တော့တင်ဟမ် ဟော့စပါးအသင်းကတော့ ဒီရာသီအစမှာ ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပြီး လီဗာပူးလ် နဲ့ မန်ယူနိုက်တက်တို့ကို အနိုင်ကစားကာ အာဆင်နယ်ကိုလည်း သရေကစားနိုင်ခဲ့ရင်း (၁၀)ပွဲဆက်တိုက်အထိ လိဂ်ရှုံးပွဲ မရှိအောင်ပါ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်းက စတင်ပြီး စပါးအသင်းရဲ့ ကြမာဆိုးတွေ ဖြစ်ပွားလာခဲ့ရပါတော့တယ်။
Photo Credit : beIN SPORTS
ချယ်လ်ဆီးကို ဂိုးပြတ် အရေးနိမ့်တဲ့ ပွဲစဉ်ကနေ စပြီး ကြမာငင်ခဲ့ပါတယ်။ အဓိက ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ ဗန်ဒီဗန် နဲ့ ကွင်းလယ်လူ မက်ဒီဆန်တို့ ဒဏ်ရာတွေ ရခဲ့ပြီး ရိုမဲရိုးလည်း တိုက်ရိုက် အနီကတ် ပြသခံခဲ့ရပါတယ်။ ဒီရှုံးပွဲက စပါးအသင်းကို အတော်လေး ထိခိုက်စေရတဲ့ ရှုံးပွဲတစ်ပွဲလည်း ဖြစ်သွားစေခဲ့ရတယ်။ ချယ်လ်ဆီးနဲ့အပြီး ဝုလ်ဗ်နဲ့ ကစားတယ်။ ပွဲပြီးခါနီး ဝုလ်ဗ်တို့ သွင်းယူခဲ့တဲ့ ဂိုး(၂)ဂိုးနဲ့ပဲ ထပ်ပြီး ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။
Photo Credit : Squawka X
မနေ့ညကလည်း အူနိုင်း အမ်မရီရဲ့ ဗီလာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရာ စပါးက ပွဲကိုလည်း ဦးဆောင်ပြီး အခွင့်အရေးတွေလည်း များစွာ ရရှိခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးချမနိုင်တာရော ဆွန်ဟောင်မင် ဂိုးရဖို့ လောနေတာကြောင့်ပါ ဂိုးမရနိုင်ပဲ ဧည့်သည်အသင်းကသာ (1-2) နဲ့ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် စပါးအသင်းဟာ ချယ်လ်ဆီးကို ရှုံးပြီးကတည်းက ဝုလ်ဗ် နဲ့ ဗီလာတို့ကိုပါ ဆက်တိုက် ရှုံးနိမ့်ရင်း Top 4 ပြင်ပပါ ရောက်သွားခဲ့ရပါတယ်။
Photo Credit : Sky Sports X
တကယ်တော့ စပါးက နည်းပြသစ် ပိုစတီကိုဂလူးလက်ထက် ပုံစံကောင်းတွေ ပြသနိုင်ခဲ့သလို ပိုစတီကိုဂလူးဆိုလည်း တစ်လတာ အကောင်းဆုံး နည်းပြဆုကိုပါ (၃)လဆက်တိုက်အထိ ပိုင်ဆိုင်ခဲ့ရပေမယ့် လက်ရှိအချိန် သူရဲ့ high line ကစားမှုက သူ့အသင်းကို ပြန်ပြီး ဒုက္ခပေးသလို ဖြစ်နေရပြီး ခံစစ်မှာ ရိုမဲရိုး ဗန်ဒီဗန်တို့လို ကစားသမားမျိုး မပါဝင်နိုင်သေးချိန်မှာ အခြေအနေ ပိုဆိုးနေရပါတယ်။ အခုလို (၃)ပွဲဆက်ထိ ရှုံးထားတဲ့ စပါးက လာမယ့်တစ်ပတ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရဦးမှာမို့ ရလဒ်ထပ်ဆိုးမလား ရလဒ်ကောင်းပဲ ပြန်လည် ဖော်ဆောင်နိုင်မလား ဆိုတာ…
Featured Photo : Ben Jacobs X