Infinix ရဲ့ ဒီဇိုင်းဆန်းသစ်ပြီး ဈေးသက်သာတဲ့ Hot 12 Play စမတ်ဖုန်းကို ထိုင်းဈေးကွက်မှာ မိတ်ဆက်သွားပါတယ်။ Infinix Hot 12 Play ဟာ ၆.၈ လက်မ IPS TFT Panel နဲ့လာပြီး HD+ ရုပ်ထွက် ပါရှိပါတယ်။ Screen ဟာ 90Hz Refresh Rate ၊ 180Hz Touch Sampling Rate တို့ ပံ့ပိုးထားပြီး ၁၉၅ ဂရမ် ဝိတ်ရှိမယ်လို့ ဆိုပါတယ်။ ကျောဘက်မှာ ထောင်လိုက်စတုဂံပုံ ကင်မရာအိမ်နဲ့ Dual Camera စနစ် သုံးလာပါတယ်။

Photo : GSMArena.com

Helio G35 Processor ၊ RAM 6GB/128GB Storage အပြင် microSD Card သုံးပြီး Storage ထပ် မြှင့်နိုင်မှာပါ။ RAM ကိုလည်း Virtual 5GB အထိ ထပ်တိုးနိုင်မယ်လို့ ဆိုပါတယ်။ ကျောဘက်မှာ Fingerprint Scanner နဲ့အတူ  13MP Main Sensor ၊ AI Lens နဲ့ Quad-LED Flash မီးတို့ သုံးထားပြီး Selfie အတွက် 8MP ကင်မရာ ပါရှိပါတယ်။

Infinix-Hot-12-Play Phone

Photo : Gizmochina

ဘက်ထရီပါဝါ 6000mAh ဟာ 18W Fast Charging ပံ့ပိုးထားပြီး Dual SIM Support ပေးနိုင်ပါတယ်။ 3.5mm Headphone Jack နဲ့ USB-C Port တို့ ပါပြီး ဆော့ဖ်ဝဲလ်အနေနဲ့ Android 12 OS ကို အခြေခံထားတဲ့ XOS 1.6 UI နဲ့ လာပါတယ်။ Racing Black, Legend White, Origin Blue နဲ့ Lucky Green လေးရောင်နဲ့ လာပြီး ထိုင်းဘတ် ၄၀၀၀ ( မြန်မာငွေ ၂ သိန်း ၁ သောင်းကျော်) ဈေးနဲ့ ရောင်းချနေပါတယ်။

Featured Photo : Gizmochina