ဝမ်းဗိုက်ကြွက်သားများနဲ့ ကြည့်ကောင်းချင်တဲ့ စိတ်ကူးအိပ်မက်လေးတစ်ခု ယောကျာ်းတိုင်းမှာ ရှိကြပါတယ်။ Six-Pack ထွက်စေတဲ့ လေ့ကျင့်ခန်းများကို တစ်စိုက်မတ်မတ်လုပ်ဆောင်နိုင်တဲ့ ယောကျာ်းများအတွက်တော့ ဝမ်းဗိုက်ကြွက်သားများနဲ့ ကြည့်ကောင်းချင်တဲ့ စိတ်ကူးအိပ်မက်လေးက ပြည့်ဝနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းကို Diet Plan နဲ့ တွဲပြီး အစားအသောက်ပါ ဆင်ခြင်လိုက်မယ်ဆိုရင်တော့ ပိုမိုထိရောက်မြန်ဆန်ပါတယ်။
Six-Pack ထွက်အောင် ကူညီပေးတဲ့ လေ့ကျင့်ခန်းအများအပြားရှိတဲ့အနက် ထိရောက်မှုအရှိဆုံးနဲ့ အဓိကအကျဆုံး လေ့ကျင့်ခန်း (၅) မျိုးကို ဝေမျှပေးချင်ပါတယ်။
လေ့ကျင့်ခန်း (၁)
အရင်ဦးဆုံး ခန္ဓာကိုယ်ကို လှဲလျောင်းထားပါ။ ထို့နောက် လက်နှစ်ဖက်ကို ပုံပါအတိုင်း ထောက်ထားပါ။ ထို့နောက် ဆန့်တန်းထားတဲ့ခြေထောက်ကို ဒူးကွေးပြီး ရင်ဘတ်ဆီသို့ ထိကပ်လိုက်ပါ။ ထိုကဲ့သို့ ထိကပ်ချိန်မှာ ဝမ်းဗိုက်ကြွက်သားရဲ့ ညစ်အားကို အသုံးပြုရပါမယ်။
ဒီလေ့ကျင့်ခန်းကို တစ်မိနစ်တိတိပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၂)
Source: Stack.com
အရင်ဦးဆုံး လက်နှစ်ဖက်ကို ပုခုံးအောက်မှာ ဆန့်တန်းထားပါ။ ထို့နောက် ဘယ်ဒူးကို ပုံပါအတိုင်း ရင်ဘတ်ဆီသို့ ဆွဲကပ်လိုက်ပါ။ ဘယ်ညာ တစ်လှည့်စီပြုလုပ်ပေးရပါမယ်။
ဒီလေ့ကျင့်ခန်းကိုလည်း တစ်မိနစ်တိတိပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၃)
Source: Bodybuildingwizard.com
ဒီလေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာ လေ့ကျင့်ခန်းဘောလုံးရဲ့အကူအညီကို ရယူပေးရပါမယ်။ ထိုဘောလုံးမရှိပါက ကုလားထိုင် (သို့) ဆိုဖာပေါ်တွင် ပုံပါအတိုင်း ခြေထောက်တင်ထားလို့ရပါတယ်။ ပြုလုပ်နည်းကတော့ ပုံစံ (A) အတိုင်း အသင့်အနေအထားပြင်ထားပါ။ ပြီးမှ တံတောင်ကွေးကာ ဒိုက်ထိုးလိုက်ပါ။
လေ့ကျင့်ခန်း (၄)
Photo Source: Runsociety.com
ပုံပါအနေအထားအတိုင်း ၁ မိနစ်ခန့် တောင့်ခံထားပါ။ ထိုကဲ့သို့ တောင့်ထားချိန်မှာ ဝမ်းဗိုက်ကို ချပ်ထားပေးလိုက်ပါ။ ၁ မိနစ်ပြည့်ပါက ခန္ဓာကိုယ်ကို အခြားတစ်ဖက်သို့လှည့်ကာ နောက်ထပ် ၁ မိနစ် ထပ်လုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၅)
Photo Source: Muscle&fitness.com
တံတောင်နှစ်ဖက်ကို ဘောလုံးပေါ်တွင် အားစိုက်ကာ တင်ထားပါ။ ခန္ဓာကိုယ်ကိုလည်း ခါးကုန်းခြင်း၊ ပုခုံးကိုင်းခြင်းမျိုး မဖြစ်စေဘဲ တစ်ဖြောင့်တည်းဖြစ်နေရပါမယ်။ ဘောလုံးမရှိပါက ကြမ်းပြင်ပေါ်တွင် အလွတ် Plank ထောက်နိုင်ပါသေးတယ်။
ဒီလေ့ကျင့်ခန်းကိုလည်း တစ်မိနစ်တိတိ ပြုလုပ်ရပါမယ်။
Source: Active.com