ကိုယ်ခံပညာဆိုတာ ယောင်္ကျားတို့တက်မြောက်ထားသင့်တဲ့ ပညာရပ်တစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ ရှေးခေတ် ယောင်္ကျားများအနေနဲ့လည်း ကိုယ်ခံပညာရပ်ကို မဖြစ်မနေ သင်ကြားခဲ့ကြရပါတယ်။ ကိုယ်ခံပညာတက်မြောက်ထားရင် ယောင်္ကျားတစ်ယောက်ကို ဘာတွေပြောင်းလဲသွားစေမလဲ ဘယ်လိုကောင်းကျိုးတွေရစေလဲဆိုတာ ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။
(၁) ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်

Photo : Senshi Academy
Martial Art တက်ထားခြင်းရဲ့ သိသာတဲ့ အကျိုးကျေးဇူးတစ်ခုက မိမိကိုယ်ကို ခုခံကာကွယ်မှု စွမ်းရည်မြှင့်တင်ပေးတာပါပဲ။ ကိုယ့်ကို အန္တရာယ်ပြုလာနိုင်တဲ့အခြေအနေတွေ ခြိမ်းခြောက်မှုတွေက ဘယ်အချိန် ဘယ်နေရာမျိုးမှာ ကြုံလာရနိုင်တယ်ဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ ကိုယ်ခံပညာသင်ယူတက်မြောက်ထားမယ်ဆိုရင် ဒီလိုမထင်မှတ်ပဲကြုံလာနိုင်တဲ့ အခြေအနေတွေမှာ ကိုယ့်ကိုယ့်ကိုအကောင်းဆုံး ခုခံကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
(၂) လူမှုဆက်ဆံရေး ကောင်းစေတယ်

Photo : Legacy Martial Arts
Martial Art ဟာ ကိုယ်ခံပညာရပ်တစ်ခုထပ်ကို ပိုပါတယ်။ Martial Art သင်ယူခြင်းဖြင့် အသင်းအဖွဲ့စိတ် ၊ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင် ရွက်နိုင်စွမ်းတွေ တိုးတက်လာစေမှာပါ။ ဘာလို့ဆို လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့အတွက် လူမှုပတ်ဝန်းကျင်မှာဖြစ်လေ့ရှိတဲ့ ပဋိပက္ခများကိုဖြေရှင်းနိုင်ခြင်း ၊ သူငယ်ချင်းအသစ်များမိတ်ဖွဲ့ခြင်းတွေ စတဲ့အရည်အချင်းတွေ တိုးတက်လာစေမှာပဲ ဖြစ်ပါတယ်။
(၃) ယုံကြည်မှု တိုးစေတယ်

Photo : ONE Championship
ကိုယ်ခံပညာ တက်မြောက်ထားခြင်းက အားကစားရုံထဲမှာသာမက ပြင်ပလောကမှာပါ ကိုယ့်ကိုယ့်ကို ယုံကြည်မှုတိုးလာစေမှာ ဖြစ်ပါတယ်။ တိုက်နိုင်ခိုက်နိုင်စွမ်းရှိပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သူတစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို ယုံကြည်မှုရှိစွာကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။
(၄) ကျန်းမာကြံ့ခိုင်လာမယ်

Photo : Evolve MMA
Martial Art ဟာ ခန္ဓာကိုယ်တစ်ခုလုံးပေါ် သက်ရောက်မှုရှိစေတဲ့ Full Body Workout တစ်မျိုးဖြစ်ပြီး ကြံ့ခိုင်သန်စွမ်းလာစေမယ့် အကောင်းဆုံး အားကစားနည်းဖြစ်ပါတယ်။ Martial Art အများစုဟာ ပြင်းပြင်းထန်ထန်နဲ့ လှုပ်လှုပ်ရှားရှားကစားရတဲ့ ကစားနည်းတွေဖြစ်တာကြောင့် ခန္ဓာကိုယ်အဆီပိုတွေလျော့ကျပြီး ကြွက်သားများသန်မာကာ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကိုရရှိစေမှာပဲ ဖြစ်ပါတယ်။
Featured Photo : Evolve MMA
