10-80-10 Rule ဆိုတာ ထုတ်လုပ်မှု – ဓနဥစ္စာ ၈၀% ကို လူဦးရေရဲ့ ၂၀% ကနေ ပိုင်ဆိုင်/ထုတ်လုပ်တယ်ဆိုတဲ့ Pareto စည်းမျဉ်းရဲ့ အခွဲတစ်ခုပါ။ စာရင်းအင်းနဲ့ ကိန်းဂဏန်းလေ့လာမှုတွေမှာ လေ့လာရေးသုံးအချိုးလည်း ဖြစ်ပါတယ်။
10-80-10 စည်းမျဉ်းကတော့ လူရဲ့ အပြုအမူပေါ် သက်ရောက်မှုရှိတဲ့ စည်းမျဉ်းဖြစ်ပြီး ၂၀ ရာစုဆန်းပိုင်းက ထင်ရှားတဲ့ အီတလီ ဘောဂဗေဒပညာရှင် ဝီဖရာဒို ပါရီတိုရဲ့ Pareto Principle စည်းမျဉ်းကနေ ခွဲထွက်လာတာပါ။ ပါရီတိုရဲ့ တွေ့ရှိမှုအရ အဲ့ဒီခေတ် အီတလီဓနဥစ္စာရဲ့ ၈၀ ရာခိုင်နှုန်းကို လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းက ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။
Photo: Pexels
ဓနဥစ္စာခွဲဝေ ဖြန့်ဖြူးမှုကိုလည်း ၂၀/၈၀ နှုန်းနဲ့ လူ့အဖွဲ့အစည်းကို ခွဲပါတယ်။ ၁၉၄၀ ပြည့်လွန်နှစ်တွေမှာ စီးပွားစီမံခန့်ခွဲရေးဆိုင်ရာ အကြံပေးပညာရှင် ဂျိုးဆက် ဂျူရန်းက Pareto Principle ကို ထပ်လေ့လာပြီး အရည်အသွေးထိန်းချုပ်မှုကနေ အောင်မြင်မှုဆီ သွားနိုင်မယ့် စည်းမျဉ်းသစ်ကို ဖော်ဆောင်ပါတယ်။ 10-80-10 စည်းမျဉ်း ဆိုတာ စစ်မှန်တဲ့ ခေါင်းဆောင်သူ ၁၀% ၊ တခြားသူတွေဆီက လမ်းညွှန်မှုကို ရှာဖွေခြင်း ၈၀% နဲ့ ထုတ်လုပ်မှုမရှိတဲ့ အပြုအမှု ၁၀% ကို ရှာဖွေတာပါ။
ထက်မြက်ထိရောက်တဲ့ ကျွမ်းကျင်ပညာရှင် Elite တွေရဲ့ ၁၀% က သင့်စီးပွားရေးရဲ့ အဓိကမောင်းနှင်ချက် ဖြစ်ပြီး ရနိုင်သမျှ အမြင့်ဆုံးထုတ်လုပ်မှုနဲ့ ဝင်ငွေရအောင် ထုတ်လုပ်ပေးနိုင်ပါတယ်။ ထုတ်လုပ်မှု Productive ရဲ့ ၈၀% ကတော့ မနက် ၉ ညနေ ၅ နာရီ ဆိုင်ရာ တာဝန်တွေ ထမ်းဆောင်ကြမယ့် လုပ်အားတွေ ပဲ ဖြစ်ပါတယ်။ ဆန်းသစ်တီထွင်မှု သိပ်မပေးနိုင်ပေမယ့် သူတို့ဟာ လုံ့လရှိ ၊ စိတ်ချအားကိုးရသူတွေ ဖြစ်ဖို့ လိုပါတယ်။ ကျန်တဲ့ ၁၀% ကတော့ လုပ်အားသိပ်မထွက်သူတွေအချိုး ဖြစ်ပါတယ်။
Photo: Pexels
10-80-10 စည်းမျဉ်း ကို လုပ်အားတန်ဖိုး မြင့်တက်အောင် သုံးရာမှာ ဒီအချိုးတိုင်း ခွဲပြီး လေ့လာနိုင်ပါတယ်။ အလုပ်တာဝန်တွေမှာ အတော်ဆုံး အကျွမ်းကျင်ဆုံးက ဘာတွေလဲ ၊ တော်ရုံသင့်ရုံစာရင်းထဲက ဘယ်သူတွေလဲ။ အလုပ်မှာ အလုပ်မဖြစ်သူတွေက ဘယ်သူတွေလဲ။ ဒါဆိုရင် ဘယ်အပိုင်းမှာ ပိုပြီး အာရုံစိုက် Focus ထားပြီး ထုတ်လုပ်မှုကို မြှင့်တင်မလဲဆိုတာကို ချိန်ဆနိုင်မှာ ဖြစ်ပါတယ်။
Featured Photo : blmgroup