ကိုယ်လက်ကြံ့ခိုင်ရေးဆိုတဲ့ အကြောင်းအရာက အားကစားလိုက်စားတဲ့ အမျိုးသားတစ်ယောက်အတွက် အထူးအဆန်းတစ်ခုတော့ မဟုတ်ပါဘူး။ Health & Fitness လို့ တွဲခေါ်လေ့ရှိကြတဲ့ ကျန်းမာကြံ့ခိုင်ရေးနဲ့ ပတ်သက်ပြီး အတော်များများက ကြားဖူးနားဝရှိပြီးသားပါ။ ဒါပေမယ့်လည်း မဖြစ်နေ သေချာပေါက်သိထားသင့်တဲ့ အချက်လေးတွေလည်း ရှိပါတယ်။

(၁) အကြောလျှော့ပါ

Stretching

Photo: Unsplash

အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံမှာ အမျိုးသားတွေက အမျိုးသမီးတွေလောက် အကြောပြေလျော့ခြင်း မရှိတာက သဘာဝပါ။ အကြောအချဉ်ပြေလျော့မှုဟာ အားကစားလုပ်မယ့်သူတွေ ချန်ထား/ကျော်လွှားလို့ မရတဲ့အပိုင်း ဖြစ်ပါတယ်။ ကြွက်သားတွေ တင်းနေတာ ပြေလျော့အောင် ပုံမှန် အကြောလျှော့ပေးခြင်းအားဖြင့် ကွေးရဆန့်ရလွယ်ပြီး ကြွက်သားအနားရသလို ထိခိုက်နာကျင်တာမျိုးလည်း မဖြစ်အောင် ရှောင်ကြဉ်ပြီးသား ဖြစ်စေမှာပါ။ ယေဘုယျစည်းမျဉ်းအရ အားကစားမလုပ်ခင် ယောကျ်ားတစ်ယောက် အဓိအကြောလျှော့ပေးရမယ့်နေရာတွေဟာ ပေါင် ၊ ပုခုံးနဲ့ လက်ပြင်တို့ ဖြစ်ပါတယ်။

(၂) ဖြည်းဖြည်းချင်း စပါ

Man Exercise

Photo: Unsplash

ကျန်းမာကြံ့ခိုင်မှု နှစ်မျိုးစလုံးအတွက် အားကစားလုပ်တာကို ဖြည်းဖြည်းချင်းကနေ စတင်ဖို့ အကြံပြုကြပါတယ်။ ပြိုင်ပွဲအတွက် လေ့ကျင့်တာမဟုတ်တဲ့ သာမန် အားကစားလိုက်စားသူတို့အဖို့ Workout အများစုက ခပ်ဖြည်းဖြည်းကနေ စရပါတယ်။ ဝိတ်မ,မယ်ဆိုရင် ဝိတ်ကို ဖြည်းဖြည်းချင်း မ,သွားတာဟာ ကြွက်သားပေါ် ထိအား ပိုတက်သလို သွေးစီးဆင်းမှုလည်း မြင့်မားစေပါတယ်။ ကြွက်သားစိုင်တွေ ဖွံ့ဖြိုးမှု မြန်ချင်ရင် ဖြည်းဖြည်းမ,ပါ။

(၃) Workout သစ်တွေ ကစားပါ

Workout

Photo: Unsplash

ယောကျ်ားတွေဟာ နေ့တိုင်း ဒါမျိုးချည်းဆို ရိုးအီသွားလွယ်တတ်ပါတယ်။ အားကစားလုပ်ရာမှာလည်း ဒီအတိုင်းပါပဲ။ Fitness Activities အသစ်အသစ် ပြောင်းကစားပေးတာဟာ စိတ်အားလည်း ပိုထက်သန်သလို ၊ ခန္ဓာတစ်ကိုယ်လုံး နေရာလပ်မကျန် Training ဆင်းပြီးသား ဖြစ်စေလို့ ကြံ့ခိုင်မှုအရလည်း တက်လာစေပါတယ်။ တချို့တွေကတော့ Gym ကစားနေကျကနေ Boxng Club တက်တာမျိုး လုပ်တတ်ပါတယ်။ အဓိကကတော့ အပြောင်းအလဲ ဖြစ်ဖို့ပါ။

(၄) စိတ်ဓါတ်လှုံ့ဆော်ပေးမယ့် လေ့ကျင့်ခန်းတွေပါ လုပ်ပါ

Martial Arts

Photo: Unsplash

Strength Training ဆင်းနေရုံနဲ့တင် မဖြစ်ပါဘူး။ ကာယအပြင် စိတ်နဲ့ ခံစားမှုပိုင်းပါ ထိရောက်တဲ့ လှုပ်ရှားမှုလေးတွေ လုပ်ပေးဖို့ ပြောချင်ပါတယ်။ ရုပ်ရော စိတ်ပါ မျှခြေဖွံ့ဖြိုးစေတဲ့ လေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့အပြင် အကြောအချဉ်ညွှတ်ပြောင်းမှု ၊ ကြွက်သားကျစ်လျစ်ကြံ့ခိုင်မှုတွေအတွက်ပါ ကောင်းပါတယ်။ ဒီလို လေ့ကျင့်ခန်းထဲမှာ လူသိများတာက ထိုက်ကျိ နဲ့ ယောဂတို့ ဖြစ်ပါတယ်။

(၅) အနားယူပါ

Rest

Photo: Unsplash

အားကစားလုပ်ရာမှာ မှန်ကန်တဲ့ အနားယူမှုကလည်း အားကစားလုပ်သလောက် ထိရောက်ပါတယ်။ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေ ဖွံ့ဖြိုးသန်စွမ်းဖို့ လှုပ်ရှားရမယ့်အချိန် ရှိသလို အနားယူရမယ့်အချိန်တွေလည်း ရှိပါတယ်။ စနစ်တကျ အနားယူခြင်းအားဖြင့် ကြွက်သားသန်စွမ်းကြီးထွားမှုကို အချိန်ပေးရာရောက်သလို စိတ်ခွန်အားတက်လာပြီး နောက်ထပ်ပို လှုပ်ရှားချင်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ တစ်ပါတ်မှာ နှစ်ရက် ၊ ၃ ရက် အားကစားမလုပ်ဘဲ အနားယူရမယ့်နေ့အဖြစ် သတ်မှတ်ထားတာ အကောင်းဆုံးပါပဲ။

Featured Photo: pulse