ထိထိရောက်ရောက် Gym ကစားတော့မယ်ဆိုရင် လေ့ကျင့်ခန်းပိုင်းဆိုရာရော အစားအသောက်စနစ်ကိုပါ အထူးဂရုစိုက်ဖို့လိုပါတယ်။ weight gain ကစားသူဖြစ်ဖြစ် weight loss ကစားသူဖြစ်ဖြစ်အစားအသောက်ကို စည်းစနစ်နဲ့ စားပေးဖို့က မဖြစ်မနေ အရေးကြီးပါတယ်။ ဒါကြောင့် Gym ကစားနေသူတစ်ယောက်အနေနဲ့ ကိုယ်ကစားထားသမျှ ထိရောက်မှုပိုရှိစေဖို့ စားပေးသင့်တဲ့အစားအစာတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဥအမျိုးမျိုး

eggs

Photo : Freepik

ကြက်ဥ၊ ငုံးဥ စသည်ဖြင့် ဥတွေမှာ ပရိုတိန်းဓါတ်မြင့်မားပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၉ မျိုး၊ ကျန်းမာတဲ့ အဆီနဲ့ဗိုက်တာမင် ဒီဓါတ်တွေ ပါဝင်ပါတယ်။ ကြက်ဥဟာ အလွယ်တကူ ဝယ်ယူနိုင်ပြီး ဈေးသက်သာတဲ့ အစားအစာလည်းဖြစ်လို့ Diet အတွက် လက်စွဲထားသင့်ပါတယ်။

(၂) အမဲသား

Steak

Photo : Freepik

စားကျက်မှာ လွတ်လွတ်လပ်လပ် မြက်စားတဲ့ နွားကထုတ်တဲ့ အသားကို Grass-Fed Beef လို့ ခေါ်ပါတယ်။ ဒီလို အသားတွေဟာ ဟော်မုန်း အသားတိုးဆေးတွေထိုးပြီး မွေးတဲ့ မွေးမြူရေးနွား မဟုတ်တာကြောင့် ကျန်းမာရေးနဲ့ပိုညီညွတ်ပြီး အဆီလည်းနည်းပါတယ်။ Grass-Fed Beef မှာ သဘာဝ အိုမီဂါသရီး ဖက်တီးအက်ဆစ်၊ ဓါတ်တိုးဆန့်ကျင်နိုင်တဲ့ ဗိုက်တာမင်နဲ့နှလုံးနဲ့ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ Linoleic Acid ဓါတ်များ ပါဝင်ပါတယ်။

(၃) တူနာနဲ့ငါးအမျိုးမျိုး

Tuna steak

Photo : Freepik

ငါးတွေမှာ ပရိုတိန်းလို့ခေါ်တဲ့ အသားဓါတ်အပြင် အဆီနည်းပြီး အိုမီဂါဖက်တီး သရီးအက်ဆစ်ဓါတ်ကြွယ်ဝတာကြောင့် ဝိတ်ချဖို့Gym ကစားတဲ့သူတွေအတွက်ပါ ကောင်းမွန်ပါတယ်။

(၄) ဂျုံ၊ ပြောင်း

Whole Grains

Photo : Freepik

ကြွက်သားတွေတက်ဖို့ ကစားသူတွေကတော့ ဂျုံစားသင့်ပါတယ်။ ဝိတ်ချမယ့်သူတွေကတော့ ဂျုံတို့ ပဲပြောင်းတို့လို ကာဗွန်ဟိုက်ဒရိတ်တွေကို လျှော့စားသင့်ပါတယ်။ ဂျုံနဲ့လုပ်တဲ့ ပေါင်မုန့်ကြမ်းတွေမှာဆို ကျန်းမာရေးအတွက်ကောင်းပြီး ဝိတ်ချမယ့်သူရော၊ ဘော်ဒီတက်အောင် ကစားတဲ့သူပါ အဆင်ပြေပါတယ်။