ကျန်းမာကြံ့ခိုင်တဲ့လူမှုဘဝကိုပုံဖော်ရာမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေက မပါမဖြစ်ပါပဲ။ Gym ကစားမှ ၊ ဝိတ်တွေမ မှကျန်းမာကြံ့ခိုင်တဲ့လူမှုဘဝကို ရနိုင်မှာမဟုတ်ပါဘူး။ လွယ်ကူရိုးရှင်းပြီး လူတိုင်းလုပ်လို့ရတဲ့ နေ့စဉ်လေ့ကျင့်ခန်းတွေ လုပ်သွားရုံနဲ့လည်း Healthy Lifestyle တစ်ခုရအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေအတွက် ကျန်းမာကြံ့ခိုင်နေဖို့ ကူညီပေးမယ့် နေ့စဉ်လေ့ကျင့်ခန်း (၄) ခုကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) စက်ဘီးနင်းခြင်း

man cycling on the road

Photo : ACTIVE

စက်ဘီးနင်းခြင်းဟာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့အတွက်အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ နှလုံးနှင့် ကြွက်သားကျန်းမာရေးကို ကောင်းမွန်စေပြီး အချိန်တိုအတွင်းအဆီပိုတွေလည်း ကျစေပါတယ်။ တစ်ရက်ကို တစ်နာရီခန့်အချိန်ပေးပြီး ၁၀ မိုင်ကနေ ၁၂ မိုင်ခန့် စက်ဘီးနင်းလေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။

(၂) ကြိုးခုန်ခြင်း

A young man jumps rope on the track of a football field

Photo : Twenty20

ကြိုးခုန်ခြင်းဟာလည်း ခန္ဓာကိုယ်အဆီပိုတွေလောင်ကျွမ်းစေပြီး ကြွက်သားများကျစ်လစ် သန်မာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ နေ့စဉ်ပုံမှန်ကြိုးခုန်လေ့ကျင့်ခန်း ပြုလုပ်သွားမယ်ဆိုရင် သက်လုံကောင်းလာစေမှာဖြစ်ပြီ လက်မောင်းကြွက်သား ၊ နောက်ကျောနှင့် ခြေသလုံးကြွက်သားတွေ တောင့်တင်းသန်မာလာမှာဖြစ်ပါတယ်။

(၃) ဒိုက်ထိုးခြင်း

Man Push Ups

Photo : Men’s Health

ရေချိုးခါနီး ၁၅ မိနစ်လောက်အချိန်ပေးလုပ်ဆောင်နိုင်တဲ့ Workout တစ်ခုဖြစ်ပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းက အမျိုးသားတွေနဲ့မစိမ်းတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ရင်ဘတ် ၊ နောက်ကျောနဲ့ လက်မောင်းကြွက်သားတွေ ကျစ်လစ်သန်မာလာစေပြီး ကိုယ်နေဟန်ထား ပြုပြင်ပေးတဲ့ အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

(၄) အေရိုးဗစ်ကစားခြင်း

A Young Man Doing Aerobics

Photo : The Times

မြူးမြူးကြွကြွသီချင်းလေးတွေနဲ့ စည်းချက်ညီညီကခုန်ရတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းဟာ ကျန်းမာကြံ့ခိုင်စေရုံသာမက စိတ်လက်ပေါ့ပါးလန်းဆန်းစေမှာ ဖြစ်ပါတယ်။ ပစ္စည်းကိရိယာမလိုပဲပြုလုပ်နိုင်တဲ့အပြင် ခန္ဓာကိုယ်တစ်ခုကို လှုပ်လှုပ်ရှားရှားကခုန်ရတဲ့လေ့ကျင့်ခန်းဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကိုအချိုးအစားကျကျလှပစေပြီး နှလုံးကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

Featured Photo : Men’s Health