Gym ကစားသူအများစုမှာ လိုချင်တဲ့ Body Goals တွေရှိကြပါတယ်။ ဝိတ်ကျဖို့ ၊ ကျစ်လစ်သန်မာတဲ့ ဘော်ဒီရဖို့ ၊ ကြွက်သားအမြောင်းမြောင်းနဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ရရှိ ပိုင်ဆိုင်ဖို့ စသည်ဖြင့်ပေါ့။ သင်ဟာ ကြံ့ခိုင်သန်မာပြီး ကြွက်သားအမြောင်းမြောင်းနဲ့ ဘော်ဒီမျိုးရဖို့ ကစားမယ့် သူတစ်ယောက်ဆိုရင်တော့ ကြွက်သားတက်အောင် တည်ဆောက်ရာမှာ လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန်အချက်တွေကိုတော့သေချာပေါက် သိထားဖို့လိုမှာပါ။ ကဲဒါဆိုဘယ်လိုအချက်တွေဖြစ်မလဲကြည့်လိုက်ရအောင်ပါ။
(၁) ဝိတ်တဖြည်းဖြည်းတိုး မ,ပါ
Photo : PSBDigital
အလေး မ, တယ်ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို ကြံ့ခိုင်သန်မာစေဖို့အတွက် ကစားပေးရတဲ့ အကောင်းဆုံးအားကစားနည်းဖြစ်ပါတယ်။ ရက်ပိုင်းနဲ့တော့ ကြွက်သားတွေသန်မာပြီး ကြွက်သားထုတက်လာမှာ မဟုတ်ပါဘူး။ ကိုယ်ကစားတဲ့ ဝိတ်အလေးချိန်ကို တဖြည်းဖြည်း တိုးသွားခြင်းဖြင့် ကြွက်သားတွေကို လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။
(၂) ပရိုတင်း များများစားပါ
Photo : Eat This, Not That
ပရိုတင်းဓာတ်က ကြွက်သားတည်ဆောက်နေသူတွေအတွက် အဓိကစားပေးရမယ့်အစားအစာတစ်ခုဖြစ်ပါတယ်။ ပရိုတင်းဓာတ်ဟာ ကြွက်သားထု တည်ဆောက်ရာမှာ အထောက်အပံ့ပေးပြီး ကြွက်သားမြန်မြန်တက်ဖို့နဲ့ ကြွက်သားဆုံးရှုံးမှုကို လျော့နည်းစေဖို့အတွက်လည်း ကူညီပေးပါတယ်။ နောက်ပိုင်းသက်လုံအားကောင်းစေကာ အားကစားလုပ်ရာမှာ ပိုမိုစွမ်းအင်စိုက်ထုတ်နိုင်မှာဖြစ်ပါတယ်။
(၃) ဆေးလိပ်/အရက်ရှောင်ပါ
Photo : Blog KlikIndomaret
ဆေးလိပ်/အရက်တွေဟာ အားကစားသမားတွေနဲ့ လားလားမှမသက်ဆိုင်တဲ့အရာတွေလို့ ဆိုရမှာပါ။ ဒါထက်ပိုဆိုးတာက သင်အနေနဲ့ ကြွက်သားတက်အောင် ကစားနေသူတစ်ယောက်ဆိုရင်တော့ ပိုလို့တောင်ရှောင်ရမှာဖြစ်ပါတယ်။ ဆေးလိပ်/အရာတွေက ခန္ဓာကိုယ်ကြွက်သားဆုံးရှုံးမှုကိုဖြစ်စေပြီး စွမ်းအင်လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်/အရာတွေကို လုံးဝရှောင်ဖို့အကြံပြုချင်ပါတယ်။
(၄) အိပ်ရေးဝဝအိပ်ပါ
Photo : iStock
ကြွက်သားထုတည်ဆောက်နေတဲ့ အမျိုးသားတွေအတွက် အိပ်စက်ချိန်ဟာ သိပ်ကိုအရေးကြီးပါတယ်။ ခန္ဓာကိုယ်ကို ကောင်းစွာအိပ်စက်အနားယူမှလည်း ကြွက်သား ဖွံ့ဖြိုးသန်စွမ်းမှုရှိစေမှာဖြစ်ပြီး ကြွက်သားသစ်တွေ ဖွဲ့စည်းရာမှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် အားကစားသမားတွေအနေနဲ့ အိပ်စက်ချိန်ကိုအလေးထားပြီး အိပ်ရေးဝဝအိပ်စက်အနားယူပေးဖို့လိုအပ်တာဖြစ်ပါတယ်။
Featured Photo : Men’s Health