မနက်ခင်းမှာပြုလုပ်နေကြအလုပ်တွေက သင့်ရဲ့အောင်မြင်မှုအတွက် အထောက်အကူပြုနိုင်တယ်ဆိုတာ သင်သိပါသလား။ ဒါ့အပြင် သင့်ကိုပိုမိုအောင်မြင်ရန်နဲ့ အမှန်တကယ်အရေးပါတဲ့အလုပ်တွေကို ရှင်းရှင်း လင်းလင်းသိနိုင်ဖို့လည်း ကူညီပါတယ်။ တစ်နေ့တာလုံးကို အကျိုးရှိရှိဖြတ်သန်းစေပြီး ပိုမိုကောင်းမွန်တဲ့နေ့ရက်တွေကို ဘယ်လိုဖန်တီးရမလဲဆိုတာအားလုံးသိချင်ကြမယ်ထင်ပါတယ်။ ဒါဆို အခုပဲပြောပြပေးပါမယ်။
(၁) စောစောထပါ

Source : Esquire Middle East
အိပ်ရာစောစောထတာဟာ သင့်အတွက်အကျိုးများစွာရှိစေပါတယ်။ မနက်ခင်းကို သင်ထနေကျအချိန်ထက် ၁နာရီစောထတဲ့အခါ အချိန်ပိုရတဲ့အတွက်အလုပ်တွေကိုကတိုက်ကရိုက်လုပ်စရာမလိုတော့ပါဘူး။ အေးအေးဆေးဆေးလမ်းလျှောက်လို့ရသလို၊ မနက်စာစားဖို့လဲ အချိန်ရစေပါတယ်။ ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်ဖို့လဲအချိန်ရစေပြီး တစ်နေ့တာလုံးသင့်ဘဝမှာဖြစ်ပေါ်လာနိုင်တဲ့ အရာအားလုံးကို ကိုယ်တွယ်ဖြေရှင်းဖို့အသင့်ဖြစ်နေစေပါတယ်။
(၂) ပြုံးပါ

Source : Men’s Health
အိပ်ရာနိုးနိုးချင်း အပြုံးနဲ့စတင်တာက အောက်ပါအရာတွေကိုဖြစ်စေတယ်လို့သိပ္ပံပညာရှင်တွေကဆိုပါတယ်။ သင်ပြုံးသောအခါ သင့်ခန္ဓာကိုယ်ဟာ စိတ်ခံစားမှုကောင်းမွန်ခြင်းကို ဖြစ်ပေါ်စေတဲ့ neurotransmitters dopamine နဲ့ endorphins ဓါတ်တွေကိုထုတ်လွှတ်ပေးပါတယ်။ ဆိုလိုတာက သင်အိပ်ရာနိုးလာတဲ့အခါ ပထမဆုံးအကြိမ်ပြုံးခြင်းအားဖြင့် သင့်တနေ့တာကိုပိုမိုကောင်းမွန်တဲ့စိတ်နေစိတ်ထားနဲ့စ တင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြုံးတဲ့အခါခန္ဓာကိုယ်ကထွက်တဲ့ serotonin ဓါတ်ကလည်း သင့်ကိုစိတ်ဓါတ်တက်ကြွစေပါတယ်။
(၃) အိပ်ရာသိမ်းပါ

Source : Healthline
ပျော်ရွှင်မှုကိုရဖို့ရိုးရှင်းတဲ့နည်းလမ်းက မနက်တိုင်းအိပ်ရာသိမ်းတာဖြစ်တယ်လို့ The Happiness Project ရးသားသူ Gretchen Rubin ကဆိုပါတယ်။ တစ်နေ့တာအတွက် တခြားအလုပ်တွေမစတင်ခင်မှာ ဒီသေးငယ်တဲ့အလုပ်လေးက သင့်စိတ်ကိုစပြီးတည်ငြိမ်စေပါတယ်။ သင့်အနေနဲ့သေးငယ်တဲ့အလုပ်တွေကို မှန်မှန်ကန်ကန်မလုပ်နိုင်ရင် ကြီးမားတဲ့အလုပ်တွေကိုလည်းမှန်ကန်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်အနေနဲ့ ကမ္ဘာကြီးကိုပြောင်းလဲချင်ရင် အိပ်ယာသိမ်းခြင်းကနေအစပြုပါ။
(၄) သံပုရိုရည်ညှစ်ထည့်ထားတဲ့ ရေနွေးတစ်ခွက်သောက်ပါ

Source : One Percent Better
မနက်ခင်း သင့်ရဲ့သွားတွေကိုတိုက်ပြီးတဲ့အခါ သံပုရိုသီးစိတ်အနည်းငယ်ညှစ်ထည့်ထားတဲ့ ရေနွေးတစ်ခွက် သောက်ပေးသင့်ပါတယ်။ သံပုရိုသီးက သင့်ရဲ့အသည်းနဲ့ ကျောက်ကပ်ကိုသန့်ရှင်းစေပြီး ဗီတာမင်စီပါဝင်မှုများ တဲ့အတွက် အအေးမိဖျားနာခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သံပုရိုသီးရဲ့အင်တီအောက်ဆီဒင့်ဂုဏ် သတ္တိက သင့်ရဲ့အရေပြားကိုနုပျိုစေပြီး ကျန်းမာစေတဲ့အပြင် free radical တွေကိုလည်း တိုက်ဖျက်ပေးပါတယ်။ သံပုရိုရေနွေးသောက်တဲ့အခါ သွားအပေါ်မှာရှိတဲ့ကြွေလွှာတွေကအချဉ်အက်ဆစ်ဓါတ်မထိအောင် အအေးသောက်ပိုက်နဲ့သောက်ဖို့အကြံပြုလိုပါတယ်။
(၅) တရားထိုင်ပါ

Source : BrabantWerkt.nl
သင့်ရဲ့တစ်နေ့တာကို တရားထိုင်ခြင်းနဲ့စတင်တာက သင့်ရဲ့အာရုံစိုက်မှုကိုတိုးတက်အောင်လုပ်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်စေပြီး အဖြစ်များတဲ့ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့တစ်နေ့တာလုံးမှာလုပ်ဆောင်မှုတွေပိုကောင်းစေဖို့ ၃ မိနစ်ခန့်တရားထိုင်ခြင်းကနေစတင်နိုင်ပါတယ်။ (၁) သက်တောင့်သက်သာအနေအထားမှာထိုင်ပါ။ (၂) သင့်မျက်လုံးတွေကိုမှိတ်ပြီး အသက်ရှုတာကိုအာရုံစိုက်ပါ၊ (၃) လေးကြိမ်အထိရေတွက်ပြီး အသက်ရှူသွင်းရှူထုတ်လုပ်ပါ။ ဒီတိုင်း တစ်နေ့ ၃ မိနစ်ခန့်ကနေစရင်လုံလောက်ပါတယ်။
