ဆောင်းတုန်းက ဝတ်ခဲ့တဲ့ အနွေးထည်တွေ ချောင်ထိုးထားရမယ့် နွေရာသီ ရောက်လာပါပြီ။ ဖက်ရှင်ကျကျ ဝတ်တတ်တဲ့ အမျိုးသားတွေကတော့ နွေရာသီမှာ ဝတ်ဖို့ Summer Outfit Idea တွေတောင် စဉ်းစားနေကြမယ် ထင်ပါတယ်။ ဒီဆောင်းပါးမှာ နွေရာသီမှာ ဘယ်လိုဖက်ရှင်တွေက အမျိုးသားတွေနဲ့ အလိုက်ဖက်ဆုံးနဲ့ Stylish အကျဆုံးဆိုတာ အကြံပေးချင်ပါတယ်။

(၁) Fitting ကျတဲ့ လက်တိုရှပ်

Photo: cheatsheet

ဘော်ဒီကစားထားတဲ့ အမျိုးသားတွေဆိုရင် Fitting Shirt နဲ့ အပြင်ထွက်ရင် စတိုင်မိုက်နေပါပြီ။ ပူအိုက်တဲ့ ရာသီမှာ အေးအေးလူလူဖြစ်မယ့် ချည်လက်တိုလေးတွေ ဝတ်သင့်ပါတယ်။ အရောင်ကိုလည်း အဖြူရောင် ၊ ပန်းဖျော့ ၊ ခရင်မ်ကာလာ နဲ့ မီးခိုးရောင်အနုလေးတွေ ရွေးဝတ်သင့်ပါတယ်။ Light Colors တွေဟာ အပူစုပ်မှု နည်းလို့ ဝတ်ရတာ သက်တောင့်သက်တာလည်း ရှိပါတယ်။

(၂) လီနင်ရှပ်

Photo: mensstyle

ပေါ့ပါးတဲ့ ချည်သားတွေက အမျိုးသားတွေရဲ့ နွေဦးဖက်ရှင်အတွက် အကောင်းဆုံး ရွေးချယ်မှုပါ။ ချွေးစုပ်နိုင်ပြီး လေဝင်လေထွက်လည်း ကောင်းလို့ နေရတာ ပေါ့ပါးစေပါတယ်။ နောက်တစ်ခုက လီနင်ချည်သားရှပ်တွေဟာ Formal ရော Casual ပါ ဝတ်ဖို့ သင့်တော်တဲ့ ဖက်ရှင်ဖြစ်လို့ အဝတ်အစားအတွက်လည်း ခေါင်းရှုပ်စရာ မလိုတော့ပါဘူး။

(၃) ပိုလိုရှပ်

Photo: botife

ပိုလိုရှပ်တွေက အမြဲပဲ တည်ငြိမ် ရင့်ကျက်ပြီး ယောင်္ကျားဆန်တဲ့ ဖက်ရှင်ကို ဆောင်ပါတယ်။ သူငယ်ချင်းတွေနဲ့ ချိန်းလို့ပဲ ဖြစ်ဖြစ် ကောင်မလေးနဲ့ပဲ သွားတွေ့တွေ့ ပိုလိုရှပ်ကို Slim Fit Chino ဘောင်ဘီနဲ့ Loafers ရှုးစ် တွဲဝတ်လိုက်တာနဲ့ အဆင်ပြေပါတယ်။

(၄) ဒူးပြဲ Denim Jeans

Photo: Mocah

နွေရာသီမှာ လူငယ်ဆန်ဆန် Casual ဖက်ရှင်နဲ့ လန်းချင်တယ်‌ဆိုရင် Denim Jeans တွေကို ချန်မထားသင့်ပါဘူး။ ဂျင်းစ်တွေဟာ Street Style သမားတွေအတွက် မရှိမဖြစ်ပါ။ ပိုလန်းချင်ရင် ဒူးနေရာ ပေါင်နေရာမှာ ဖြဲထားတဲ့ Ripped Jeans တွေနဲ့ ပွဲထုတ်နိုင်ပါတယ်။

(၅) ကင်းဗတ်စ်ရှုူးစ်

Photo: Fashion Hombre

အဖြူရောင် ကင်းဗတ်စ်သား Shoes တွေက နွေရာသီမှာ အလိုက်ဖက်ဆုံး Foot Wear ဖြစ်ပါတယ်။ အရောင်အနေနဲ့ ရွေးချင်သေးတယ်ဆိုရင် အနက်ရောင် ၊ နက်ပြာရောင်တွေလည်း ဝတ်သင့်ပါတယ်။

နောက်တစ်ခုက နွေရာသီမှာ စတိုင်ကျကျ အပြင်ထွက်ချင်တယ်ဆိုရင် နေကာမျက်မှန်ကောင်းကောင်း ဆောင်ထားသင့်ပါတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းသလို ကိုယ့်ရဲ့ စတိုင်ကိုလည်း အများကြီး သားနားသွားစေပါလိမ့်မယ်။