တက်တူးချစ်သူ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ ခေတ်စားလာမယ့် တက်တူး ဒီဇိုင်းများကို ဖော်ပြပေးလိုက်ရပါတယ်။

ဒီ ၂၀၂၃ ခုနှစ်အတွင်းမှာ ပုရိသတို့အကြား ဘယ်လို တက်တူး ဒီဇိုင်းများက ခေတ်စားမလဲဆိုတာကို အတူတူ လေ့လာကြည့်လိုက်ရအောင်။

နှင်းဆီပန်းပွင့်ပုံ တက်တူးအသေးစား

၂၀၂၃ တက်တူး

ဒီတက်တူးလေးကတော့ တက်တူးအသေးစား ကြိုက်နှစ်သက်သူများအတွက် သင့်တော်ပါတယ်။ တက်တူး တစ်ခါမှ မထိုးဖူးသူများအနေနဲ့ တက်တူး အသေးစား ထိုးချင်တယ်ဆိုရင်တော့ ဒီလိုမျိုး နှင်းဆီ ပန်းပွင့်ပုံ တက်တူးအသေးစားက အသင့်တော်ဆုံးပါပဲ။

စာလုံးပုံ တက်တူးများ

၂၀၂၃ တက်တူး

ပန်းပွင့်ပုံ တက်တူးများကို မကြိုက်နှစ်သက်သူများအတွက်တော့ စာလုံးပုံ တက်တူးများ ရှိပါသေးတယ်။ ဒီတက်တူးလေးကတော့ Classic ဆန်တဲ့ တက်တူးဒီဇိုင်းလေးပဲဖြစ်ပါတယ်။

တိရစ္ဆာန်ပုံ တက်တူးများ

၂၀၂၃ တက်တူး

တိရစ္ဆာန်ပုံ တက်တူးဒီဇိုင်းများကလည်း ၂၀၂၃ ခုနှစ်အတွင်း ခေတ်စားလာမယ့် တက်တူး အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ရင်အုပ်ပေါ်မှာလည်း ရေးထိုးနိုင်သလို လက်မောင်းကြွက်သား၊ ကျောကုန်း အစရှိတဲ့ နေရာပေါင်းစုံများထဲက မိမိကြိုက်နှစ်သက်ရာတစ်ခုခုကို ရွေးချယ်ကာ တက်တူးရေးထိုးနိုင်ပါတယ်။

Portrait ပုံ တက်တူးများ

၂၀၂၃ တက်တူး၂၀၂၃ တက်တူး

ကိုယ် လေးစားအားကျရတဲ့သူတွေရဲ့ ရုပ်ပုံကို ပုံတူရေးထိုးထားတဲ့ Portrait ပုံ တက်တူးများသည်လည်း တက်တူးချစ်သူများအကြား ရေပန်းစားပါတယ်။ ကွီးတို့ရဲ့ စံပြ ပုဂ္ဂိုလ်ကရော ဘယ်သူဖြစ်မလဲ။

အရိုးခေါင်းပုံ တက်တူးများ

၂၀၂၃ တက်တူး

ခပ်မိုက်မိုက်နှင့် အလန်းစား တက်တူးဒီဇိုင်းလေး ရေးထိုးချင်သူများအတွက် အရိုးခေါင်းပုံ တက်တူးဒီဇိုင်းများကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။

ကြယ်ပုံ တက်တူးများ

man 2023 tattoos

သဘာဝဆန်ဆန် တက်တူးများကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်တော့ ကြယ်ပုံ တက်တူးများက အသင့်တော်ဆုံးပါပဲ။

နတ်သမီးပုံ တက်တူးများ

man 2023 tattoos

နတ်သမီးပုံ တက်တူးများသည်လည်း လူကြိုက်များတဲ့ တက်တူးဒီဇိုင်းတစ်ခုဖြစ်ပြီး ယခုနှစ်အတွင်းမှာလည်း ဆက်လက်လူကြိုက်များသွားမှာပဲဖြစ်ပါတယ်။

မြှားပုံ တက်တူးများ

man 2023 tattoos

မြှားပုံ တက်တူးများကတော့ အမေရိကန်လူမျိုးများရဲ့ ရိုးရာတက်တူးတစ်ခုပဲဖြစ်ပါတယ်။ ရှေးအခါက မြှားကို အမဲလိုက်ရာတွင် အသုံးပြုကြပြီး စစ်သည်တော်များကတော့ မြှားကို အကာအကွယ်တစ်ခုအဖြစ် အသုံးပြုခဲ့ကြပါတယ်။

ငှက်မွှေးပုံ တက်တူးများ

man 2023 tattoos

ငှက်မွှေးပုံ တက်တူးများကတော့ လွတ်လပ်ပေါ့ပါးခြင်းနှင့် ခရီးသွားလာခြင်းတို့ကို ကိုယ်စားပြုပါတယ်။ စိတ်ဝိညာဥ် လွတ်လပ်ပေါ့ပါးခြင်းကို ကိုယ်စားပြုလိုပါကလည်း ဒီငှက်မွှေးပုံ တက်တူးကို ရေးထိုးနိုင်ပါတယ်။

သရဖူပုံ တက်တူးများ

man 2023 tattoos

သရဖူပုံ တက်တူးများကလည်း ပုရိသများအကြား ရေပန်းစားတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။ Classic ဆန်တဲ့ တက်တူးဒီဇိုင်းကို ရွေးချယ်ချင်သူများအတွက် ဒီတက်တူးဒီဇိုင်းကို ရွေးချယ်နိုင်ပါတယ်။

Source: Thetrendspotter

Featured Image: Dmarge