အခုရက်ပိုင်းထဲ အသစ်ထွက်ရှိလာတဲ့ ဖုန်းတွေထဲကမှ MediaTek ရဲ့ Helio G100 Processor ပါ အသုံးပြုပေးထားတဲ့ Infinix Hot 50 ဖုန်းအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ Infinix Hot 50 ကို 128GB+16GB(8GB Extended RAM) ရယ် 256GB+16GB(8GB Extended RAM) ဆိုပြီး နှစ်မျိုး ထုတ်လုပ်ပေးထားပြီးတော့ 128GB+16GB အတွက် ဈေးနှုန်း (၅)သိန်း(၃)သောင်း 256GB+16GB အတွက်ကိုတော့ (၅)သိန်း(၈)သောင်းသာ သတ်မှတ်ထားပါတယ်။
Photo : Infinix Mobile Zimbabwe
လောလောဆယ် (၅)သိန်းဝန်းကျင် ဖုန်းတွေထဲမှာ Official Global လည်းဖြစ်ပြီးတော့ Price to Performance လည်း ကောင်းတဲ့ ဖုန်းဆိုရင်တော့ Infinix Hot 50 ကိုပဲ ညွှန်းပေးရပါလိမ့်မယ်။ G100 လို soc မျိုး ထည့်သွင်းပေးထားတဲ့ ဖုန်းတွေက ဈေးနှုန်းအားဖြင့်ဆိုရင် (၇)သိန်း (၈)သိန်းလောက်မှာ ရှိတက်ကြပေမယ့် အခု Infinix Hot 50 ကတော့ (၅)သိန်းခွဲဝန်းကျင်နဲ့တင် G100 ကို ထည့်ပေးထားလို့ ဂိမ်းတွေ တမုန်းဆော့ချင်နေတဲ့ ကွီးတွေအတွက် အတော်လေး အသုံးဝင်ပါလိမ့်မယ်။
Photo : Hello Express
ဒီဖုန်းနဲ့ ပတ်သက်ပြီးတော့ ဆက်ပြောရမယ်ဆိုရင် Size 6.78” IPS LCD display ကိုမှ Full HD+ resolution နဲ့ AOD(Always on Display) လည်း ပါဝင်နေတာဖြစ်လို့ မဆိုးဘူး ပြောရပါမယ်။ ဒါ့အပြင် refresh rate မှာလည်း 120Hz အထိ ရရှိတာမို့ အသုံးပြုရတာလည်း မြန်ဆန်နေပါလိမ့်မယ်။ နောက်ပြီး (၅)နှစ်တိတိ performance မကျဘဲ ချောချောမွေ့မွေ့ သုံးလို့ရနိုင်မယ်ဆိုတဲ့ certified လည်း ရထားတယ်လို့ ကုမ္မဏီဘက်က ကြော်ငြာထားပါသေးတယ်။ နောက်ပြီးတော့ IP54 Water resistance လည်း ပါဝင်သေးတာဖြစ်လို့ တကယ်ကို P2P ဖြစ်မယ့်ဖုန်းလို့ သတ်မှတ်နိုင်ပါတယ်။
Photo : GSM Arena
Battery ပိုင်းမှာ 5000mAh အသုံးပြုပေးထားပြီး 18W Charging ပါဝင်နေပြီး ကင်မရာမှာတော့ ကျောဘက်ကင်မရာ (၃)လုံးမှာ Main Camera 50MP ထည့်သွင်းထားကာ Selfie Camera ကတော့ 8MP ဖြစ်ပါတယ်။ OS ကိုတော့ Android 14 နဲ့ XOS 14.5 အသုံးပြုထားသလို Side-Mounted Fingerprint ကိုလည်း ထည့်ပေးထားပါတယ်။ အရောင်ကလည်း Sleek Black, Sage Green နဲ့Titanium Grey ဆိုပြီး (၃)မျိုးအထိ ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။
Featured Photo : GSM Arena