PC Gamer တွေအနေနဲ့ Mouse ရဲ့ ရွေ့လျားမှုကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့ အရည်အသွေးကောင်းတဲ့ Gaming Mouse Pad တစ်ခုတော့ မရှိမဖြစ်လိုအပ်ပါတယ်။ Gaming Mouse Pad တွေက ရိုးရိုး ကွန်ပျူတာသုံး Mouse Pad တွေထက် သာလွန်ထူးခြား ကောင်းမွန်ပါတယ်။ အခုနောက်ပိုင်း ထွက်ရှိလာတဲ့ Gaming Mouse Pad တွေမှာဆိုရင် အားသွင်းကိရိယာတွေ ၊ ရောင်စုံမီးတွေနဲ့ တခြား စိတ်ဝင်စားဖို့ကောင်းတဲ့ Features အသစ်တွေများစွာပါလာပြီး ပရီမီယံပိုဆန်လာပါတယ်။ ဒီလို အမိုက်စား Gaming Mouse Pad တွေထဲကမှ PC Gamer တွေ ရွေးချယ်ဝယ်ယူသင့်တဲ့ ဒီနှစ်ထဲက အကောင်းဆုံး Gaming Mouse Pad ၅ ခုအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) SteelSeries Qck


Photo : SteelSeries

SteelSeries Qck က PC Gamer တွေ ရွေးချယ်သင့်တဲ့ အမိုက်စား Gaming Mouse Pad တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ Micro-Woven မျက်နှာ ပြင်က Mouse ရဲ့ ရွေ့လျားမှုကို အကောင်းဆုံး ထိန်းချုပ်ကိုင်တွယ်စေနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းကစားချိန်မှာ လက်ချော်ထွက်သွားတာမျိုး မဖြစ်စေဖို့ အထူးကာကွယ်ပေးပါတယ်။ Dimensions က ၃၂ x ၂၆.၉၂ x ၄.၀၆ စင်တီမီတာရှိပြီး ရော်ဘာသားနဲ့ ပြုလုပ်ထားပါတယ်။ အလွယ်တ ကူလည်း ဆေးကြောသန့်ရှင်းရေးလုပ်နိုင်ပြီး ဂိမ်းကစားခြင်းအတွက်ဖြစ်စေ ၊ အလုပ်လုပ်ဖို့အတွက်ပဲဖြစ်စေ ကောင်းကောင်းအသုံးပြုနိုင်မယ့် Mouse Pad တစ်ခုဖြစ်ပါတယ်။

(၂) Corsair MM1000 Qi

Photo : Echo Boomer

Corsair MM1000 Qi Gaming Mouse Pad မှာ မည်သည် Qi Device ကိုမဆို အားသွင်းနိုင်မယ့် Qi Wireless Charger ကြိုးမဲ့အားသွင်းကိရိယာ ပါရှိပါတယ်။ USB Type-C ၊ USB Micro-B နဲ့ Qi adapters တွေကို သုံးနိုင်ပါတယ်။ သူ့မှာ Solid Micro-Textured မျက်နှာ ပါဝင်တဲ့အတွက် ရွေ့လျားမှုတိုင်းက အရမ်းကြီးချော်ထွက်မနေဘဲ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ တည်ငြိမ်မှုရှိစေမှာ ဖြစ်ပါတယ်။ Mouse Pad ရဲ့ Dimensions ကတော့ ၃၄.၈ x ၂၅.၉၁ x ၀.၅၁ စင်တီမီတာ ရှိပါတယ်။ ဈေးသင့်ပြီး အရည်အသွေးကောင်းတဲ့ Gaming Mouse Pad မျိုးရှာနေတယ်ဆိုရင် Corsair MM1000 Qi က အသင့်တော်ဆုံးရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။

(၃) Razer Gigantus V2

Photo : Razer

Razer Gigantus V2 Gaming Mouse Pad ကတော့ M ဆိုဒ်ကနေ 3XL အထိ အရွယ်အစား ၄ မျိုး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ သိပ်သည်းဆမြင့်မားတဲ့ ရော်ဘာ Foam တွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် ရွေ့လျားမှုတိုင်းကို ခံနိုင်ရည်ရှိပြီး ကိုယ့်စိတ်ကြိုက်လိုသလို ပြုပြင် ဖန်တီးအသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ သူ့မှာ လက်ချော်ထွက်ခြင်းကို ကာကွယ်ပေးတဲ့ Micro-Woven မျက်နှာပြင်လည်း ပါရှိပါတယ်။ Dimensions ကတော့ ၉၄ x ၄၁ x ၀.၄ စင်တီမီတာ ရှိပါတယ်။ Razer Gigantus V2 က PC Gamer တွေ ရွေးချယ်သင့်တဲ့ အမိုက်စား Gaming Mouse Pad တစ်ခုပဲဖြစ်ပါတယ်။

(၄) Corsair MM350 Extended

Photo : PC Themes

Corsair MM350 Extended ကတော့ Keyboard နဲ့ Mouse အတွက် ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်ပါရှိတဲ့ Gaming Mouse Pad တစ်ခုဖြစ်ပါတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ အကြမ်းခံပြီး ပွတ်တိုက်မှုဒဏ်ကို ကောင်းကောင်းခံနိုင်အောင် တည်ဆောက်ထားပါတယ်။ Dimensions က ၉၃.၀၁ x ၄၀.၀၁ x ၀.၅၁ စင်တီမီတာရှိပြီး ရော်ဘာသားနဲ့ ပြုလုပ်ထားပါတယ်။ ဂိမ်းဆော့တာ ၊ ဓာတ်ပုံပြင်တာ ၊ Video Editing ပြုလုပ်တာတွေအတွက် အထူးကောင်းမွန်တဲ့ Mouse Pad တစ်ခုဖြစ်ပါတယ်။

(၅) Logitech G440

Photo : Siachen Studios

Logitech G440 ကတော့ အရည်အသွေးကောင်းပြီး အကြမ်းခံတဲ့ ရွေးချယ်စရာ Gaming Mouse Pad တစ်ခုဖြစ်ပါတယ်။ ရွေ့လျားမှုတိုင်းဟာ တည်ငြိမ်ပြီး ငြိမ့်ညောင်းမှုအပြည့်ရှိပါတယ်။ Dimensions က ၃၄.၀၁ x ၀.၃ x ၂၇.၉၉ ရှိပြီး ရော်ဘာသားနဲ့ ပြုလုပ်ထားပါတယ်။  ဒီဇိုင်းပိုင်း ရိုးရိုးရှင်းရှင်းနဲ့ အထာကျတဲ့ Gaming Mouse Pad တစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : Engadget