ကျန်းမာကြံ့ခိုင်ပြီး ကြွက်သားများကျစ်လျစ်နေတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ပေမယ့် အလုပ်များလွန်းလို့ လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ တစ်နေ့လျှင် ၆ မိနစ်ခန့်တော့ အချိန်ထွက်အောင် သင် ပြုလုပ်နိုင်ပါတယ်။ ရရှိတဲ့ အချိန် ၆ မိနစ် အတောအတွင်းမှာ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်း များ ပြုလုပ်သင့်ပါတယ်။ ဒါဆိုရင်တော့ ကျန်းမာကြံ့ခိုင်ကာ အဆီပိုများ ကင်းဝေးတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁)
ဒီလေ့ကျင့်ခန်းကတော့ ထိုင်လိုက် ထလိုက် ပြုလုပ်ရမယ့် Squat လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း ပြုလုပ်ခြင်းအားဖြင့် ကွီးတို့ရဲ့ ပေါင်ကြွက်သား၊ တင်ပါးဆုံကြွက်သားများနှင့် ခြေသလုံးကြွက်သားများ ကျစ်လျစ်တောင့်တင်းလာမှာပဲဖြစ်ပါတယ်။ အရိုးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါလိမ့်မယ်။ ပြုလုပ်ရမယ့် အကြိမ်ရေကတော့ ၁၀ ကြိမ်မှ ၁၅ ကြိမ်ကြား ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
ဒီလေ့ကျင့်ခန်းကတော့ အမျိုးသားများအားလုံး ပြုလုပ်သင့်တဲ့ ဒိုက်ထိုး Push-Up လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းပြုလုပ်နေတဲ့အချိန်မှာ လက်မောင်ကြွက်သားနှင့် ရင်အုပ်ကြွက်သားကို အားစိုက်ဖို့လိုအပ်ပါတယ်။ စုစုပေါင်း ၅ ကြိမ်မှ ၁၅ ကြိမ် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃)

တံတောင်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ထောက်ထားကာ Plank ထောက်ရမယ့် လေ့ကျင့်ခန်းလေးပဲ ဖြစ်ပါတယ်။ ထိုအနေအထားအတိုင်း ၁ မိနစ်ခန့် Plank ထောက်ပေးရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၄)
Source: Menshealth
ဒီလေ့ကျင့်ခန်းလေးကတော့ ခန္ဓာကိုယ်ကို အရှေ့သို့ ကိုင်းချကာ လက်နှစ်ဖက်က လမ်းလျှောက်တဲ့ ပုံသဏ္ဍာန် ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ ၁ မိနစ်ခန့် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၅)
Source: Greatist
အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပြီး မတ်မတ်ရပ်နေပါ။ ထို့နောက် ဘယ်ခြေကို အရှေ့ပို့ပါ။ ထို့နောက် ဘေးသို့ ပို့ပါ။ ထို့နောက် အနောက်တည့်တည့်သို့ ပို့ပါ။ နောက်ဆုံးမှာတော့ ဘယ်ခြေကိုပဲ တစောင်းအနေအထား ကွေးညွှတ်ကာ အနောက်သို့ ပို့ရမှာဖြစ်ပါတယ်။
တစ်ဖန် ညာခြေကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။ ၁ မိနစ်ပြည့်အောင် ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၆)
Source: Menshealth
ဒီလေ့ကျင့်ခန်းကတော့ ကြမ်းပြင်ပေါ်တွင် လှဲလျက်အနေအထားဖြင့် စက်ဘီးစီးနေတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ Bicycle Crunch လို့ အမည်ရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ၁ မိနစ် ပြည့်အောင် ပြုလုပ်ပေးလိုက်ပါ။
တစ်ရက်လျှင် ၆ မိနစ် အချိန်ပေးကာ အထက်ဖော်ပြပါ လေ့ကျင့်ခန်း များကို ပြုလုပ်ရုံဖြင့် အဆီပိုများ ကင်းရှင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါတယ်။
Source: Lifehack
Featured Image: Freepik





