အားကစားလုပ်ချင်တယ် ဒါပေမယ့် Gym သွားဖို့လည်း အချိန်ကောင်းကောင်းမပေးနိုင်ဘူး။ ကျန်းမာကြံ့ခိုင်တဲ့ဘော်ဒီလည်း ပိုင်ဆိုင်ချင်တယ်ဆိုတဲ့ကွီးတို့အတွက် အိမ်မှာတင်ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်ရအောင်လုပ်လို့ရမယ့် နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။
(၁) Workout Videos တွေနဲ့ လေ့ကျင့်ပါ

Photo : Coach Mag
Youtube မှာ Free ကြည့်လို့ရတဲ့ Workout Videos တွေနဲ့ လေ့ကျင့်ခန်း ကောင်းကောင်းလုပ်လို့ ရပါတယ်။ Gym ရုံသွားစရာမလို ၊ Gym နဲ့ပတ်သတ်တဲ့ စက်ကိရိယာတွေမလိုပဲ အချိန် ၊ နေရာမရွေး လေ့ကျင့်ခန်း လုပ်လို့ရနိုင်မှာပါ။
(၂) တက်နိုင်သလောက် လမ်းများများလျောက်ပါ

Photo : Men’s Health
လမ်းလျောက်ခြင်းဟာ လွယ်ကူရိုရှင်းပြီး ထိရောက်မှုရှိတဲ့ အခြေခံလေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ် အဆီပိုတွေလောင်ကျွမ်းစေပြီး ကြွက်သားများကျစ်လစ်သန်မာလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ တစ်နေ့ကို နာရီဝက်လောက်အနည်းဆုံး လမ်းလျောက်ပေးသင့်ပြီး လမ်းလျောက်ဖို့ သီးသန့်အချိန်မပေးနိုင်သူတွေအနေနဲ့ ရုံးဆင်းချိန်တွေမှာ ကားအသုံးမပြုပဲ လမ်းလျောက်ခြင်းကို အစားထိုးဖို့ အကြံပြုချင်ပါတယ်။
(၃) ကိရိယာတွေမလိုတဲ့ လေ့ကျင့်ခန်းတွေလုပ်ပါ

Photo : Muscle & Fitness
Fitness Equipment တွေဘာတစ်ခုမှမလိုပဲ အိမ်မှာတင်လွယ်လွယ်ကူကူလုပ်လို့ရတဲ့ လေ့ကျင့်ခန်းရှိပါတယ်။ ဒိုက်ထိုးခြင်း ၊ Plank ထောက်ခြင်း ၊ ကြိုးခုန်ခြင်း ၊ Squats ထိုင်ခြင်း ၊ Belly ရိုက်ခြင်း ၊ Jumping Jacks ခုန်ခြင်း စသည်ဖြင့်ပေါ့။ ရေချိုးခါနီး မိနစ်၂၀ လောက်ကို အဆိုပါ လေ့ကျင့်ခန်းတွေလုပ်ပေးရုံနဲ့ ကြွက်သားများကြံ့ခိုင်သန်မာပြီး တောင့်တင်းသန်မာတဲ့ ဘော်ဒီကို ရရှိနိုင်ပါတယ်။
(၄) အိမ်အလုပ်လုပ်ပါ

Photo : The Maids
အိမ်အလုပ်လုပ်တယ်ဆိုတာ တကူးတကလုပ်စရာမလိုတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ အိုးခွက်ပန်းကန်တွေ ဆေးကြောပါ။ ကြမ်းတိုက်ပါ။ ပြတင်းပေါက်တွေကို သန့်ရှင်းရေးလုပ်ပါ။ သစ်ပင်ပန်းပင်တွေကို ရေလောင်းပါ။ ခြံရှင်းပါ။ ဒါတွေအားလုံးဟာ ကယ်လိုရီလောင်ကျွမ်းစေတဲ့ အကောင်းဆုံး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။
Featured Photo : Modern Teen
