ကြွက်သားများ ကျစ်ကျစ်လျစ်လျစ်၊ ဗလတောာင့်တောင့်နဲ့ တကယ့်ယောကျာ်းပီသချင်သူများအတွက် ပထမဆုံး ပြုလုပ်ရမယ့်အချက်ကတော့ ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားရမှာပဲဖြစ်ပါတယ်။ အဆီပိုများ ဖယ်ရှားပြီးမှသာ ကြွက်သားကြီးပြီး ဗလတောင့်စေမယ့် လေ့ကျင့်ခန်းများ ဆက်လုပ်ရမှာပါ။

ဒါဆိုရင် အရင်ဦးဆုံး ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးနိုင်မယ့် လေ့ကျင့်ခန်းလေးများနဲ့ အစပြုလိုက်ရအောင်။

လေ့ကျင့်ခန်း (၁)

burpee exercise for men

Burpees လို့ခေါ်တဲ့ ဒီလေ့ကျင့်ခန်းကိုတော့ စက္ကန့် ၃၀ (သို့) စက္ကန့် ၆၀ ခန့် ပြုလုပ်ရမှာဖြစ်ပြီး ၄ ခါ ပြုလုပ်ရပါမယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား စက္ကန့် ၃၀ ခန့် အနားယူနိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

jump squat for men

ရိုးရိုး Squat ထိုင်တဲ့ လေ့ကျင့်ခန်းနဲ့ အားလုံးရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းကိုတော့ Squat လေ့ကျင့်ခန်းကို ဗားရှင်းမြှင့်ထားတဲ့ ခုန်ရတဲ့ Squat ပဲဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းကိုတော့ စက္ကန့် ၂၀ မှ စက္ကန့် ၄၀ အထိ ပြုလုပ်ရမှာဖြစ်ပြီး ၅ ခါ ပြုလုပ်ရပါမယ်။ တစ်ကြိမ်နှင့် တစ်ကြိမ်ကြား စက္ကန့်အနည်းငယ်ခန့် အနားယူနိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

arm cross side lunge for men

ခန္ဓာကိုယ်ကို ဘယ်ဘက်သို့ရွှေ့ပြီး ဘယ်ဒူးကွေးထားလိုက်ပါ။ ထိုအချိန်မှာ လက်နှစ်ဖက်ကို ယှက်လိုက်ပါ။ ဘယ်ညာ တစ်လှည့်စီကို စက္ကန့် ၃၀ (သို့) ၆၀ ပြည့်အောင် ပြုလုပ်ရပါမယ်။ ၅ ခါ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

jumping jacks for men

အရင်ဦးဆုံး အသင့်အနေအထားပြင်ဖို့ရန်အတွက် ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပြီး မတ်တပ်ရပ်နေပါ။ ထို့နောက် ပုံပါအတိုင်း ခြေထောက်နှစ်ဖက်ကို ဘေးသို့ကားလိုက်တဲ့အချိန်မှာ လက်နှစ်ဖက်ကို အပေါ်မြှောက်လိုက်ပါ။ စက္ကန့် ၂၀ ပြည့်အောင် ပြုလုပ်ရမှာဖြစ်ပါတယ်။ ၄ ကြိမ် ပြုလုပ်ရမှာပါ။

လေ့ကျင့်ခန်း (၅)

squat exercise for men

ဒီတစ်ခါမှာတော့ အလေးတုံးနှစ်တုံး လိုအပ်ပါလိမ့်မယ်။ အလေးတုံးနှစ်တုံးကို ပုံပါအတိုင်း ကိုင်ထားပြီး Squat ထိုင်လိုက်ပါ။ စက္ကန့် ၃၀၊ ၄ ကြိမ်စီ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၆)

side lunge exercise for men

ပုံပါအတိုင်း ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ခြေထောက်ကို နေရာမရွေ့စေဘဲ ခန္ဓာကိုယ်ကို ညာဘက်သို့ ယိမ်းပြီး ညာဒူးကွေးလိုက်ပါ။ ဘယ်ဒူးကိုတော့ ဖြောင့်တန်းကို ထားလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်ရပ်ပါ။ ဘယ်ညာ တစ်လှည့်စီကို စက္ကန့် ၃၀ ပြည့်အောင် ပြုလုပ်ရမှာဖြစ်ပြီး ၄ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုအကြား တစ်မိနစ် အနားယူနိုင်ပါတယ်။

ဒီလေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ပေးပါက ခန္ဓာကိုယ်ရှိ အဆီပိုများ ပျောက်ကွယ်သွားပြီး ဝိတ်ကျသွားပါလိမ့်မယ်။

Source: Lifehack.org