စမတ်ဖုန်းတွေ စစသုံးချင်းတုန်းကဆိုရင် 2G လောက်နဲ့သာ ကျေနပ်တင်းတိမ်ခဲ့ရာကနေ အခုဆိုရင် 4G 5G ဆိုပြီး အပြိုင်အဆိုင် ဖြစ်လာနေပါတယ်။ ဖုန်းကုမ္ပဏီများကလည်း ဈေးကွက်ထဲတွင်  4G ထက် 5G ကို ပိုမို ဦးစားပေးကာ ကြော်ငြာလာခဲ့ကြပါတယ်။ ဒါဆိုရင် 4G နဲ့ 5G စမတ် ဖုန်း တို့ အားပြိုင် မယ်ဆိုရင် ဘယ်ဖုန်းက အနိုင်ရမယ်လို့ ထင်ပါသလဲ။

မျိုးဆက်သစ်တွေ တစ်ခုပြီး တစ်ခု ပြောင်းသွားတိုင်းမှာ အရင် မျိုးဆက်က မလုပ်နိုင်ခဲ့တဲ့အရာတွေကို နောက်ပိုင်း မျိုးဆက်တွေက အကောင်အထည်ဖော်ပြီး လုပ်ဆောင်နိုင်လာခဲ့ကြပါတယ်။ ဒါက နည်းပညာ တိုးတက်မှုနဲ့လည်း အများကြီး သက်ဆိုင်ပါသေးတယ်။

4G နဲ့ 5G နဲ့ အားပြိုင် မယ်ဆိုရင်

smart phones

သေချာပေါက် အားကြီးတဲ့ကောင်က ပိုပြီး အနိုင်ရမှာ ပါပဲ။ ဒါပေမဲ့ 5G Network မရသေးတဲ့ နိုင်ငံမျိုးမှာဆိုရင်တော့ အားဘယ်လောက်ကောင်းကောင်း အချည်းနှီးပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သူ့ရဲ့ အလွန်ဆုံး ပေးစွမ်းနိုင်တဲ့ စွမ်းအားက 4G ထက် ပိုမပေးနိုင်လို့ပါပဲ။ ဒါပေမဲ့ ကိုယ် ရောက်နေတဲ့ နိုင်ငံက 5G အထိ အသုံးပြုနိုင်ပြီး ကိုယ့်ရဲ့ ဖုန်းက 5G သုံးလို့ မရဖူးဆိုရင်တော့ အဝိုင်းလည်နေတာပဲ ထိုင်ကြည့်နေရပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ အခြားသူတွေက 5G ဖုန်းတွေသုံးပြီး အင်တာနက် လိုင်းတွေက ဖလန်း ဖလန်း ထနေတဲ့အချိန်မှာ ကွီးတို့ ဖုန်းက 4G ပဲရရင်တော့ စိတ်ကို ရှည်ရှည်ဖြစ်အောင် ဆွဲဆန့်ထားဖို့ လိုအပ်ပါလိမ့်မယ်။

4G 5G အားပြိုင်

ဒါ့ကြောင့် 4G နဲ့ 5G အားပြိုင် ရင် ကွီးတို့ ရောက်တဲ့ နေရာနဲ့ပဲ သက်ဆိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကွီးတို့ ရောက်တဲ့နေရာက ဘယ်လောက်အထိ Support လုပ်ပေးနိုင်သလဲပေါ် မူတည်ပြီး ကွီးတို့ သုံးရမယ့်ဖုန်းက 4G လား 5G လားဆိုတာကို ဆုံးဖြတ်ရပါလိမ့်မယ်။

5G က ဘယ်လို အလုပ်လုပ်သလဲ

4G 5G အားပြိုင်

5G မလာခင်မှာ 4G က အရင်လာပါတယ်။ ဒါ့အပြင် သူတို့ နှစ်ခုကြားထဲမှာလည်း LTE ဆိုတဲ့ ပေါင်းကူးတံတားတစ်ခု ရှိပါသေးတယ်။ 5G မရခင်တုန်းကတော့ LTE က တော်တော်လေးကို ခေတ်စားခဲ့ပြီး ကမ္ဘာနှင့် အဝှမ်း အသုံးပြုလို့ရတဲ့ ကြိုးမဲ့ စနစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်လို့ 5G ပေါ်နေတဲ့ အချိန်မှာတော့ 5G က အားလုံးထက် ပိုမြန်ပြီး အလုပ်လုပ်ရတာလည်း ပိုမိုတွင်ကျယ်ပါတယ်။

အရင်တုန်းက 4G နဲ့ ဒေါင်းလုတ်ဒ် ချမယ်ဆိုရင် 1 မိနစ်ကို 1 Gbps အမြန်နှုန်းနဲ့ သွားတယ်ဆိုရင် 5G ကျတော့ တစ်မိနစ်ကို 10 Gbps နဲ့ သွားတော့ ကွီးတို့လို စိတ်မရှည်တတ်တဲ့ သူတွေအတွက် ကွက်တိပါပဲ။

ကဲ… ဒါဆိုရင်တော့ ဒီအမျိုးအစား နှစ်မျိုးမှာ ဘယ် အမျိုးအစားကို ရွေးချယ်ရမလဲဆိုတာ ကွီးတို့ သိသွားလောက်ပြီပေါ့။

Source: Techtarget.com

Featured Image: Telecomtalk.info