တစ်ကိုယ်ရည် သန့်ရှင်းခြင်းက လူတိုင်း လူတိုင်း နေ့စဉ် ပြုလုပ်သင့်တဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ စတိုင်ကျချင်သူများဆိုရင် တစ်ကိုယ်ရည် သန့်ရှင်းမှုအပြင် အသားအရေ ထိန်းသိမ်းခြင်းတို့ကိုပါ တွဲဖက် လုပ်ဆောင်သင့်ပါတယ်။

ဒါဆိုရင် ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်ခြင်းကို ဘယ်လိုပြုလုပ်ရလဲဆိုတဲ့အချက်များကို ဝေမျှပေးလိုက်ပါတယ်။

နှာခေါင်းမွှေးများ ညှပ်ပါ

man remove nose hair

Source: Ruggedstandard.com

မှန် သိပ်မကြည့်တဲ့အမျိုးသားများအနေနဲ့ ကိုယ့်နှာခေါင်းမွှေး ရှည်နေတာကို သတိမထားမိတတ်ကြပါဘူး။ ဒါပေမဲ့ သင်နဲ့ မျက်နှာချင်းဆိုင် စကားပြောနေရသူအဖို့ ထိုအရာက အနှောင့်အယှက်ဖြစ်စေပြီး သင့်ကို ညစ်ပတ်တဲ့သူတစ်ယောက်အဖြစ် ထင်မြင်မိစေပါလိမ့်မယ်။

မျက်ခုံးမွှေး ညှိပါ

man trim his eyebrow

Source: Maximonline.com

မျက်ခုံးမွှေးက သင့်ရဲ့မျက်နှာကို ပြောင်းလဲသွားစေပါတယ်။ မျက်ခုံးမွှေး ပြန့်ကျဲစွာ ပေါက်နေတယ်ဆိုရင် မျက်ခုံးမွှေး ရိတ်ပြီး ညှိပေးလိုက်ပါ။ မျက်ခုံးမွှေး ညီညီညာညာနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာပိုင်ရှင်ဖြစ်သွားပါလိမ့်မယ်။

သင့်အနေနဲ့ ကိုယ့်ဘာသာ မျက်ခုံးမွှေး မညှိတတ်ဘူးဆိုရင် ဆံပင်ညှပ်ဆိုင်သွားတဲ့အခါ ညှိခိုင်းလိုက်ပါ။

မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ

man washing face with facial foam

Source: Theauthenticgay.com

မျက်နှာကို သန့်သန့်ရှင်းရှင်း မထားပါက ဝက်ခြံပေါက်ပြီး အသားအရေက ညစ်ညစ်နွမ်းနွမ်းနဲ့ ကြည့်မကောင်းပါဘူး။ ဒါ့ကြောင့် မိမိအသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို ဝယ်ယူသင့်ပါတယ်။

လက်သည်း ခြေသည်းများကို ပုံမှန်ညှပ်ပြီး သန့်သန့်ရှင်းရှင်းထားပါ

clean and short nails

Source: Manscipated.com

လက်သည်း ခြေသည်းကြားထဲမှာ ချေးညှော်များ ကပ်ငြိနေတတ်ပြီး ဘက်တီးရီးယားပိုးမွှားများ ခိုအောင်းနေကြပါတယ်။ သင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် လက်သည်း ခြေသည်းများကို တိုတိုနဲ့ သန့်သန့်ရှင်းရှင်းပဲ ထားသင့်ပါတယ်။

Source: Oprah.com