လူအများစုဟာ မနက်ခင်းမှာ အချိန်မရလို့ အိပ်ရာမထနိုင်လို့ စသည်ဖြင့် အကြောင်းပြချက်တွေနဲ့ မနက်ခင်း Workout လုပ်ဖို့ကို ရှောင်လွဲတက်ကြပါတယ်။ များသော အားဖြင့် ညနေခင်းအချိန်တွေမှာ Workout လုပ်ကြတာ များပါတယ်။ တကယ်တော့ မနက်ခင်းမှာ Workout လုပ်တာဟာ သင့်အတွက်ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေအများကြီးရှိနေပါတယ်။ ဘယ်လိုအကျိုးတွေရစေလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) စိတ်ခံစားမှု ပိုကောင်းတယ်

Young Sportive Guy at Workout in the Morning on Stadium

Photo : Freepik

မနက်ခင်း Workout လုပ်ခြင်းက တစ်နေ့တာကိုစတင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ဦးနှောက်က endorphins ဟော်မုန်းတွေပိုထုတ်ပေးပြီး စိတ်ခံစားမှုပိုကောင်းအောင် ကူညီပေးပါတယ်။

(၂) ဝိတ်ကျစေတယ်

Man Performing An Early Morning Workout

Photo : Freepik

မနက်ခင်း Workout လုပ်တာက အဆီလောင်ကျွမ်းမှုနှုန်းကို ပိုမိုအားကောင်းစေပြီး အဆီများများပို လောင်ကျွမ်းစေနိုင်ပါတယ်။ ဝိတ်ချနေသူတွေအနေနဲ့ မနက်စာမစားခင်အချိန်မှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အချိန်တိုအတွင်း ဝိတ်ကျလာစေမှာပါ။

(၃) စွမ်းအင်ပိုရတယ်

man Workout in the Morning on Stadium

Photo : Freepik

မနက်ခင်း အားကစားလုပ်ခြင်းဟာ စွမ်းအင် Level တိုးမြင့်စေပြီး တစ်နေ့တာလုံး တက်ကြွရွှင်လန်းစေပါတယ်။ စိတ်ကြည်လင်လန်းဆန်းစွာနဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို တက်တက်ကြွကြွလုပ်ကိုင်နိုင်မယ့်အပြင် ပင်ပန်းနွမ်းနယ်မှုကိုပါ လျှော့ချပေးမှာဖြစ်ပါတယ်။

(၄) အာရုံစူးစိုက်မှုကောင်းစေတယ်

man Stretching exercise on outdoor

Photo : Freepik

မနက်ခင်းလေ့ကျင့်ခန်း ပုံမှန်လုပ်တာက တစ်နေ့တာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ပြီး တစ်နေ့တာကို စိတ်ရှုပ်ထွေးမှုနှင့်စိုးရိမ်ပူပန်မှု အနည်းဆုံး ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မနက်ခင်းလေ့ကျင့်ခန်းလုပ်တာက အာရုံစူးစိုက်မှုကိုမြင့်တင်ပေးပြီး စဉ်းစားတွေးခေါ်ဖန်တီးနိုင်စွမ်းတွေ တိုးတက်စေပါတယ်။

(၅) အိပ်လို့ပိုကောင်းတယ်

Athletic Young Man Maker Workout Morning

Photo : Freepik

မနက်ခင်း လေ့ကျင့်ခန်းပုံမှန်ပြုလုပ်မယ်ဆိုရင် အိပ်စက်မှုအရည်အသွေးကိုတိုးတက်စေပြီး ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပဲဖြစ်ပါတယ်။ ညဘက်ကောင်းစွာ အိပ်မပျော်တဲ့သူတွေအနေနဲ့ မနက်ခင်းမှာ ၄၅ မိနစ်အချိန်ပေးပြီး လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။

Featured Photo : Unsplash