ကဲ…ရုပ်ရှင်သရဲ ကွီးတွေအတွက် အခု ၂၀၂၅ထဲမှာ ပြသသွားမယ့် ရုပ်ရှင် ဇာတ်ကားပေါင်း များစွာထဲကမှ လုံးဝ မဖြစ်မနေ စောင့်ကြည့်သွားရမယ့် ဇာတ်ကားတွေအကြောင်းကို စုစည်းပြီးတော့ ဖော်ပြပေးလိုက်ပါတယ်။ ဘာဇာတ်ကားတွေများ ပါဝင်နေမလဲဆိုတာ လေ့လာကြည့်လိုက်ဦးနော်။

Avatar: Fire and Ash

Source : KH Studio Youtube Channel

ဒါက Avatar ရုပ်ရှင်ရဲ့ တတိယမြောက် ဇာတ်ကားဖြစ်ပြီးတော့ အရင်ဇာတ်ကားထဲက Main Casts တော်တော်များများလည်း ပြန်လည် ပါဝင်လာကြမှာ ဖြစ်ပါတယ်။ စတင်ပြသမယ့် ရက်ကတော့ ဒီဇင်ဘာ (၁၉)မှဆိုတော့ တစ်နှစ်နီးပါးလောက်တော့ စောင့်ရပါဦးမယ်။ ပြီးရင် Avatar က 4 နဲ့5 ကိုပါ ဆက်လက် ပြသသွားပါဦးမယ်။

Spider-Man: Beyond the Spider-Verse

Source : Screen Culture Youtube Channel

Marvel Comic ရဲ့ Spider-Verse Trilogy နောက်ဆုံး ဇာတ်ကား Spider-Man: Beyond the Spider-Verse အန်နီမေးရှင်း ဇာတ်ကားဟာလည်း Marvel ပရိသတ်တွေ အန်နီမေးရှင်း ပရိသတ်တွေ လုံးဝ စောင့်ကြည့်ရမယ့် ရုပ်ရှင် တစ်ခုပါ။ ဘယ်နေ့ ဘယ်လမှ ပြသမလဲဆိုတာတော့ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Mission: Impossible – The Final Reckoning

Source : Paramount Picture Youtube Channel

မင်းသားကြီး Tom Cruise ရဲ့ (၈)ကားမြောက် MI : The Final Reckoning က သူရဲ့နာမည်အတိုင်း နောက်ဆုံးသော MI ဇာတ်ကားတော့ ဖြစ်ဦးမှာ မဟုတ်ပါဘူး။ ဒီကားက (၇)ကားမြောက် MI : Dead Reckoning Part One ရဲ့ တိုက်ရိုက် ဇာတ်ကားအဆက် ဖြစ်ပါတယ်။ လာမယ့် မေလ (၂၃)ရက်မှာ ရုံတင်ပါမယ်။

Star Wars: Lost Horizons

Source : Trailer Coroperation Youtube Channel

Star Wars ပရိသတ်တွေအတွက်တော့ ဒီ ၂၀၂၅ထဲမှာပဲ Star Wars: Lost Horizons လို ရုပ်ရှင် ဇာတ်ကားအပြင် Star Wars: A Droid Story animated series ကိုပါ တစ်ဝကြီး ကြည့်ရှုသွားရပါမယ်။ ဒါပေမယ့် Star Wars: Lost Horizons ရုပ်ရှင်ရဲ့ စတင် ပြသမယ့်ရက်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Captain America: Brave New World

Source : Marvel Entertainment Youtube Channel

Steve Rogers ရဲ့ Captain America ဇာတ်ရုပ်ကို Sam Wilson က Captain America အသစ်အဖြစ် ဒီဇာတ်ကားမှာ စတင် ပါဝင်သွားမှာ ဖြစ်ပါတယ်။ ကပ္ပတိန်က Chris Evans မဟုတ်တော့ပေမယ့် ဒီကားထဲမှာ Harrison Ford နဲ့ Giancarlo Esposito တို့လို တကယ့် ဂရိတ်မင်းသားကြီးတွေပါ ပါဝင်ထားမှာဖြစ်လို့ ကြည့်ကောင်းမှာတော့ သေချာပါတယ်။ မကြာခင် လာတော့မယ့် ချစ်သူများနေ့မှာ စတင် ပြသသွားပါမယ်။

Featured Photo : IMDb