ဟောင်းပေမယ့် ကောင်းနေဆဲဆိုတာကတော့ ၈၀ ပြည့်နှစ်က သီချင်း ကောင်းတွေကို ရည်ညွှန်းတာလို့ ပြောမယ်ဆိုရင် မှားနိုင်မယ် မထင်ပါဘူး။ သီချင်းတစ်ပုဒ်က ကောင်းပြီဆိုရင် ခေတ်တွေ ဘယ်လောက်ပဲ ကြာညောင်းနေပါစေ လူအများရဲ့ ပါးစပ်ဖျားမှာ စွဲထင်ကျန်ရစ်နေမှာဖြစ်ပြီး ခေတ်အဆက်ဆက် နားထောင်သူတွေလည်း ကျန်ရှိနေမှာပဲ ဖြစ်ပါတယ်။

ကွီးတို့လည်း ၈၀ ပြည့်နှစ်က သီချင်းတွေကို နားထောင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် သီချင်း ကောင်းများကို နားဆင်ခံစားနိုင်ပါတယ်။

၁။ Take On Me – A-ha (1985)

Source: a-ha

၁၉၈၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သီချင်းရဲ့ တီးလုံးလေးက မြူးမြူးကြွကြွနဲ့ တစ်ခေတ်တစ်ခါက အချိန်တွေဆီ ပြန်ရောက်ရှိသွားအောင် ခေါ်ဆောင်ပေးနိုင်ပါတယ်။

၂။ Livin’ on a Prayer – Bon Jovi (1986)

Source: Bon Jovi

Bon Jovi ပရိသတ်တွေရဲ့ အသည်းစွဲ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ခပ်မိုက်မိုက် ရော့ခ်သီချင်းတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် နားဆင်ခံစားသင့်တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

၃။ Tainted Love – Soft Cell – (1981)

Source: Soft Cell

၁၉၈၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ အကြိုက်နဲ့ ထပ်တူကျ မကျဆိုတာကို သိချင်တယ်ဆိုရင်တော့ ကိုယ်တိုင် နားဆင်ခံစားကြည့်ပါဦး။

၄။ Total Eclipse of the Heart – Bonnie Tyler (1983)

Source: Bonnie Tyler

၁၉၈၃ ခုနှစ်တုန်းက Bonnie Tyler သီဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး အဆိုတော်ပေါင်းများစွာကလည်း Cover ပြန်လည်သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ယနေ့ထိတိုင် လူကြိုက်များနေတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

၅။ I Wanna Dance with Somebody – Whitney Houston (1987)

Source: Whitney Houston

Witney Houston ရဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး မြူးမြူးကြွကြွနဲ့ ကလို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလည်း နာမည်ကြီးခဲ့သလိုပဲ ယနေ့အချိန်ထိလည်း နာမည်ကြီးနေဆဲပဲ ဖြစ်ပါတယ်။

၆။ Sweet Child O’Mine – Guns N’ Roses (1987)

Source: Guns N’ Roses

ဟောင်းပေမယ့် ကောင်းနေဆဲ ၈၀ ပြည့်နှစ် သီချင်း များထဲက လူကြိုက်များတဲ့ နောက်တစ်ပုဒ်ကတော့ Sweet Child O’Mine ပဲဖြစ်ပါတယ်။ Guns N’ Roses ဆိုတဲ့ အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

၇။ Time After Time – Cyndi Lauper (1983)

Source: Cyndi Lauper

အဆွေးသီချင်းတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ရေ…၁၉၈၃ ခုနှစ်တုန်းက အဆွေးသီချင်းကရော ကွီးတို့ရဲ့ အကြိုက်နဲ့ ကွက်တိကျရဲ့လား။

၈။ Beat It – Michael Jackson (1982)

Source: Michael Jackson

ပေါ့ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် ဆိုသူကတော့ လူသာ သေသွားပေမယ့် သူ့ရဲ့ နာမည်နဲ့ သီချင်းတွေကတော့ ယနေ့ထိတိုင် နာမည်ကြီးကာ လူကြိုက်များနေဆဲပဲ ဖြစ်ပါတယ်။ ထိုသီချင်းများထဲက Beat It ဆိုတဲ့ သီချင်းကလည်း တစ်ပုဒ်အပါအဝင်ပါပဲ။

၉။ Uptown Girl – Billy Joel (1983)

Source: Billy Joel

Westlife အဖွဲ့ သီဆိုထားတဲ့ Uptown Girl သီချင်းကို ကြားဖူးကြပါလိမ့်မယ်။ ထိုသီချင်းရဲ့ မူရင်းအဆိုရှင်တော့ Billy Joel ဖြစ်ပြီး ၁၉၈၃ ခုနှစ်က သီဆိုထားတာပဲ ဖြစ်ပါတယ်။

၁၀။ Like a Prayer – Madonna (1989)

Source: Madonna

၁၉၈၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Madonna ရဲ့ Like a Prayer သီချင်းကိုလည်း နားဆင်ကြည့်လိုက်ပါဦး။ ထိုခေတ်ရဲ့ အငွေ့အသက်များကို ခံစားရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ၈၀ ပြည့်နှစ်က သီချင်း တွေထဲက ဘယ်သီချင်းကို အကြိုက်နှစ်သက်ဆုံးပါလဲ။

Featured Image: Aarp