ကြွက်သားများ တောင့်တင်းကျစ်လျစ်ဖို့အတွက် Gym သွားပြီး Workout သွားလုပ်သူများလည်း ရှိကြသလို မိမိအိမ်မှာပဲ ရှိတဲ့ပစ္စည်းကိရိယာများနဲ့ အကျိုးရှိအောင် အသုံးချကာ ဆော့ကစားတတ်သူတွေလည်းရှိပါတယ်။

သင်က Gym သွားဖို့ မအားမလပ်တဲ့သူတစ်ယောက်ဆိုရင်တော့ မိမိအိမ်မှာပဲ မိနစ် ၂၀၊ မိနစ် ၃၀ ခန့်အချိန်ပေးပြီး အားကစားပြုလုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းဘောလုံးလေးတစ်လုံးရှိရင်တော့ ပိုပြီးထိရောက်မှုရှိတာပေါ့။

ထိုဘောလုံးတစ်လုံးတည်းရှိရုံနဲ့တင် လေ့ကျင့်ခန်းမျိုးစုံ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

home workout with medicine ball for men

လက်နှစ်ဖက်ကို ပုခုံးအောက်ထားပြီး ခြေထောက်နှစ်ဖက်ကိုတော့ ဘောလုံးပေါ် တင်ထားရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ခြေထောက်ကို ရှေ့တိုးနောက်ဆုတ်ပြုလုပ်ရမှာပါ။

လေ့ကျင့်ခန်း (၂)

home workout with medicine ball; Healthy lifestyle

ဒီလေ့ကျင့်ခန်းလေးကတော့ သင့် တင်ပါးကြွက်သား၊ ပေါင်ကြွက်သားများအတွက် အထောက်အကူဖြစ်စေပါတယ်။

လေ့ကျင့်ခန်း (၃)

home workout with medicine ball; Healthy lifestyle

အရင်ဦးဆုံး ဒူးနှစ်ဖက်ကို ၉၀ ဒီဂရီ ထောင်မတ်ထားပြီး ဘောလုံးကို ဒူးဖြင့် ထိန်းထားပါ။ လက်နှစ်ဖက်ကလည်း ဘောလုံးကို ကိုင်ထားရပါမယ်။ ညာဒူးကို ဆန့်တန်းလိုက်တဲ့အချိန်မှာ ဘယ်လက်ကိုလည်း ဆန့်တန်းလိုက်ပါ။ ဘယ်ညာတစ်လှည့်စီ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

home workout with medicine ball; Healthy lifestyle

ဒီလေ့ကျင့်ခန်းလေးကတော့ ဘောလုံးကို အရှေ့လွှဲလိုက် အနောက်လွှဲလိုက် ပြုလုပ်ရမှာဖြစ်ပါတယ်။ အကျိုးကျေးဇူးကတော့ ပေါင်ကြွက်သားနှင့် လက်မောင်းကြွက်သားများကို သန်မာစေမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

home workout with medicine ball; Healthy lifestyle

ဒီလေ့ကျင့်ခန်းလေးကတော့ ဒိုက်ထိုးလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

home workout with medicine ball; Healthy lifestyle

ဘောလုံးကို နံရံနှင့် ကျောကုန်းနှစ်ခုကြား ညှပ်ထားပြီး ထိုင် ထ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၇)

home workout with medicine ball; Healthy lifestyle

ဒီလေ့ကျင့်ခန်းလေးကတော့ ခါးကို ဟိုဘက် ဒီဘက် လှည့်ပေးရမှာဖြစ်ပါတယ်။ ဝမ်းဗိုက်နှင့် ခါးရှိအဆီပိုများကို ကျစေပါတယ်။ တစ်ခုသတိထားရမှာကတော့ ခါးနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကိုပဲ လှုပ်ရှားပေးရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းကိုတော့ ငြိမ်ငြိမ်လေးပဲ ထားပေးရပါမယ်။

လေ့ကျင့်ခန်း (၈)

home workout with medicine ball; Healthy lifestyle

ဒီလေ့ကျင့်ခန်းလေးကတော့ ခြေသလုံး ကြွက်သားများကို သန်မာစေပါတယ်။ ဘယ်ခြေ ပြီးသွားရင်တော့ ညာခြေပါ ဆက်လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၉)

home workout with medicine ball; Healthy lifestyle

ဘောလုံးကို ဝမ်းဗိုက်အောက်တည့်တည့်တွင် ထားပြီးတော့ လက်နှစ်ဖက်ကို အရှေ့တည့်တည့်သို့ ဆန့်တန်းပါ။ ထို့နောက် အောက်သို့ ပြန်ချပါ။ တစ်ဖန် ထိုလက်နှစ်ဖက်ကို ဗွီပုံသဏ္ဍာန် အနည်းငယ်ကားလိုက်ပါ။ အောက်သို့ ပြန်ချပါ။ ထို့နောက် လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဆန့်တန်းလိုက်ပါ။

ပုံသဏ္ဍာန် (၃) မျိုးစီပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးကတော့ တစ်နေကုန် ကွန်ပျူတာရှေ့ထိုင်ကာ အလုပ်လုပ်နေရသူတွေအတွက် အညောင်းအညာပြေစေတဲ့လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁၀)

home workout with medicine ball; Healthy lifestyle

ဒူးနှစ်ဖက် ထောက်ထားပြီး ဘောလုံးကို အရှေ့လှိမ့်လိုက်၊ အနောက်ပြန်လှိမ့်လိုက် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ဝမ်းဗိုက်ကြွက်သားများကို သန်မာစေပါတယ်။

Source: Openfit.com