ဟောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသမီးချောလေး Jennifer Lawrence ကတော့ သူမရဲ့ ဒုတိယမြောက် ကလေးလေးကို မွေးဖွားအပြီးမှာ ရင်သားတင်တဲ့ ခွဲစိတ်ပြုပြင်မှု လုပ်ခဲ့ပါတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြောကြားလိုက်ပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူမက ပထမကလေးမွေးပြီးချိန်မှာ ခန္ဓာကိုယ်က အရင်လို ပုံမှန်အမြန်ဆုံး ပြန်ဖြစ်သွားခဲ့ပေမယ့် ဒုတိယကလေးအပြီးမှာတော့ အရာအားလုံးက အရင်လို ပြန်မဖြစ်တော့ဘူးလို့ ပေါ့ပေါ့ပါးပါး ရယ်သွမ်းသွေးရင်း ရှင်းပြခဲ့ပါတယ်။

The Cut မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ သူမရဲ့ ဆံကေသာထိန်းသိမ်းမှု ထုတ်ကုန်သစ် Mes ကို မိတ်ဆက်ရင်း အဲဒီအကြောင်းကို ရင်းရင်းနှီးနှီး ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဆုံးဖြတ်ချက်ချဖို့အတွက် သူမရဲ့ သရုပ်ဆောင်အလုပ်ကလည်း အများကြီး သက်ရောက်မှုရှိခဲ့တယ်လို့ ဝန်ခံခဲ့ပြီး သူမသာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် မဟုတ်ဘူးဆိုရင်တောင် ခွဲစိတ်ကုသမှုကိုတော့ လုပ်ဖြစ်မှာပဲလို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်က The New Yorker နဲ့ အင်တာဗျူးတုန်းကလည်း Botox နဲ့ Filler တွေလို အလှအပဆိုင်ရာ ကုသမှုတွေအပေါ် သူမရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ဖူးပါတယ်။

ကင်မရာရှေ့မှာ သဘာဝမကျဘဲ သိသာနေမယ့်အပြင် သရုပ်ဆောင်ရာမှာ မျက်နှာအမူအရာ သဘာဝကျကျ ရှိနေစေချင်တာကြောင့် Filler တွေကို ရှောင်ကြဉ်ပေမယ့် အနာဂတ်မှာတော့ မျက်နှာအရေးအကြောင်းဆွဲဆန့်တဲ့ ခွဲစိတ်မှုမျိုး လုပ်ဖြစ်နိုင်တယ်လို့ နောက်ပြောင်ပြောဆိုခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ Cooke Maroney နဲ့ သားနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ Lawrence က ကလေးတွေ ကျောင်းပို့တဲ့အခါတိုင်း သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းတဲ့ မိခင်တစ်ယောက် ဖြစ်ချင်တယ်လို့လည်း သူမရဲ့ ဆန္ဒကို ပြောပြခဲ့ပါတယ်။

မိခင်ဘဝက သူမရဲ့ ဘဝရပ်တည်မှုနဲ့ အလုပ်အကိုင်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အများကြီး ပြောင်းလဲစေခဲ့တယ်လို့ ဆိုသလို ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကိုလည်း အတတ်နိုင်ဆုံး ကာကွယ်ပေးထားချင်တယ်လို့ မိခင်မေတ္တာအပြည့်နဲ့ ပြောကြားခဲ့ပါတယ်။

Ref: people