လေ့ကျင့်ခန်းစလုပ်တဲ့အချိန်တွေ Gym စကစားတဲ့ ပထမဆုံးရက်တွေဆိုရင် ကြွက်သားနာကျင်မှုကို သိသိသာသာ ခံစားရပါတယ်။ ကြွက်သားနာကျင်မှုဟာ အနည်းဆုံး ၃ ရက် ကနေ ၅ ရက်အထိကြာတက်ပါတယ်။ တချို့ပြင်းပြင်းထန်ထန် ကြွက်သားနာကျင်မှုဖြစ်သူတွေဆိုရင် ဖျားနာတဲ့အထိ ပြင်းထန်တက်ပါတယ်။ ဒီတော့ အားကစားလုပ်သူတွေအနေနဲ့ ဒီလိုကြွက်သားနာကျင်မှုတွေဖြစ်လာပြီဆိုရင် အမြန်ဆုံးသက်သာအောင် လုပ်လို့ရမယ့်နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။

(၁) နှိပ်နယ်ပေးပါ

Get a massage

Photo : Men’s Health

နှိပ်နယ်ပေးခြင်းဟာ ကြွက်သားနာကျင်မှုကို သက်သာစေတဲ့အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် နှိပ်နယ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကြွက်သားများ ရောင်ရမ်းနာကျင်မှုကို သိသိသာသာလျော့ကျစေပြီး တစ်ချိန်တည်းမှာ ကြွက်သားဆဲလ်တွေ အတွင်းရှိ mitochondria ကိုနှိုးဆွပေးတာကြောင့် ကြွက်သားဆဲလ်တွေရဲ့ လုပ်ဆောင်မှုနှင့် repair ခြင်းကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။

(၂) Compression Wear တွေဝတ်ဆင်ပါ

compression wear

Photo : Myprotein

Gym ကစားတဲ့အခါ Compression Wear တွေဝတ်ဆင်ပြီးကစားတာက ကြွက်သားနာကျင်မှုဖြစ်ခြင်းကို လျော့နည်းစေပါတယ်။ Compression Wear တွေဟာ သွေးလည်ပတ်မှုကို တိုးတက်စေပြီး ကြွက်သား recovery ပြန်ဖြစ်တာလည်း မြန်စေပါတယ်။ နောက်ပြီး ကြွက်သားနာကျင်မှုကိုဖြစ်စေတဲ့ creatine kinase လို့ခေါ်တဲ့ အင်ဇိုင်းတွေလည်း ဖယ်ရှားပေးတာကြောင့် အားကစားလုပ်ပြီးချိန်မှာ ကြွက်သားနာကျင်မှု သက်သာစေမှာ ဖြစ်ပါတယ်။

(၃) ရေခဲရေစိမ်ပါ

Take an ice bath

Photo : XPT Life

၂၀၁၀ ခုနှစ်က လေ့လာမှုတစ်ခုအရ ရေခဲရေချိုးကန်များတွင် စိမ်ပေးခြင်းဟာ ရောင်ရမ်းခြင်းနှင့် တစ်သျှူးများပျက်စီးခြင်းကို လျော့နည်းစေတယ်လို့ သုတေသီတွေကဆိုထားပါတယ်။ အားကစားလုပ်ပြီးနောက် ရေခဲရေကန်အတွင်း ၅ မိနစ်ကနေ ၁၀ မိနစ်ခန့် စိမ်ပေးရမှာပါ။ ရေခဲရေစိမ်ခြင်းဟာ ကြွက်သားနာကျင်ခြင်းကို ၂၀ ရာခိုင်နှုန်းထိလျှော့ချပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

(၄)  အိပ်ရေးဝဝအိပ်ပါ

man sleeping

Photo : Men’s Journal

အားကစားသမားတွေအတွက် အိပ်စက်ခြင်းက သိပ်ကိုအရေးကြီးပါတယ်။ အားကစားလုပ်ပြီးနောက် အိပ်ရေးဝဝအိပ်စက်ပေးခြင်းဟာ ကြွက်သားတွေကိုအနားပေးရာရောက်စေပြီး ကြွက်သားများနာကျင်ခြင်းကို သက်သာစေမှာဖြစ်ပါတယ်။ နောက်တစ်နေ့ အားကစားပြန်လုပ်ဖို့အတွက်လည်း ကြွက်သားတွေကို အဆင်သင့် ဖြစ်နေစေမှာဖြစ်ပါတယ်။

(၅) ၂၄ နာရီအတွင်း antioxidants နှင့် protein မကြာခဏစားပါ

Eat antioxidants and protein frequently in the next 24 hours

Photo : Men’s Health

အားကစားလုပ်ပြီးနောက် ၂၄ နာရီအတွင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် ပရိုတင်းဓာတ်များများပါတဲ့အစားအစာတွေ မကြာခဏစားပေး သင့်ပါတယ်။ ပရိုတင်းအတွက် ကြက်သား အမဲသား ငါး ဥအမျိုးမျိုးနှင့် antioxidants အတွက် သလဲသီးနှင့်ကိုက်လန်တို့ကို စားပေးနိုင်ပါတယ်။ ၎င်းအစားအစာတွေဟာ ကြွက်သားများပြန်လည်သန်စွမ်းစေပြီး နာကျင်ကိုက်ခဲမှုတွေ သက်သာစေပါတယ်။ မှိုဟာလည်း ကြွက်သားရောင်ရမ်းနာကျင်မှုတွေလျော့ကျစေတဲ့ အကောင်းဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။

Featured Photo : Medical News Today