ကျန်းမာဖို့ အကောင်းဆုံး နည်းလမ်းကတော့ မနက်မိုးလင်းကနေ ညအိပ်ရာဝင်တဲ့အထိ ကျန်းမာရေးအတွက် အကောင်းဆုံးနည်းလမ်းတွေနဲ့အညီ နေဖို့ပဲ ဖြစ်ပါတယ်။ တစ်ခါလောက် ကြီးကြီးမားမား ဖျားနာဖူးရင် ကျန်းမာခြင်းက ဘယ်လောက် အရေးပါတယ်ဆိုတာ သိသွားပါလိမ့်မယ်။ ဒီလို အခါနှောင်းမှ ကျန်းမာရေးအကျိုးအကြောင်း သိလိုက်ရတာမျိုး မဟုတ်ဘဲ ဆေးကူစရာမလိုဘဲ သဘာဝအတိုင်း ကျန်းမာအောင် လုပ်နိုင်မယ့် နည်းလမ်းတွေ သိထားရင် ပိုကောင်းမှာပါ။ ဒီနည်းလမ်းတွေက-

Photo: Pexels

(၁) မနက် ၅ နာရီ ၊ ၅ နာရီ ၁၅ မိနစ် အိပ်ရာက ထလိုက်ပါ။ တစ်နေ့ ၇ နာရီ အိပ်ပါ။
(၂) သွားတွေကို အမြဲ သန့်ရှင်းကျန်းမာအောင် ထားပါ။
(၃) ရေများများသောက်ပါ။ ဗိုက်ထဲ အစာမရှိခင် ရေသောက်တာဟာ အူမကြီးသန့်ရှင်းသွားပြီး ကိုယ်တွင်းအဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်ပါတယ်။ ဆက်တိုက်ကြီး ထိုင်ပြီး TV ကြည့်မယ့်အစား ဒိုက်ထိုး ၊ အိပ်ထမတင်လုပ်ရင်းနဲ့ တီဗွီကြည့်ပါ။
(၄) ပန်းသီး ၊ ငှက်ပျော ၊ အုတ်ဂျုံ စတဲ့ သစ်သီးဝလံတို့ကို အခါအားလျော်စွာ စားပေးပါ။

Photo: Pexels

(၅) ဒိုက်ထိုး ၊ တန်းခို ၊ Squat ထိုင်ပါ။ တစ်နေ့ထက် တစ်နေ့ အကြိမ်ရေ တိုးကစားပါ။ တောင်တက်ခရီးလိုမျိုး Outdoor Sports တွေ ကစားပါ။
(၆) Workout ပြီးလို့ နာရီဝက်အတွင်း အစာစားပေးပါ။ ညနေစာကို ပေါ့ပေါ့ပါးပါးပဲ စားပါ။
(၇) အဆီများတဲ့ အစားအစာ ၊ အသင့်စား တာရှည်ခံ စားသောက်ကုန်များ ၊ သကြားဓါတ်မြင့်တဲ့ အစားအစာများ ရှောင်ပါ။
(၈) အကောင်းမြင်စိတ်ရှိသတွေနဲ့ ပေါင်းသင်းပါ ။ ကိုယ်တိုင်လည်း သောကနည်းအောင် နေထိုင်ပါ။
(၉) လိင်ကိစ္စမစွဲလန်းအောင် နေထိုင်ပါ။
(၁၀) အိပ်ရာဝင်ချိန် ဖုန်းကို အနားမှာ မထားပါနဲ့။