၃၀ ကျော် ဘီးကျဲတိုင်း လက်ကိုင်ထားသင့်တဲ့ လျှို့ဝှက်ချက် တစ်ဖြတ်က ဘာဖြစ်မယ်လို့ ထင်ပါသလဲ။ ဆော်ကြည်စေမယ့် လျှို့ဝှက်ချက်လား၊ ပိုက်ဆံဝင်စေမယ့် လျှို့ဝှက်ချက်လား။ ကွီးတို့ရော ဘဝမှာ ဘယ်အရာက အရေးကြီးဆုံး ဖြစ်မယ်လို့ ထင်ပါသလဲ။
ကျန်းမာနေဖို့ပါပဲ။ ကျန်းမာမှသာ ဝင်ငွေတိုးအောင် လုပ်ဆောင်နိုင်မှာဖြစ်ပြီး ဆော်ကြည်ဖို့လည်း အလွယ်လေးပါပဲ။
ဒါပေမဲ့ အသက် ၃၀ ကျော်လာရင်တော့ လူငယ်တွေလို ဖြတ်လတ်လန်းဆန်းနေမှာတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေသည် လျော့ကျသွားပြီး ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းများရဲ့ လုပ်ဆောင်နိုင်စွမ်းသည်လည်း လျော့ကျသွားတတ်ပါတယ်။ ဒါ့ကြောင့် အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ အခုဖော်ပြပေးမယ့် လျှို့ဝှက်ချက် လေးကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
ထိုလျှို့ဝှက်ချက်ကတော့ အခြားမဟုတ်ပါဘူး။ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁)

ဒီလေ့ကျင့်ခန်းလေးကတော့ ၃၀ ကျော် ဘီးကျဲတိုင်း ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးကို ပြုလုပ်ခြင်းအားဖြင့် ကွီးတို့ရဲ့ ခန္ဓာကိုယ်ရဲ့ ကြွက်သားများသည် သန်မာလာမှာပဲ ဖြစ်ပါတယ်။ နည်းမှန်လမ်းမှန် ပြုလုပ်ဖို့လည်း လိုအပ်ပါသေးတယ်။
လေ့ကျင့်ခန်း (၂)

Barbell Squats လေ့ကျင့်ခန်းလေးပဲ ဖြစ်ပါတယ်။ အလေးတန်းကို ပုခုံးပေါ်တင်ကာ တင်ပါးကို နောက်ပစ်ပြီး လေ့ကျင့်ခန်းပြုလုပ်ရမှာ ဖြစ်ပါတယ်။ စစချင်းမှာတော့ အကြိမ်ရေ နည်းနည်း၊ အလေးတုံး အပေါ့ဆုံးနဲ့ စတင်ပြုလုပ်ရမှာဖြစ်ပြီး တဖြည်းဖြည်း ကျွမ်းကျင်လာရင်တော့ အကြိမ်ရေ တိုးပြီး၊ အလေးတုံးကို တိုးကာ ပြုလုပ်ရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃)

အရင်ဦးဆုံး လေ့ကျင့်ခန်း ပြုလုပ်တဲ့ဖျာပေါ်မှာ လှဲလျောင်းနေပါ။ လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်စီတွင် ချထားပါ။ ထို့နောက် ဒူးနှစ်ဖက်ကို ထောင်ထားပါ။ ပြီးရင်တော့ တင်ပါးကို အပေါ်သို့ ကြွပေးလိုက်ပါ။ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၄)

နောက်ထပ် မဖြစ်မနေပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Push-Ups လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ကွီးတို့ ပြုလုပ်နိုင်တဲ့ အကြိမ်အရေအတွက်အထိ ပြုလုပ်ပေးလိုက်ပါ။ နည်းမှန်လမ်းမှန်နဲ့ ခန္ဓာကိုယ်အနေအထား မှန်ကန်စွာ ပြုလုပ်ဖို့ မမေ့ပါနဲ့။
လေ့ကျင့်ခန်း (၅)

ချွေးထွက်များတဲ့ လေ့ကျင့်ခန်းတွေကို မပြုလုပ်ချင်ဘူးလား။
ရပါတယ်။ ယောဂ လေ့ကျင့်ခန်းများကို ပြုလုပ်လိုက်ပါ။ ကွီးတို့ရဲ့ အကြောအခြင်တွေ ပြေသွားပြီး စိတ်ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။
လေ့ကျင့်ခန်း (၆)

နောက်ထပ် လေ့ကျင့်ခန်းတစ်ခုကတော့ တောင်တက်ခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အိမ်မှာပဲ ပိတ်လှောင်နေတာမျိုး မဟုတ်တော့ဘဲ လေကောင်းလေသန့်ရကာ လေ့ကျင့်ခန်းလည်း လုပ်ဖြစ်သွားတာဆိုတော့ တစ်ချက်ခုတ်၊ နှစ်ချက်ဖြတ်ပါပဲ။
ကွီးတို့ရော အသက် ၃၀ ကျော်လာရင် ဘာတွေလုပ်ဖြစ်မယ်လို့ စိတ်ကူးထားပါသလဲ။
Source: Parenting.firstcry
Featured Image: Freepik
