မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဒီနွေမှာ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် ချယ်လ်ဆီး ကွင်းလယ်ကစားသမား မေဆန်မောင့် ကို ပြောင်းရွှေ့ကြေး ပေါင် သန်း(၆၀)နဲ့ ခေါ်ယူအပြီး ကစားသမားသစ် မောင့်ကို ယူနိုက်တက်အသင်းက အသင်းရဲ့ ဂန္တဝင် ကျောနံပါတ်တစ်ခုဖြစ်တဲ့ (၇)ကို ဝတ်ဆင်ခွင့်ပါ ပြုလိုက်ပါတယ်။
Photo Credit : Sky Sports
ယူနိုက်တက်ဟာ ဒီဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူဖို့အတွက် အခြားသော ကလပ်အသင်းတွေထက် ပိုမို ခဲယဉ်းနေရပြီး မေဆန်မောင့်ကိုတောင် (၄)ကြိမ်မြောက် ကမ်းလှမ်းမှသာ ခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုလို ကွင်းလယ်လူ မောင့်ကို ခေါ်ယူလို့အပြီးမှာပဲ ယူနိုက်တက် ပရိသတ်တွေ သိပ်သိချင်နေကြတဲ့ မောင်ရဲ့ ကျောနံပါတ်ကို ထုတ်ပြန်ရာမှာ အားလုံး အံ့အားသင့်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်က မောင့်ကို အသင်းရဲ့ legendary ကျောနံပါတ်ဖြစ်တဲ့ (၇) ပေးအပ်ခဲ့လို့ပါပဲ။
Photo Credit : The Athletic
အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမားလေး ဂနာချိုနဲ့ ပြီးခဲ့တဲ့ နှစ်ကမှ အေဂျက်စ်ကနေ ယူနိုက်တက်ဆီ ရောက်ရှိလာတဲ့ ဆမ်ဘာ တောင်ပံကစားသမား အန်ုတိုနီတို့လို ကစားသမားတွေကို ကျော်လွန်ပြီး ကွင်းလယ်လူတစ်ဦး အခုမှ အသင်းကို ရောက်လာသူကိုမှ အသင်းရဲ့ ဂန္တဝင် ကျောနံပါတ်ကို ပေးအပ်လိုက်တဲ့အပေါ် ပြည်တွင်းပြည်ပ ပရိသတ်တွေက ဝေဖန်ထားကြသလို လန်ဒန် အခြေစိုက်ကလပ် အာဆင်နယ်အသင်းက ယူနိုက်တက်ကို ရောက်လာပြီး ကျောနံပါတ် (၇)ဝတ်ကာ flop သွားတဲ့ ဆန်းချက်ဇ်နဲ့ပါ ခိုင်းနှိုင်း လှောင်ပြောင်နေကြပါသေးတယ်။
Photo Credit : Sky Sports
ချယ်လ်ဆီးကနေ ယူနိုက်တက်ကို ရောက်လာတဲ့ ကစားသမားတွေထဲမှာ မာတာ မာတစ်တို့ပြီးရင် မေဆန်မောင့်။ မာတာတို့ မာတစ်တို့ကတော့ ယူနိုက်တက်အတွက် အသုံးဝင်တဲ့ ကစားသမားတွေ ဖြစ်ခဲ့တယ် ဆိုပေမယ့်လည်း ချယ်လ်ဆီးမှာ ပိုကောင်းခဲ့သလို ယူနိုက်တက်မှာတော့ ချယ်လ်ဆီးတုန်းကလောက် ခြေစွမ်းမျိုးတွေ ပြန်လည် ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် မောင့်က တန်ဟက်ဂ် အရမ်း လိုချင်နေတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပြီး ယူနိုက်တက် ကွင်းလယ်အတွက်ပါ အကျိူးပြုနိုင်ဖွယ်လည်း ရှိနေတာကြောင့် ကျောနံပါတ် ဖိအား ၊ နောင်တောင်ကြီးတွေရဲ့ သိပ်မကောင်းခဲ့တဲ့ အစဉ်အလာ အစရှိတဲ့ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။
Featured Photo : SPORTbible