ကွီးတို့အများစုသည် အလုပ်မအားသေးဘူး။ အလုပ်ရှုပ်နေလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လေ့ကျင့်ခန်းမလုပ်အားဘူးဆိုပြီး ဆင်ခြေမျိုးစုံပေးတတ်ကြပါတယ်။

ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ စားဖို့နဲ့ အိပ်ဖို့အတွက် အချိန်ရတယ်ဆိုရင် လေ့ကျင့်ခန်းပြုလုပ်ဖို့လည်း အချိန်ရပါလိမ့်မယ်။

လေ့ကျင့်ခန်း ပြုလုပ်ရဦးမယ်ဆိုတဲ့ စိတ်ဖိစီးမှုမျိုး မရှိဘဲနဲ့ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေဖို့အတွက် ခရီးသွားဟန်လွှဲပုံစံဖြင့် လေ့ကျင့်ခန်းပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

ရုံးတက်တဲ့အခါ အခွင့်ရရင်ရသလို ပြေးပါ

5 Easy Ways to Introduce Exercises to Your Busy Schedule

Photo: iStock

ကွီးတို့အနေနဲ့ ရုံးတက်ဖို့ရန်အတွက် ဘတ်စ်ကားဂိတ်ဆီသို့ ပြေးလွှားတဲ့အခါ အပြေးလေ့ကျင့်ခန်းပြုလုပ်သလို ပြေးနိုင်ပါတယ်။ Gym သို့ တကူးတကသွားဖို့ အချိန်မရဘူးဆိုတဲ့ အလုပ်များတဲ့ကွီးတို့အတွက် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။

အားကစားအဝတ်အစားများကို လက်လှမ်းမှီတဲ့နေရာမှာ ထားပါ

5 Easy Ways to Introduce Exercises to Your Busy Schedule

အချို့လူတွေက အဆင်သင့်ရှိနေတာမျိုးကိုပဲ ကြိုက်ကြတာပါ။ Gym သွားမယ်ဆိုလို့ရှိရင် ကိုယ့်မျက်စိရှေ့မှာ လိုအပ်တဲ့ ပစ္စည်းကိရိယာအားလုံး မျက်စိရှေ့မှာအဆင်သင့်ရှိနေတာမျိုးမှ Gym သွားဖြစ်ကြတာပါ။ တကူးတကကြီး ရှာနေရတဲ့အခါ Gym သွားချင်စိတ်ကို ပျက်စီးသွားစေပါတယ်။

ဒီအချက်ကတော့ စိတ်အပြောင်းအလဲမြန်တဲ့ကွီးတို့အတွက်ပါ။

လေ့ကျင့်ခန်းများကို ဦးစားပေးပါ

5 Easy Ways to Introduce Exercises to Your Busy Schedule

လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ရုံးမီတင် တက်ရသလိုပဲ အရေးကြီးပါတယ်။ ရုံးမီတင်မှာ ကိုယ့်ရဲ့လုပ်ဆောင်ချက်များ ဘယ်လောက်ထိ များသလဲ၊ ကိုယ့်ရဲ့တိုးတက်မှုနှုန်း ဘယ်လောက်ရှိသလဲဆိုတာကို သိရှိနိုင်သလို ကိုယ့်ရဲ့ခန္ဓာကိုယ် ဘယ်လောက်ထိ ကျန်းမာသလဲဆိုတာကို လေ့ကျင့်ခန်းပြုလုပ်တဲ့နှုန်းပေါ် ကြည့်နိုင်ပါတယ်။

ဒါ့ကြောင့် တစ်ရက်လေ့ကျင့်ခန်း စလုပ်လိုက်တာနဲ့ ဆင်ခြေပေးမနေတော့ဘဲ နောက်ရက်တွေမှာလည်း ပုံမှန်ပြုလုပ်သွားရမှာဖြစ်ပါတယ်။

ကလေးများနဲ့ ဆော့ကစားပါ

5 Easy Ways to Introduce Exercises to Your Busy Schedule

ကွီးတို့အိမ်မှာ ကလေးငယ်လေးတွေ ရှိပါသလား။

ကလေးငယ်များနဲ့ ဆော့ကစားခြင်းသည် စိတ်လက်ပေါ့ပါးပျော်ရွှင်စေပြိး ခန္ဓာကိုယ်ကို တက်ကြွရွှင်လန်းစေပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ နှစ်နာရီခန့် ဆော့ကစားပေးဖို့တော့လိုအပ်ပါတယ်။

မနက်စောစောထပါ

5 Easy Ways to Introduce Exercises to Your Busy Schedule

အထက်ဖော်ပြပါ နည်းလမ်းများနဲ့ အသုံးမတည့်ဘူးဆိုရင်တော့ နောက်ဆုံးလက်နက်ကို ထုတ်သုံးရတော့မှာပါပဲ။

ထိုလက်နက်ကတော့ အိပ်ရာစောစောထခြင်းပါပဲ။ မနက်စောစောထခြင်းသည် ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေပြီး စိတ်လက်အပန်းပြေစေပါတယ်။ မနက်ခင်းအချိန်သည် လေ့ကျင့်ခန်းပြုလုပ်ဖို့အကောင်းဆုံးအချိန်ပါပဲ။ ကွီးတို့သည် ယခင်က မနက် ၇ နာရီမှ အိပ်ရာထဖြစ်တယ်ဆိုရင် ၆ နာရီလောက် ပြောင်းထကြည့်လိုက်ပါ။ အချိန်ပိုထွက်လာမှာဖြစ်ပြီး လေ့ကျင့်ခန်းပြုလုပ်ဖို့လည်း အချိန်ရလာပါလိမ့်မယ်။

ကွီးတို့အနေနဲ့ ဒီနည်းလမ်းတွေကို စမ်းကြည့်ပြီးသွားတဲ့အခါ ဘယ်နည်းလမ်းက အသုံးအတည့်ဆုံးလဲဆိုတာ ဝေမျှပေးခဲ့ပါဦး။

Source: Starmarkfitnessstudio.com

Featured Image: Menshealth