ဝိတ်ချစေမယ့် Diet Plan များအတိုင်း လိုက်စားရခြင်း၊ ဝိတ်ကျစေမယ့် လေ့ကျင့်ခန်းများ ပြုလုပ်ရခြင်းသည် ကိုယ့်စိတ်ကိုယ် မနိုင်တဲ့အချိန်မျိုးမှာ ခက်ခဲလှပြီး ဇွဲမရှိတဲ့အခါ တစ်ရက်၊ နှစ်ရက်နဲ့တင် ဆက်လုပ်ချင်စိတ်ရှိတော့မှာမဟုတ်ပါဘူး။ ထိုနည်းလမ်းများကို တကူးတကမပြုလုပ်နိုင်တဲ့ ဝိတ်ကျ ချင်တဲ့ ကွီး တို့အတွက် လွယ်ကူရိုးရှင်းတဲ့ အလေ့အကျင့်ကောင်း များကို ဖော်ပြပေးချင်ပါတယ်။

ဒီအလေ့အကျင့်ကောင်းများသည် အတင်းလုပ်ယူစရာမလိုဘဲ ဝိတ်ကျသွားအောင် ကူညီပေးမှာဖြစ်ပြီး သိပ္ပံနည်းကျ သက်သေပြထားပြီးသားဖြစ်တဲ့အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးများအတွက် စိုးရိမ်စရာမရှိဘဲ စိတ်ချလက်ချပြုလုပ်နိုင်ပါတယ်။

ဝိတ်ကျ ချင်တဲ့ ကွီး တို့အတွက် အားစိုက်ထုတ်စရာမလိုဘဲ ဝိတ်ကျသွားအောင် ကူညီပေးမယ့် အလေ့အကျင့်ကောင်း များကတော့ …

ပရိုတင်းများများစားသုံးပါ

ဝိတ်ကျ ကွီး အလေ့အကျင့်ကောင်း

သင်သည် ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများကို များများစားသုံးတဲ့အခါ အစားအလွန်အကျွံ စားသုံးခြင်းကို အလိုအလျောက် ရှောင်ကြဉ်ပြီးသွားဖြစ်သွားမှာဖြစ်ပါတယ်။ နောက်ဆက်တွဲကောင်းကျိုးအနေနဲ့ ကယ်လိုရီများကို ထည့်တွက်စရာမလိုဘဲ အလိုအလျောက် ဝိတ်ကျသွားမှာဖြစ်ပါတယ်။ တကယ်လို့ ပရိုတင်းကြွယ်ဝတဲ့ အစားအစာများကို များများစားသုံးပေးခြင်းနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ဝိတ်ကျသွားမယ့်အပြင် ကြွက်သားများလည်း ကျစ်ကျစ်လျစ်လျစ် ဖြစ်သွားမှာဖြစ်ပါတယ်။

မျက်လုံးအုပ်ထားပြီး အစားစားပါ

Portrait Of Blindfolded Young Man Tasting Food

Photo: iStock

ဂျာမနီသုတေသနပညာရှင်များသည် လူအချို့ကို မျက်လုံးအုပ်ထားကာ အစားအစားစေပြီး ကျန်တဲ့လူအချို့ကိုတော့ မျက်လုံးမအုပ်ထားဘဲ အစားအစားခိုင်းပါတယ်။ မျက်လုံးအုပ်ထားသူများသည် အစားအစာကို မြင်နေရပြီး စားသုံးနေရတဲ့သူတွေထက် အစား နည်းနည်းလေးပဲ စားတာကို လေ့လာတွေ့ရှိရပါတယ်။

ဒီလေ့လာတွေ့ရှိချက်အရ အစားအစာကို မမြင်ရခြင်းသည် ဆာလောင်မှုကို လျော့ချပေးနိုင်တဲ့အတွက်ကြောင့် ဒီနည်းလမ်းသည်လည်း ဝိတ်ကျ ချင်တဲ့ ကွီး တို့အတွက် အသုံးတည့်စေမယ့် အလေ့အကျင့်ကောင်း တစ်ခုပဲဖြစ်ပါတယ်။

အစားမစားခင်မှာ ရေနှစ်ခွက်သောက်ပါ

ဝိတ်ကျ ကွီး အလေ့အကျင့်ကောင်း

မကြာသေးမှီကမှ လေ့လာတွေ့ရှိထားတဲ့ သုတေသနလေ့လာချက်များအရ အစားမစားခင် မိနစ် ၃၀ အလိုမှာ ရေနှစ်ခွက်ခန့် သောက်သုံးခြင်းသည် ခန္ဓာကိုယ်ကို သွယ်လျသွားစေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒီအလေ့အကျင့်ကောင်းကို အစားမစားခင်တိုင်း ပုံမှန်ပြုလုပ်ပေးတဲ့အခါ ကိုယ်အလေးချိန် ၄.၄ ပေါင် (၂ ကီလိုဂရမ်)ခန့် လျော့ကျသွားပါလိမ့်မယ်။ ဒါ့အပြင် တစ်နေ့လျှင် ရေ ၁ လီတာ-၁ လီတာခွဲခန့် ပုံမှန်သောက်သုံးပေးပါကလည်း ဝိတ်ကျသွားမှာဖြစ်ပါတယ်။

ကော်ဖီများများသောက်သုံးခြင်း

ဝိတ်ကျ ကွီး အလေ့အကျင့်ကောင်း

သင်သည် ကော်ဖီချစ်သူတစ်ယောက်ဆိုရင်တော့ ဒီအချက်လေးက သင့်အတွက် သတင်းကောင်းပါပဲ။ သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ ကော်ဖီနှင့် လက်ဖက်ရည် သောက်သုံးခြင်းသည် မကြာခဏဆာလောင်မှုကို လျော့ချပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒါတင်မကသေးပါဘူး၊ လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာလည်း အဆီပိုများကို ပိုမိုလောင်ကျွမ်းပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။

ရေအေးအေးဖြင့် ရေချိုးပါ

ဝိတ်ကျ ကွီး အလေ့အကျင့်ကောင်း

သင့်အသားအရေကို ဝင်းလက်တောက်ပကာ စိုပြေစေချင်တယ်။ ပြီးတော့ ပြင်းထန်တဲ့လေ့ကျင့်ခန်းများ ပြုလုပ်ပြီးတဲ့နောက်မှာ ညောင်းညာကိုက်ခဲခြင်း၊ ကြွက်သားများ နာကျင်ခြင်းတို့ကို လျော့ချချင်တယ်ဆိုရင်တော့ ရေအေးအေးနဲ့ ရေချိုးရမှာဖြစ်ပါတယ်။ ရေအေးအေးနဲ့ ရေချိုးတဲ့အခါ ခန္ဓာကိုယ်သည် အေးတဲ့ပတ်ဝန်းကျင်တဲ့ ထိတွေ့သွားပြီး အဆီဆဲလ်များသည် အပူကို ထုတ်လုပ်ပေးဖို့ရန်အတွက် စတင်လောင်ကျွမ်းရပါတော့တယ်။ ဒီလိုကနေ အဆီတွေကျသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေအေးနဲ့ ရေချိုးပေးခြင်းသည် ဇက်ကြောနဲ့ ပုခုံးနေရာရှိ အကြောအချဉ်များ တောင့်တင်းနေခြင်းကိုလည်း အကြောအချဉ်များ ပြေလျော့အောင် ကူညီပေးပါသေးတယ်။

အစားစားတဲ့အခါ သေသေချာချာ ထိုင်စားပါ

ဝိတ်ကျ ကွီး အလေ့အကျင့်ကောင်း

Photo: Theguardian

အချို့သော အလုပ်များတဲ့သူတွေသည် မနက်စာ၊ နေ့ခင်းစာ စားဖို့ အချိန်မရတာတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုမျိုး အလုပ်များတဲ့ရက်တွေမှာ လမ်းလျှောက်ရင်း အစားစားခြင်း (သို့) အလုပ်လုပ်နေရင်း အစားအစားခြင်း တို့ကို ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုမျိုး အစား စားခြင်းသည် တရိပ်ရိပ်နဲ့ ဝိတ်တက်လာမှန်းမသိ တက်လာစေပါတယ်။

ဒါ့ကြောင့် အာဟာရပညာရှင်များက အစားစားတဲ့အခါ အစားစားခြင်းအလုပ်တစ်ခုကိုပဲ အာရုံစိုက်ကာ သေချာထိုင်စားသင့်ကြောင့် အကြံပေးထားပါတယ်။ ဒါမှသာ သင့်ဦးနှောက်က သင်သည် အစားစားနေတာဖြစ်ကြောင်း၊ ဘယ်အချိန်မှာ အစား စားတာ ရပ်သင့်ကြောင်း၊ အစားအလွန်အကျွံ မစားမိအောင် အသိပေးနေမှာဖြစ်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ခန္ဓာကိုယ်သည် ကိုယ်အလေးချိန်ကျသွားမှာဖြစ်ပါတယ်။

အစား စားတဲ့အခါ သေချာကြေညက်အောင် ဝါးစားပါ

man chewing food

အစား စားတဲ့အခါ သေချာအချိန်ယူကာ အစာ အတုံးအခဲများ မကျန်တော့တဲ့အခါ ကြေညက်အောင် ဝါးစားဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး ကြေညက်အောင် ဝါးစားခြင်းသည် တစ်လအတွင်း ကယ်လိုရီ ၂၀၀၀ ခန့် လောင်ကျွမ်းစေတယ်လို့ အာဟာရပညာရှင်များက ပြောကြားထားပါတယ်။ ဒီလိုမျိုး ကြေညက်အောင် ဝါးစားတဲ့အခါ အစာချေနေစဉ်မှာ ကယ်လိုရီပိုမိုလောင်ကျွမ်းသွားမှာဖြစ်ပြီး အစာအိမ်ဆီသို့ သွေးစီးဆင်းမှု ကောင်းမွန်အောင် ကူညီပေးမှာဖြစ်ပါတယ်။

ဝိတ်ကျ ချင်တဲ့ ကွီး တို့အနေနဲ့ ကိုယ်သည် အစာကို သေချာဝါးမစားဘဲ ပါးစပ်ထဲ ထည့်ပြီးတာနဲ့ ချက်ချင်းမြိုချတတ်တဲ့အကျင့်ရှိတယ်ဆိုရင်တော့ ထိုအကျင့်ဆိုးကို ဖျောက်ဖျက်ပြီး အခုဖော်ပြတဲ့ အလေ့အကျင့်ကောင်း ကို ကျင့်သုံးသင့်ပါတယ်။

အစပ် များများ စားသုံးပါ

spicy food for men

သိပ္ပံနည်းကျ သက်သေပြချက်အရ စပ်သောအစားအစာများ စားသုံးခြင်းသည် အစားအလွန်အကျွံ စားချင်စိတ်ကို လျော့ချပေးပြီး စွမ်းအင်များကို ပိုမိုတိုးမြှင့်စေတာကို တွေ့ရှိရပါတယ်။ အခြားသော သုတေသနလေ့လာချက်များရလည်း ငရုတ်သီးများ စားသုံးခြင်းသည် ကိုယ့်ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လိုရီထက် ပိုမစားမိအောင် ထိန်းချုပ်ပေးတယ်လို့လည်း သိရှိရပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်က မလိုလားအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့ အစပ်စားသုံးခြင်းသည်လည်း လက်တွေ့ကျတဲ့ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

Source: Brightside.me

Featured Image: Supplement4help