ယောဂဆိုတာ အမျိုးသမီးတွေအတွက်ပဲလို့ အမျိုးသားထုကြီးဟာ နှစ်ပေါင်းများစွာ လက်ခံထင်မြင်ခဲ့ကြပါတယ်။ တကယ်တော့ ယောဂအကျင့်ဟာ လူတိုင်းရဲ့ ကိုယ်ကာယ နဲ့ စိတ်ပိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ပေးတဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ အမျိုးသားတွေ ယောဂကစားမယ်ဆိုရင် အခုပြောတဲ့ အကျိုးတွေ ခံစားရမှာပါ။

(၁) ကြွက်သားတွေ ကြံ့ခိုင်လာစေတယ်

young man and woman practicing yoga

Photo : Crello

ပုခုံး ၊ လက်မောင်းနဲ့ ကျောဘက် ကြွက်သားတွေ အားကောင်းဖို့ ယောဂကိုလည်း မေ့မထားသင့်ပါဘူး။ ယောဂဟာ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို အလုပ်ပေးတဲ့ လှုပ်ရှားမှုနည်းစနစ် ဖြစ်ပြီးယောဂကစားထားသူဟာ ကြွက်သားအုပ်စုတွေ ထိခိုက်ဒဏ်ရာရမှုကိုလည်း သက်သာလျော့ပါးစေပါတယ်။

(၂) ဝိတ်ကျစေဖို့ အကူအညီပေးတယ်

 man practicing half lotus pose with raised prayer hands near laptop and sports bottle

Photo : Crello

ဝိတ်ကျဖို့အတွက်လည်း ယောဂက အထောက်အကူပြုပါတယ်။ ယောဂ ကစားတာဟာ ခန္ဓာကိုယ် ဗိုက်အဆီစုဝေးစေတဲ့ ကော်တီဆိုး Level ကျဆင်းစေတာကြောင့် ဝိတ်ချရာမှာလည်း ယောဂကို အသုံးချနိုင်ပါတယ်။

(၃) စိတ်ဖိစီးမှု သက်သာစေတယ်

man practicing crescent lunge pose on yoga mat at home

Photo : Crello

ယောဂလောက် စိတ်နဲ့ ကိုယ်တွင်းက အကြောအချဉ်တွေ ပြေလျော့စေတဲ့ နည်းကောင်း မရှိပါဘူး။ ယောဂမှာ သုံးတဲ့ အသက်ရှုနည်းစနစ်တွေဟာ စိတ်ကို ပိုမို တည်ငြိမ်အေးချမ်းစေပြီး သွေးတိုးနဲ့ နှလုံးခုန်မှုတွေ လျော့ကျစေတယ်လို့ ဆိုပါတယ်။

(၄) အိပ်လို့ ပိုကောင်းတယ်

man meditating in lotus position with mudra sign at home

Photo : Crello

အမျိုးသား အိပ်စက်မှု ဖောင်ဒေးရှင်းရဲ့ လေ့လာမှုအရ အိပ်မပျော်တဲ့ ဝေဒနာခံစားရသူဟာ ယောဂ နေ့စဉ် ကစားရုံနဲ့ မြန်မြန် အိပ်လို့ ပျော်စေသလို အိပ်လို့လည်း ပိုကောင်းလာစေတယ်လို့ ဆိုပါတယ်။

Featured Photo : Crello