Billboard Music Awards ဆိုတာ ၁၉၉၀ ခုနှစ်ကစလို့ တောက်လျှောက် ကျင်းပလာတဲ့ Billboard Music Chart ရဲ့ အနုပညာဆုတွေပါ။ ဂီတလောကမှာ အစဉ်အလာကြီးတဲ့ အနုပညာဆုတစ်ဆုဖြစ်တဲ့ Billboard Music Awards ကနေ ဒီနှစ်မှာ The Weeknd ၊ Olivia Rodrigo နဲ့ Doja Cat တို့ဟာ ထိပ်တန်းဆုတွေ အသီးသီး ရခဲ့ကြပါတယ်။

2022 Billboard Music Awards

Photo : CNN

Artist Awards ထဲမှာ ထိပ်တန်းအနုပညာရှင်ဆု Top Artist (Drake) ၊ ထိပ်တန်း မျက်နှာသစ်အနုပညာရှင်ဆု Top New Artist (Olivia Rodrigo) ၊ Top Male Artist ထိပ်တန်းအမျိုးသား အဆိုတော်ဆု (Drake) ၊ ထိပ်တန်းအမျိုးသမီး အဆိုတော်ဆု Top Female Artist (Olivia Rodrigo) ၊ ထိပ်တန်း နှစ်ဦးတွဲ/ အဖွဲ့လိုက်ဆု Top Duo/Group (BTS) ၊ ထိပ်တန်း Billboard ၂၀၀ ဆုရ အနုပညာရှင် Top Billboard 200 Artist ( Taylor Swift) ၊ ထိပ်တန်း ကျော်ကြား အနုပညာသမား ၁၀၀ Top Hot 100 Artist (Olivia Rodrigo) ၊ ထိပ်တန်း နားဆင်မှုအများဆုံးသီချင်း အဆိုရှင် Top Streaming Songs Artist (Olivia Rodrigo) ၊ ထိပ်တန်းသီချင်းအရောင်းရဆုံး အဆိုတော် Top Song Sales Artist (BTS) ၊ ထိပ်တန်း ရေဒီယိုသီချင်းအဆိုတော် Top Radio Songs Artist (Olivia Rodrigo) ၊ ထိပ်တန်း Billboard Global ၂၀၀ စာရင်းဝင် အနုပညာရှင် Top Billboard Global 200 Artist (Olivia Rodrigo) တို့ ရခဲ့ပါတယ်။

အမေရိကန် Rapper တစ်ဦး ဖြစ်တဲ့ Doja Cat ဟာ Top R&B Artist ဆု ၊ Top R&B Female Artist ဆု ၊ Top R&B Album (Planet Her) ဆုတွေ ရခဲ့ပါတယ်။ The Weeknd ကတော့ Top R&B Male Artist ဆု ရခဲ့ပြီး Drake ကတော့ Top Rap Artist ဆု ၊ Top Rap Male Artist ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ အရေးပါတဲ့ ဆုတွေ ဖြစ်တဲ့ Album Awards ထဲက Top Billboard 200 Album ဆုကို အသက် ၁၉ နှစ်အရွယ် မျက်နှာသစ် အဆိုတော် Olivia Rodrigo က SOUL အယ်လ်ဘမ်နဲ့ ရခဲ့ပါတယ်။

2022-Billboard-Music-Awards-Olivia-Rodrigo

Photo : philnews

Olivia Rodrigo ဟာ ဒီနှစ်ရဲ့ ထိပ်တန်းဆုတွေ အများအပြား သိမ်းပိုက်ခဲ့ပြီး Album Awards မှာဆို Adele ရဲ့ 30 Album ၊ Doja Cat ရဲ့ Planet Her ၊ Drake ရဲ့ Certified Lover Boy တို့လို ထိပ်တန်းအယ်လ်ဘမ်တွေကို ကျော်ဖြတ်ပြီး ရခဲ့တာလည်း ဖြစ်ပါတယ်။

Featured Photo : Twitter