ဖက်ရှင် ချစ်သူ ပုရိသတို့ရေ … မင်္ဂလာပါ။ ဖက်ရှင်ချစ်သူ ကွီးတို့အနေနဲ့ အခုဆိုရင် ၂၀၂၃ ခုနှစ်အတွက် ခေတ်စားလာမယ့် ဖက်ရှင် အရောင် များကို စိတ်ဝင်စားနေလောက်ကြရောပေါ့။

၂၀၂၃ အတွင်း ခေတ်စားလာမယ့် အလန်းစား ဖက်ရှင် အရောင် တွေက ကွီးတို့ကို ဒီတစ်နှစ်လုံးမှာ ဖက်ရှင်ကျကျနဲ့ မိမိုက်နေအာင် ကူညီပေးမှာပါ။ ဖက်ရှင်ချစ်သူ ကွီးတို့အတွက် အသုံးတည့်မယ်လို့ မျှော်လင့်မိပါတယ်။

Denim ဝမ်းဆက် ဖက်ရှင်

fashion colour 2023

Denim ဖက်ရှင်ကတော့ ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင် ဒီဇိုင်းတစ်မျိုးပဲဖြစ်ပါတယ်။ ကွီးတို့ကို နှစ်သစ်မှာ ဆွဲဆောင်မှု တိုးအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

အနီနှင့် အဖြူ အတွဲအစပ်

fashion colour 2023

အနီနဲ့ အဖြူ ဖက်ရှင်အရောင်ကို ဝတ်မယ်ဆိုရင်တော့ အပေါ်ဝတ် ကုတ်အင်္ကျီနေနဲ့လည်း ဝတ်နိုင်သလို ရှပ်အဖြူကိုမှ အပေါ်ကနေ ကုတ်အနီ ထပ်ဝတ်မယ်ဆိုလည်း သင့်တော်ပါတယ်။

အနက်ရောင် ဖက်ရှင်

fashion colour 2023

All-Black ဖက်ရှင်ကတော့ ကွီးတို့ကို ဘယ်အချိန်မဆို ကြည့်ကောင်းအောင် ဖန်တီးပေးမှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ညှို့ငင်အား ပြင်းအောင် ကူညီပေးမယ့် ဖက်ရှင် အရောင် တစ်မျိုးဆိုလည်း မမှားပါဘူး။

၂၀၂၃ အတွင်း ခေတ်စားလာမယ့် အညိုနှင့် ရွှေရောင် အတွဲအစပ်ဖက်ရှင်

၂၀၂၃ အရောင်

ကွီးတို့ကို လူကြီးဆန်ဆန်နဲ့ ကြည့်ကောင်းနေအောင် ကူညီပေးမယ့် ဖက်ရှင်အရောင် အတွဲအစပ်ပဲ ဖြစ်ပါတယ်။ ရင့်ကျက် တည်ငြိမ်တဲ့ ယောကျာ်းတစ်ယောက်အသွင် ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်အရောင်ကို ဝတ်ဆင်သင့်ပါတယ်။

စိမ်းညိုရောင်

၂၀၂၃ အရောင်

ဒီအရောင်လေးကတော့ အစိမ်းရောင်နှင့် အညိုရောင် နှစ်မျိုးကို ဖောက်ထားတဲ့ အရောင်ပဲဖြစ်ပါတယ်။ အသစ်အဆန်း အရောင်လေးဆိုတော့ ကွီးတို့ကို တည်ကြည်ခန့်ညားနေစေဖို့ ကူညီပေးပါလိမ့်မယ်။

ပန်းဆီရောင်

၂၀၂၃ အရောင်

ဖက်ရှင်ဆိုတာကတော့ ဝတ်ရဲလေ စတိုင်လ် ပိုကျလေပါပဲ။ ကွီးတို့အနေနဲ့ ပန်းဆီရောင်ကြီးက မိန်းကလေးဆန်တယ်ဆိုပြီး စိတ်ထဲမှာ မတင်မကျနဲ့ မဝတ်ချင်ပဲ ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခါတစ်ခေါက်လောက် ဝတ်ကြည့်လိုက်တဲ့အခါ အင်မတန်မှ စတိုင်လ်ကျ မိမိုက်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အညိုနှင့် မီးခိုးရောင် အတွဲအစပ်ဖက်ရှင်

၂၀၂၃ အရောင်

ဒီဖက်ရှင်လေးကတော့ ကွီးတို့ကို စမတ်ကျကျနဲ့ စတိုင်လ်ကျနေအောင် ကူညီပေးမှာဖြစ်ပါတယ်။ အညိုနှင့် မီးခိုးရောင် အတွဲအစပ်ကလည်း လိုက်ဖက်ညီတဲ့ ဖက်ရှင်အရောင် ဖြစ်ပါတယ်။

ပန်းဖျော့ရောင်

၂၀၂၃ အရောင်

ကွီးတို့အနေနဲ့ Photo Shoot လုပ်ဖို့ ရှိတယ်ဆိုရင်တော့ ဒီလိုဖက်ရှင်စတိုင်လ်မျိုးကို ရွေးချယ်သင့်ပါတယ်။ သစ်လွင်တောက်ပပြီး ကြည်လင်နေတဲ့ ခံစားချက်ကို ခံစားရစေမှာပါ။

အဖြူနှင့် အပြာ အတွဲအစပ်ဖက်ရှင်

၂၀၂၃ အရောင်

အပြာရောင်ကို Tone တစ်မျိုးတည်း သုံးတာမဟုတ်ဘဲ အပြာရောင်အရင့်နှင့် အပြာရောင် အဖျော့တို့ကို ဖောက်ကာ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ထိုအရောင်ကိုမှ အဖြူ (သို့) ခရင်မ်အရောင်နှင့် တွဲဖက်ပေးမယ်ဆိုရင်တော့ လိုက်ဖက်ကာ ကြည့်ကောင်းနေမှာ အမှန်ပါပဲ။

Source: Lofficielusa