု ရခဲ့ပါတယ်။ Sean Combs ရဲ့ ၂၀၂၂ ခုနှစ်အတွက် ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ သန်း ၉၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

(၂) Jay Z (Net Worth: $1.3 billion)

Jay Z

Photo : The Verge

Rappers တွေထဲက ရှားရှားပါးပါး ဘီလျံနာ နှစ်ဦးထဲက တစ်ဦးက Jay Z ဖြစ်ပါတယ်။ ကမ္ဘာပေါ်က အကျော်ကြားဆုံး နဲ့ အအောင်မြင်ဆုံး Rapper တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ Reasonable Doubt, The Blueprint နဲ့ The Black Album တွေဟာ အနုပညာ နဲ့ ငွေကြေးအရ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ အယ်လ်ဘမ်တွေ ဖြစ်ခဲ့ပါတယ်။ Hip Hop ဂီတသမိုင်းရဲ့ ဩဇာအကြီးဆုံး Rapper ကြီးဖြစ်တဲ့ သူဟာ Kanye West ၊ Rihanna နဲ့ J.Cole တို့ အပါအဝင် အောင်မြင်ကျော်ကြားလှတဲ့ အနုပညာရှင်တွေကို မွေးထုတ်ပေးခဲ့တဲ့ Def Jam Recordings ရဲ့ CEO ဟောင်းလည်း ဖြစ်ပါတယ်။

အချပ်ရေ ၁၂၅ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ ကမ္ဘာ့အရောင်းရဆုံး Rapper ကြီး Jay Z ဟာ Grammy Awards ၂၄ ဆုအထိ ရရှိခဲ့ပြီး Grammy Awards အများဆုံး အနုပညာရှင် ၁၀ ဦးစာရင်းမှာ Kanye West နဲ့အတူ ရပ်တည်နေပါတယ်။ Billboard နဲ့ Rolling Stone ရဲ့ 100 Greatest Artists Of All Time စာရင်းမှာ ထည့်သွင်း ဖော်ပြခံရတဲ့ Jay Z ဟာ လက်ရှိမှာ ဒေါ်လာ ၁.၃ ဘီလျံခန့် ချမ်းသာတယ်လို့ ဆိုပါတယ်။

(၁) Kanye West (Net Worth: $2 billion)

kanye west

Photo : abegmusiz

Kanye West လို့ ပိုလူသိများတဲ့ Rapper ကြီး Ye ဟာ သူ့မျိုးဆက်ရဲ့ အကြီးကျယ်ဆုံးနဲ့ ဩဇာအကြီးဆုံး Hip Hop Musician တစ်ဦးပါ။ အနုပညာဘက်ဆိုင်ရာ အောင်မြင်မှုအနေနဲ့ Jay Z နဲ့ တန်းတူ Grammy Awards ၂၄ ဆု ချီးမြှင့်ခံရသလို Billboard Artist Achievement Award ၊ Brit Awards စတဲ့ ဆုတွေလည်း ရရှိခဲ့ပါတယ်။ Time မဂ္ဂဇင်းရဲ့ ၂၀၀၅ နဲ့ ၂၀၁၅ ခုနှစ် အတွက် ကမ္ဘာ့ဩဇာအကြီးဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ထည့်သွင်း ဖော်ပြခံခဲ့ရပါတယ်။

Featured Photo : abegmusiz