သင့်ခန္ဓာကိုယ်အချိုးအစားသည် သင့်ခန္ဓာကိုယ်ရဲ့အလုပ်လုပ်ပုံ၊ အာရုံကြောဖွဲ့စည်းပုံစနစ်နှင့် သင့်စားသောက်မှုပုံစံကို ဖော်ပြပေးနေပါတယ်။ ပျမ်းမျှအားဖြင့် လူ့ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို အမျိုးအစား (၃) မျိုး ခွဲခြားနိုင်ပါတယ်။ လုံးဝန်းသော ခန္ဓာကိုယ်၊ ပိန်ချုံးသော ခန္ဓာကိုယ်နှင့် ကြွက်သားများ ကျစ်လျစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်တို့ပဲဖြစ်ပါတယ်။

ထိုအချိုးအစား (၃) မျိုးကိုမှ ထပ်ခွဲရင် ရပါသေးတယ်။ သို့သော် ဒီဆောင်းပါးထဲမှာတော့ အဓိကကျတဲ့ ခန္ဓာကိုယ်အချိုးအစား (၃) မျိုးကို ဖော်ပြပေးချင်ပါတယ်။ သင့်ခန္ဓာကိုယ်က ဘယ်အချိုးအစားထဲမှာပါဝင်သလဲ။ မိမိခန္ဓာကိုယ် အချိုးအစားနဲ့ လိုက်ဖက်တဲ့ လေ့ကျင့်ခန်းများကို လိုက်လံပြုလုပ်ကာ ကြွက်သားများ ကြီးထွားအောင် ပြုလုပ်နိုင်ပါတယ်။

လုံးဝန်းသော ခန္ဓာကိုယ်

fat body type for men

ဒီခန္ဓာကိုယ်ပိုင်ရှင်တွေကတော့ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်နှေးကွေးသူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ အဆီတွေရော ကြွက်သားတွေရော နှစ်မျိုးစလုံး ရောနှောနေတာဖြစ်ပါတယ်။ ခန္ဓာကိုယ် သွယ်လျကျစ်လျစ်ဖို့လည်း အင်မတန်ခက်ခဲပါတယ်။

ဒါပေမဲ့ လေ့ကျင့်ခန်းကို တစ်စိုက်မတ်မတ်နှင့် ပြင်းပြင်းထန်ထန်ပြုလုပ်ပေးမယ်ဆိုရင်တော့ မြန်မြန်ဝိတ်ကျနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ Full Body Training မျိုးကို ပြုလုပ်ပေးရမှာဖြစ်ပြီး နားချိန်နည်းနည်းနဲ့ မြန်မြန်ပြုလုပ်ပေးဖို့လိုပါတယ်။ Squats ထိုင်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းတို့သည်လည်း ဝိတ်မြန်မြန်ကျပြီး ကြွက်သားများကျစ်လျစ်အောင် ကူညီပေးပါတယ်။

exercises for men with fat body type

သတိထားရမယ့်အချက်ကတော့ လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ ပြည့်ပြည့်ဝဝအနားယူပေးဖို့လိုပါတယ်။ ညဘက်မှာလည်း အိပ်ရေးဝဝ အိပ်စက်ပေးရပါမယ်။ သရေစာမု့န်များ၊ အချိုဓာတ်များလွန်းသောအစားအစာများ၊ အဆီအဆိမ့်များ ရှောင်ပြီး ပရိုတင်းဓာတ်၊ သဘာဝအဆီဓာတ်နှင့် ဟင်းသီးဟင်းရွက်များများ စားသုံးပေးပါက ပိုထိရောက်မှုရှိပါတယ်။

ပိန်ချုံးသော ခန္ဓာကိုယ်ပိုင်ရှင်

skinny man

သူတို့ကတော့ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ် မြန်ဆန်သူတွေဖြစ်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ရှိ အဆီများ မြန်မြန်ကျေဖျက်လွယ်ပါတယ်။

ထိုခန္ဓာကိုယ်ပိုင်ရှင်တွေနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းများကတော့ အလေးတုံးကိုင်ကာ ပြုလုပ်ရတဲ့ Chest Press ၊ Bench Press တို့အပြင် လက်မောင်း၊ ပုခုံးနှင့် ကြွက်သားတို့ကို ဦးစားပေးဆော့ကစားဖို့လိုအပ်ပါတယ်။ တစ်ရက်လျှင် မိနစ် ၃၀ မှ ၄၅ မိနစ်အတွင်း လေ့ကျင့်ခန်းပြုလုပ်သင့်ပြီး တစ်ပတ်လျှင် လေးရက်ခန့် ဆော့ကစားနိုင်ပါတယ်။

exercise for men with skinny body type

သင့်အနေနဲ့ ဝိတ်တင်ချင်တယ်ဆိုရင်တော့ သရေစာမဟုတ်တဲ့ ကယ်လိုရီများများ ပါဝင်တဲ့အစားအစာများကို များများစားသုံးပေးပါ။ သရေစာကတော့ ကယ်လိုရီများပေမယ့် ရေရှည်မှာ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

ကြွက်သားများနှင့် ကျစ်လျစ်သောခန္ဓာကိုယ်

muscular man

ဒီခန္ဓာကိုယ်ကတော့ စောစောကခန္ဓာကိုယ်အချိုးအစားနှစ်ခုရဲ့အလယ်အလတ်ပေါင်းစည်းထားတာပဲဖြစ်ပါတယ်။ ဒီခန္ဓာကိုယ်ပိုင်ရှင်တွေသည် အစကတည်းက ကြွက်သားတွေ ပါရှိပြီးသားဆိုတော့ လေ့ကျင့်ခန်းကို အရမ်းကြီး အားစိုက်စရာမလိုပါဘူး။

exercise for men with muscular body

အဓိကအရေးကြီးတာကတော့ အစားအသောက်ပဲဖြစ်ပါတယ်။ သင် စားသုံးတဲ့အစားအစာထဲမှာ ပရိုတင်းဓာတ်နှင့် အဆီဓာတ်များ မျှတစွာပါဝင်ဖို့ လိုအပ်ပါတယ်။ ရေရှည်မှာ ကြွက်သားများကို ထိန်းသိမ်းဖို့အတွက်ဆိုရင်တော့ အလေးတုံးဖြင့် ဆော့ကစားဖို့လည်း လိုအပ်ပါတယ်။ Cardio လေ့ကျင့်ခန်းများသာမက အေရိုးပစ်လေ့ကျင့်ခန်းများကိုလည်း မျှတစွာ ဆော့ကစားသင့်ပါတယ်။

Source: Brightside.me