ဘယ်လောက်စားစား ဝိတ်မတက်လာလို့ စိတ်ညစ်နေပါသလား။ အခုဖော်ပြပေးမယ့် Diet Plan လေးကို ကျင့်သုံးကာ ထိုအတိုင်း လိုက်စားကြည့်လိုက်ပါ။ ဒီနည်းလမ်းလေးက ၇ ရက် အတွင်း ကျန်းကျန်းမာမာနဲ့ ဝိတ်တက် လာအောင် လုပ်ဆောင်ချင်တဲ့ ကွီး တို့အတွက် နည်းလမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။

ပထမရက်

၇ ရက် ဝိတ်တက် ကွီး 

နံနက်စာကို ပေါင်မုန့်ထောပတ်သုတ်လေးကို ပျားရည်လေး ဆမ်းကာ လုပ်စားကြည့်လိုက်ပါ။ ထို့နောက် ချောကလက်ပူပူ တစ်ခွက်၊ သစ်သီး ပန်းကန်လုံးတစ်လုံးစာတို့ကို စားသုံးပေးလိုက်ပါ။

နေ့လည်စာကိုတော့ ထမင်းနည်းနည်းကို ပရိုတင်းဓာတ်များတဲ့ အသားဟင်း တစ်ခွက်၊ ဗီတာမင်ဓာတ် ကြွယ်ဝတဲ့ ဟင်းရွက်ကြော်တစ်ခွက်၊ အာလူးဟင်းတို့ဖြင့် စားသုံးပေးလိုက်ပါ။

ညစာကိုတော့ ထမင်းနည်းနည်း၊ ဟင်းရွက်ကြော် နှစ်ခွက်စာ၊ အသားဟင်းအနည်းငယ်တို့ဖြင့် သုံးဆောင်ပေးလိုက်ပါ။

ညစာစားပြီးလို့ အချိုတဲချင်တယဆိုရင် သစ်သီးတစ်မျိုးမျိုး စားသုံးပေးနိုင်ပါတယ်။

ဒုတိယရက်

၇ ရက် ဝိတ်တက် ကွီး 

မနက်စာကို ဟင်းသီးဟင်းရွက်မျိုးစုံ၊ ကြက်သား (သို့) ပင်လယ်စာတို့ဖြင့် ပြုလုပ်ထားတဲ့ ဆန်ပြုတ်တစ်ခွက်ဖြင့် အစပြုပါ။ ထို့နောက် ငှက်ပျောသီး ၁ လုံး (သို့) ဘလူးဘယ်ရီသီးများ စားသုံးပေးလိုက်ပါ။

နေ့လည်စာကိုတော့ ကြက်ဥပြုတ် ၂ လုံး၊ ထောပတ်သီး ပန်းကန်လုံး ၁ လုံးစာ၊ ချိစ်အနည်းငယ်၊ ဟင်းရွက်သုပ် ပန်းကန်လုံး ၁ လုံးစာ၊ သစ်သီးဖျော်ရည်တစ်ခွက်တို့ကို သုံးဆောင်ပေးရပါမယ်။

ညစာကိုတော့ ငါးကင် တစ်ခွက်၊ ဟင်းသီးဟင်းရွက်ကြော် တစ်ခွက် စားသုံးပေးရပါမယ်။

အချိုတဲချင်တယ်ဆိုရင်တော့ သစ်သီးရေခဲမုန့်လေးကို စားသုံးနိုင်ပါတယ်။

တတိယရက်

၇ ရက် ဝိတ်တက် ကွီး 

မနက်စာကို ကြက်ဥကြော်တစ်ခွက်၊ နွားနို့ပူပူလေး (သို့) ချောကလက်ပူပူလေး (သို့) အသီးဖျော်ရည်တစ်မျိုးမျိုးဖြင့် အစပြုလိုက်ပါ။

နေ့လည်စာကိုတော့ ဟင်းရွက်သုပ်တစ်ခွက်၊ ကြက်စွပ်ပြုတ် တစ်ခွက် (သို့) အမဲစွပ်ပြုတ်တစ်ခွက်၊ ဒိန်ချဉ်နှင့် သစ်သီးအရောအနှောတစ်ပွဲ တို့ကို စားသုံးပေးလိုက်ပါ။

ညစာကိုလည်း ဟင်းရွက်စုံ အသုပ်တစ်ပွဲ၊ ထမင်းအနည်းငယ်ကို ပရိုတင်းဓာတ်များတဲ့ အသားဟင်းတစ်မျိုးနဲ့ ရောနှောစားသုံးလိုက်ပါ။

လေးရက်မြောက်နေ့

diet plan for kwee

လေးရက်မြောက်နေ့ကိုတော့ Cereal ကို သစ်သီးတစ်မျိုးမျိုးနဲ့ တွဲစားနိုငပါတယ်။

နေ့လည်စာကို ကြက်သား ခေါက်ဆွဲကြော် စားသုံးလိုက်ပါ။

ညစာကိုတော့ ဟင်းရွက်သုပ် နှစ်ခွက်စာ စားသုံးရပါမယ်။

ငါးရက်မြောက်နေ့

diet plan for kwee

မကျက်တကျက်ပြုတ်ထားတဲ့ ကြက်ဥပြုတ်နှစ်လုံးကို ပေါင်မုန့်မီးကင်၊ ထောပတ်သီး အနည်းငယ်တို့ စားသုံးလိုက်ပါ။

နေ့လည်စာကိုတော့ ငါးဟင်းကို ထမင်းအနည်းငယ်၊ ဟင်းရွက်ကြော်များများဖြင့် အရသာရှိရှိ စားသုံးနိုင်ပါတယ်။

ညစာကိုတော့ ကြက်ပေါင် ၂ တုံး၊ ထမင်းအနည်းငယ်၊ ဟင်းရွက်သုပ် ပန်းကန်လုံး ၁ လုံးခွဲစာတို့ဖြင့် စားသုံးပေးနိုင်ပါတယ်။

ခြောက်ရက်မြောက်နေ့

diet plan for kwee

ထောပတ် (သို့) ယိုသုတ်ထားတဲ့ ပေါင်မုန့်ချပ်လေးကို နွားနို့တစ်ခွက်ဖြင့် တွဲစားပေးလိုက်ပါ။ ထို့နောက် သစ်သီးပန်းကန်လုံးတစ်လုံးစာကိုပါ ထပ်မံဖြည့်စွက်စားသုံးလိုက်ပါ။

နေ့လည်စာကိုတော့ ထမင်းအနည်းငယ်၊ ကြက်သားပြုတ်၊ ဟင်းရွက်သုတ် ၂ ပွဲ စသည်ဖြင့် အရသာရှိရှိ သုံးဆောင်လိုက်ပါ။

ညစာကိုတော့ ဟင်းရွက်သုပ် ၂ ပွဲပဲစားသုံးရမှာဖြစ်ပါတယ်။ ညလယ်စာ ထပ်စားချင်သေးရင်တော့ သစ်သီးများ စားသုံးနိုင်ပါတယ်။

၇ ရက်မြောက်နေ့

diet plan for kwee

၇ ရက် အတွင်း ဝိတ်တက် ချင်တဲ့ ကွီး တို့အတွက် ဒီရက်က အရေးအကြီးဆုံးပါပဲ။

မနက်စာအဖြစ် ဟင်းနုနွယ်နဲ့ ကြက်ဥနဲ့ ရောပေါင်းထားတာကို ကော်ဖီတစ်ခွက်နဲ့ မြည်းစမ်းကြည့်လိုက်ပါ။

နေ့လည်စာကိုတော့ ခေါက်ဆွဲကြော်၊ အမဲသား၊ ဟင်းရွက်ကြော်တစ်ခွက်၊ ဟင်းချိုတစ်ခွက်ဖြင့် သောက်သုံးပေးလိုက်ပါ။ ပြီးရင် ပန်းသီးတစ်လုံး၊ ငှက်ပျောသီးတစ်လုံးပါ ထပ်စားပေးရပါမယ်။

ညစာကိုတော့ ဝက်ဂုတ်သားကင်၊ အာလူးမီးဖုတ်၊ ဟင်းရွက်သုတ် ပန်းကန်လုံး ၁ လုံးစာတို့ကို စားသုံးပေးရမှာပဲဖြစ်ပါတယ်။

ဒီ ၇ ရက် စာ Diet Plan လေးက ကျန်းကျန်းမာမာနဲ့ ဝိတ်တက် ဖို့ ကြိုးစားနေတဲ့ ကွီး တို့အတွက် သဘာဝနည်းလမ်းကောင်းလေးပဲဖြစ်ပါတယ်။

Source: Australianeggs

Featured Image: Healthkart