Drake ကတော့ ဒီဘက်ခေတ် Hip Hop ဂီတလမ်းကြောင်းပေါ်က ရေပန်းအစားဆုံး ရက်ပ်ပါ တစ်ယောက် ဖြစ်ပါတယ်။ ကနေဒါလူမျိုး အဆိုတော် ၊ သီချင်းရေး ဆရာ ၊ သရုပ်ဆောင် ၊ ထုတ်လုပ်သူ နဲ့ စွန့်ဦးတီထွင် စီးပွားရေး သမားတစ်ယောက်အဖြစ်လည်း ရပ်တည်နေပါတယ်။ Drake ရဲ့ အမည်ရင်းကတော့ Aubrey Drake Graham ဖြစ်ပြီး သူ့ကို ၁၉၈၆ ခုနှစ် အောက်တိုဘာလ၂၄ ရက်မှာ မွေးဖွားခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဦးဆုံး ပွဲဦးထွက် Mixtape အယ်လ်ဘမ် Room for Improvement နဲ့ စတင် လူသိများ ကျော်ကြားလာခဲ့သူပါ။

သူဟာ Degrassi: The Next Generation လို့လူသိများတဲ့ ဆယ်ကျော်သက် ဒရမ်မာ တီဗီစီးရီးတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Young Money Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေမှာတော့ Comeback Season (၂၀၀၇) နဲ့ So Far Gone (၂၀၀၉) Mixtape အယ်လ်ဘမ်တွေနဲ့ ဂီတကို တစိုက်မတ်မတ် လုပ်ကိုင်လာခဲ့သူ ဖြစ်ပါတယ်။ အစောပိုင်းမှာ Man of the Year သီချင်း Remix ပြန်လုပ်ခဲ့ပြီး အမေရိကန်ရက်ပ်ပါ Lil Wayne နဲ့လည်း နီးနီးကပ်ကပ် ချိတ်ဆက်မှုရှိခဲ့ကာ ဂီတဖန်တီးမှုတွေများစွာ လုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှာတော့ Young Money ရဲ့ Founder ဖြစ်သူနဲ့ So Far Gone လို့အမည်ပေးထားတဲ့ Mixtape အယ်လ်ဘမ်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Trey Songz ၊ Peter Bjorn ၊ Lloyd နှင့် Omarion တို့လို နာမည်ကြီးတွေနဲ့လည်း ဂီတဖန်တီးမှုတွေ အတူတကွ လုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ်က ထွက်ခဲ့တဲ့ Drake ရဲ့ Best I Ever Had သီချင်းဟာလည်း Billboard Hot 100 မှာ ပထမဦးဆုံး ပါဝင်လာခဲ့ပြီး U.S. Singles Chart မှာ နံပါတ် ၁၈ နေရာကို ချိတ်ခဲ့ပါတယ်။ Billboard Hot Rap Tracks နဲ့ Billboard R&B/Hip Hop Songs Chart တွေမှာလည်း အမြင့်ဆုံး ချိတ်ခဲ့ပြီး အောင်မြင်မှု ကြီးကြီးမားမား ရတာခဲ့ပဲ ဖြစ်ပါတယ်။ Drake ဟာ အကောင်းဆုံး တစ်ကိုယ်တော် ဂီတအနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်ပြီး အယ်လ်ဘမ်အချပ်ရေ သန်း ၁၇၀ ကျော် ရောင်းချခဲ့ရသူ ဖြစ်ပါတယ်။

ဒါ့အပြင် ဂရမ်မီဆု ၄ ဆု ၊ American Music Awards ၆ ဆု၊ Billboard Music Awards ၂၇ ဆု ၊ Brit Awards ၂ ဆုနဲ့ Juno Awards ၃ဆု တို့ကိုလည်း ရရှိထားတဲ့ ထူးချွန်တဲ့ ဂီတပညာရှင်တစ်ဦးပါ။ ဒီတစ်ခေါက်မှာတော့ Drake ရဲ့ သီချင်းကောင်းများစွာရှိတဲ့အထဲကမှ Billboard Hot 100 ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ရုံမက R&B/Hip-Hop Airplay ၊ Hot R&B/Hip-Hop Songs ၊ Hot Rap Songs ၊ Rhythmic Airplay Charts တွေမှာပါ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ သီချင်းကောင်း ၁၀ ပုဒ် ကိုရွေးချယ်တင်ဆက်ပေးသွားချင်ပါတယ်။

(၁) God’s Plan – Drake

Source : Drake

(၂) Hotline Bling – Drake

Source : Drake

(၃) Life is Good – Future Ft. Drake

Source : Future

(၄) Work(EXPLICIT) – Rihanna Ft. Drake

Source : Rihanna

(၅) Started from the Bottom(Explicit) – Drake

Source : Drake

(၆) Energy – Drake

Source : Drake

(၇) Laugh Now Cry Later – Drake Ft. Lil Durk

Source : Drake

(၈) Toosie Slide – Drake

Source : Drake

(၉) In my Feeling’s – Drake

Source : Drake

(၁၀) Headlines(EXPLICIT) – Drake

Source : Drake

အထက်ပါသီချင်းတွေအပြင် Worst Behaviour ၊ Mob Ties ၊ Rick Ross နဲ့ တွဲဖက်သီဆိုထားတဲ့ Money in the Grave ၊ Wizkid နဲ့ Kyla တို့နဲ့ တွဲဖက်သီဆိုထားတဲ့ One Dance ၊ Rihanna Ft. ဝင်ဆိုပေးထားတဲ့ Too Good စတဲ့ သီချင်းတွေကလည်း Drake ရဲ့ အောင်မြင်ကျော်ကြား လူကြိုက်အများဆုံး သီချင်းကောင်းတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရော Drake ရဲ့ သီချင်းတွေထဲက ဘယ် သီချင်းကို အကြိုက်ဆုံးဖြစ်မလဲ။

Featured Photo : The New York Times