ကိုယ်လက်လေ့ကျင့်ခန်းဆိုတာ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဖွံ့ဖြိုးမှုအတွက်တင်မဟုတ်ဘဲ စိတ်နဲ့ဆိုင်တဲ့ကြံ့ခိုင်မှုအတွက်ပါ အရေးပါတဲ့အရာ ဖြစ်ပါတယ်။ ရုပ်ပိုင်းလှုပ်ရှားမှုတွေဟာ လူရဲ့ ကိုယ်တွင်းမှာ ရှိတဲ့ စိတ်ဖိစီးမှု ဟော်မုန်း Cortisol Levels တွေ လျှော့ချပြီး Endorphins လို စိတ်ဓါတ်ကြည်လင်ကြံ့ခိုင်မှု ဖြစ်စေတဲ့ဓါတ်တွေ ပေါ်ထွက်လာစေနိုင်ပါတယ်။

စိတ်ဖိစီးမှု လျော့ပါးပြီး စိတ်ဓါတ်ပိုကြည်လင်လာရင် ဘဝမှာ ကြုံတဲ့ ပြဿနာတွေကို ရင်ဆိုင်ရာမှာ ပိုပြီး အကောင်းမြင်စိတ် ၊ စုစည်းမှုရှိတဲ့စိတ် ၊ ထိရောက်ပြီး လက်တွေ့ကျတဲ့ စိတ်တွေနဲ့ ဖြေရှင်းနိုင်မှာပါ။ ဒါကြောင့် စိတ်ကို ပြင်နိုင်မယ့် အရေးပါဆုံး လေ့ကျင့်ခန်း ၃ မျိုးအကြောင်း တင်ဆက်လိုက်ရပါတယ်။

(၁) ယောဂ

Yoga

Photo: Unsplash

ယောဂကစားခြင်းဟာ ကိုယ်ခန္ဓာပျော့ပြောင်း သွက်လက်မှုအပြင် စိတ်ချမ်းသာငြိမ်းအေးမှုပါ ပေးနိုင်စွမ်းရှိပါတယ်။ ယောဂကစားခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပြီး စိတ်သက်သာရာရစေသလို ကြည်လင်ရွှင်လန်းမှုပါ မြှင့်တင်ပေးနိုင်ပါတယ်။ ခေတ်အဆက်ဆက်ကတည်းက စိတ်ဖိစီးမှုများသူတွေ ၊ သွေးဖိအားမြင့်ပြီး နှလုံးကျန်းမာရေးအားနည်းသူတွေအတွက် ယောဂကစားဖို့ ညွှန်းကြပါတယ်။

(၂) Kickboxing

Kickboxing

Photo: Unsplash

ကစ်ဘောက်ဆင်ကစားတာဟာ ကိုယ်ခံပညာတစ်ခုဆိုတာထက် ပိုပါတယ်။ Kickboxing ကစားနည်းက ကယ်လိုရီ Burn မှု မြင့်မားသလို ဇီဝကမ္မဖြစ်စဉ် ပိုအားကောင်းအောင်လည်း အထောက်အကူဖြစ်စေပါတယ်။ ဒီကစားနည်းက လက်ဝှေ့ထိုး Boxing နဲ့ ဘက်စုံကိုယ်ခံပည Martial Arts ပေါင်းထားတာ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မှုအပြင် ယုံကြည်စိတ် ၊ သတ္တိနဲ့ စိတ်ပိုင်းစွမ်းရည် ပိုတိုးတက်လာစေနိုင်ပါတယ်။

(၃) Dancing

Dancing Couple

Photo: Unsplash

ကတယ် ခုန်တယ်ဆိုတာ ပျော်စရာကောင်းသလို စိတ်ဖိစီးမှုလည်း လျော့ပါးစေနိုင်ပါတယ်။ အကပညာမှာ ဖန်တီးမှုနဲ့ ပင်ကိုယ်စရိုက် ဖော်ပြနိုင်စွမ်းတွေလည်း ထည့်သွင်းထားတဲ့ အတတ်ပညာဖြစ်ပြီး ကျန်းမာတဲ့စိတ်နဲ့ ယုံကြည်ကိုးစားမှုကို မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။ ကခုန်ခြင်းအားဖြင့် ဝိတ်ကျစေပြီး ကြွက်သားကျစ်လျစ်သန်မာစေသလို နှလုံးကျန်းမာရေးနဲ့ အရိုးသန်စွမ်းမှုလည်း မြင့်မားစေပါတယ်။

Featured Photo: Unsplash