နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလကို ရောက်ရှိလို့လာခဲ့ ပြန်ပါပြီ။ ဒီ ၂၀၂၃ ခုနှစ်အတွင်းမှာ ရုပ်ရှင်ချစ်သူများအတွက် ဇာတ်ကား ကောင်းများ အမြောက်အမြား ထွက်ရှိလာခဲ့ပါတယ်။ ထိုဇာတ်ကားများထဲကမှ ၂၀၂၃ ခုနှစ်အတွင်း လူကြိုက်အများဆုံးနဲ့ အကောင်းဆုံး ဇာတ်ကား များကို ကွီးတို့ ကြည့်ရှုခံစားနိုင်ဖို့အတွက် ရွေးထုတ် ဖော်ပြပေးလိုက်ရပါတယ်။

(၁) A Good Person

Allison ဆိုတဲ့ အမျိုးသမီးကတော့ ငယ်ရွယ်လှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့မှာ နှစ်လိုဖွယ်ကောင်းတဲ့ စေ့စပ်ထားတဲ့ လက်တွဲဖော်တစ်ယောက်လည်း ရှိပါတယ်။ အလုပ်အကိုင်ကောင်း တစ်ခုလည်းရှိပြီး သူ(မ)ကို အားပေးကူညီပြီး သူ(မ)ကို ချစ်ခင်တဲ့ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများလည်း ရှိပါတယ်။ ဒါပေမဲ့ သူ(မ)ရဲ့ ဘဝက မျက်စိတစ်မှိတ် အတွင်းမှာတင် ပြောင်းလဲသွားပြီး မဲမှောင်ကျ သွားပါတော့တယ်။ ထိုနှစ်တွေထဲမှာပဲ သူ(မ)ရဲ့ ယောက္ခထီးလောင်းနဲ့ တစ်မူထူးခြားတဲ့ သူငယ်ချင်း ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး သူ(မ)ရဲ့ ယောက္ခထီးလောင်းက သူ(မ)ရဲ့ ဘဝ ပြန်လည် တည့်မတ်သွားအောင် ၊ သူ(မ)​ ဘဝမှာ ဆက်လက်ချီတက်နိုင်အောင် တိုက်ခိုက်ဖို့အတွက် ကူညီပေးခဲ့ပါတယ်။

IMDb ၁၀ မှာ ၇ ရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာကြောင့် လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။

ဇာတ်ကားအမြည်းလေးကို အရင် ကြည့်ရှုခံစားကြည့်လိုက်ပါဦး။

Source: MGM

(၂) Unlocked

သည်းထိတ်ရင်ဖို ဇာတ်ကား ကောင်းကောင်းတစ်ကား ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီနှစ်ထဲမှာပဲ​ ထွက်ရှိခဲ့တဲ့ Unlocked ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကားကို ရွေးချယ်သင့်ပါတယ်။

ဒီဇာတ်ကားထဲမှာ ကောင်မလေးတစ်ယောက်က သူ့ရဲ့ ဖုန်း ပျောက်သွားရာကနေ ဇာတ်လမ်းကို အစပြုထားပါတယ်။ နှောင့်ယှက်သူက သူ(မ)ရဲ့ ဖုန်းကို ခြေရာခံကာ သူ(မ)ရဲ့ နေ့စဥ်ဘဝကို နှောင့်ယှက်ဖို့ စတင်ပါတယ်။ ထိုကနေတဆင့် ကောင်မလေးက သူ စောင့်ကြည့်ခံ နေရတယ်ဆိုတာကို သိရှိသွားပြီး သူ(မ)ကိုယ် သူ(မ) ဘယ်လို ကယ်တင်သွားမလဲ ဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာ တကယ်ပဲ ထိုလူဆိုးကို ဖမ်းမိပါ့မလား။ သူ(မ)ရော အန္တရာယ်ကြားထဲကနေ လွတ်မြောက်ပါ့မလား ဆိုတာကို ဒီဇာတ်ကားထဲကနေ အဖြေရှာကြည့်လိုက်ပါ။

Source: Netflix K-Content

(၃) Murder Mystery 2

Nick နဲ့ Audrey Spitz ဆိုသူနှစ်ယောက်က သူတို့ရဲ့ သူငယ်ချင်းဖြစ်သူ ပြန်ပေးဆွဲခံရာကနေ စုံထောက်အဖြစ် စတင်လှုပ်ရှားဖို့ အကြောင်းဖန် လာပါတော့တယ်။ ဒီလိုကနေ သူတို့က ကိုယ်ပိုင် အေဂျင်စီတစ်ခု ထောင်လိုက်ပါတယ်။ ဟာသ အက်ရှင် ဇာတ်ကားမျိုး ဖြစ်တာကြောင့် ကွီးတို့က ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေ ချင်တယ်ဆိုရင်တော့ Murder Mystery 2 ကို ကြည့်ရှုသင့်ပါတယ်။

ဇာတ်ကား အမြည်းလေးကို အရင် ကြည့်ရှုခံစားကြည့်လိုက်ပါဦး။​

Source: Netflix

(၄) Past Lives

၂၀၂၃ ဇာတ်ကား

ဒီဇာတ်ကားလေးကတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ထွက်ရှိတဲ့ ဇာတ်ကား ကောင်းတွေထဲက ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ IMDb 8 ရထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် လက်မလွတ်ဘဲ ကြည့်ရှုသင့်ပါတယ်။

Nora နဲ့ Hae Sung တို့က ငယ်စဥ်တောင်ကျေး ကလေးဘဝကတည်းက တစ်ဦးအပေါ် တစ်ဦး သံယောဇဥ်ရှိကြတဲ့ သူငယ်ချင်း နှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ Nora တို့ မိသားစုက တောင်ကိုရီးယားကနေ အခြားနိုင်ငံသို့ အခြေချ နေထိုင်ဖို့အတွက် ပြောင်းရွေ့သွားတဲ့ အခါမှာတော့ ကံကြမ္မာရဲ့ စေစားရာကြောင့် ခွဲခွာသွားကြ ရပါတယ်။ ၁၀ နှစ်လောက် ကြာတဲ့အခါမှာတော့ သူငယ်ချင်းနှစ်ယောက်သား ပြန်ဆုံတွေ့ကြပြီး အရင်က ရှိခဲ့တဲ့ သံယောဇဥ်က တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပါတော့တယ်။ နောက်ဆုံးမှာတော့ နှစ်ယောက်သား ဘာဆက်ဖြစ်ကြမလဲ။

ဇာတ်ကားအမြည်းလေး ကြည့်ရှုခံစားရင်း အဆုံးသတ်ကို သိချင်ရင်တော့ အစကနေ ပြန်ကြည့်ကြည့်လိုက်ပေါ့။

Source: A24

(၅) Suzume

ကောင်းကင်အရောင်က အနီရောင် ပြောင်းသွားတာနဲ့ တစ်ပြိုင်နက် ကမ္ဘာကြီး ပျက်ဆီးကိန်း ဆိုက်လာပါတော့တယ်။ ထို့အတူပဲ ဂျပန်မှာလည်း ပျက်ဆီးလု နီးပါးပါပဲ။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေး Suzume ကတော့ သူ့ရဲ့ နိုင်ငံကို ကယ်တင်ဖို့အတွက် အကြောင်းဖန်လာပါတယ်။

သူ(မ)သည် အခြားသူတွေ မမြင်နိုင်တဲ့ သဘာဝလွန် စွမ်းအင်တွေကို မြင်တွေ့နိုင်ခဲ့ပြီး ပျက်စီးမှုတွေကို ဖြစ်ပေါ်စေတဲ့ ဆန်းကျယ်တဲ့ တံခါးပေါက်တွေကို ပိတ်ပစ်ရမှာပဲ ဖြစ်ပါတယ်။ ထိုတံခါးပေါက်တွေ အကုန်လုံးကို ပိတ်ပစ်နိုင်မှသာလျှင် သူ့ရဲ့ နိုင်ငံတစ်ခုလုံးက အကောင်းပကိတိအတိုင်း ငြိမ်းအေးသွားမှာပဲ ဖြစ်ပါတယ်။

Source: Rotten Tomatoes Trailers

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဇာတ်ကားကောင်းတွေထဲက ဘယ်ဇာတ်ကားကောင်းတွေကို ကြည့်ရှုဖူးပါသလဲ။

Source: Rottentomatoes