မနက်ခင်း အိပ်ရာနိုးထလာချိန်မှာ ဘာ့ကြောင့် လေ့ကျင့်ခန်း ပြုလုပ်သင့်သလဲ။

မနက်ခင်း နိုးထချိန်မှာ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းသည် စိတ်ခံစားချက်များကို ပိုမိုကောင်းမွန်စေပြီး ပိုမိုကျန်းမာလာစေပါတယ်။ သွေးလှည့်ပတ်မှု ကောင်းစေတဲ့အတွက်ကြောင့် တစ်နေ့တာလုံးမှာ တက်ကြွလန်းဆန်းနေပြီး အာရုံစူးစိုက်နိုင်မှုလည်း မြင့်မားလာစေပါတယ်။ ဒါ့အပြင် အရိုးအဆစ်နှင့် ကြွက်သားများကိုလည်း သန်မာစေပါတယ်။

သင့်အနေနဲ့ မနက်ခင်းနိုးထချိန်မှာ ပေါ့ပါးတဲ့လေ့ကျင့်ခန်းများကို ပြုလုပ်ချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

morning exercise for men

Photo Source: Lightfieldstudios.net

အိပ်ရာနိုးထလာသည်နှင့် အိပ်ရာအစွန်းတစ်ဖက်မှာ ခြေထောက်ကို ကြမ်းပြင်နှင့် ထိကပ်ထားပါ။ ခါးမတ်မတ်ထားပါ။ ထို့နောက် လက်နှစ်ဖက်ကို အပေါ်သို့ ပင့်တင်ကာ ခန္ဓာကိုယ်ကို ညာဘက်သို့ ယိမ်းလိုက်ပါ။ စက္ကန့်အနည်းငယ်ကြာ အကြောဆန့်ပြီးနောက်မှာ ခန္ဓာကိုယ်ကို အခြားတစ်ဖက်သို့ ယိမ်းကာ အကြောဆန့်လိုက်ပါ။ ဘယ် ညာ တစ်ဖက်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၈ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

morning exercise for men

Source: Flabfix.com

လေ့ကျင့်ခန်း (၁) ပြုလုပ်ပြီးတဲ့အခါမှာတော့ မတ်တပ်ရပ်လိုက်ပါ။ ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် ပုခုံးကို မလှုပ်စေဘဲနဲ့ ခေါင်းလေ့ကျင့်ခန်း ပြုလုပ်ရပါမယ်။ စုစုပေါင်း ၈ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

morning exercise for men

Photo Source: Wikihow.com

ခြေထောက်နှစ်ဖက်ကို ကားနိုင်သလောက် ကားထားလိုက်ပါ။ ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းလိုက်ပြီးနောက် ဘယ်ခြေချောင်းလေးများကို ညာလက်ဖြင့် ထိကပ်လိုက်ပါ။ တစ်ဖက် ညာခြေချောင်းလေးများကို ဘယ်လက်ဖြင့် ထိကပ်ပေးလိုက်ပါ။ ဘယ် ညာတစ်ဖက်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၈ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

morning exercise for men

ကြမ်းပြင်ပေါ်တွင် ခြေထောက်နှစ်ဖက် ဆန့်တန်းထားပြီး လက်နှစ်ဖက် ထောက်ထားပါ။ ထို့နောက် ညာခြေထောက်ကို ခန္ဓာကိုယ်အရှေ့ဘက်သို့ ဆွဲယူလိုက်တဲ့အချိန်မှာ ညာလက်ကို ပုံပါအတိုင်း အပေါ်သို့ ဆန့်တန်းလိုက်ပါ။ ထို့နောက် လက်ပြန်ချကာ ခြေထောက်ကို နောက်သို့ ပြန်ပို့ပြီး မူလအနေအထားအတိုင်း နေပါ။

တစ်ဖန် ဘယ်ခြေထောက်နှင့် ဘယ်လက်ကိုလည်း စောစောကနည်းအတိုင်း ထပ်မံပြုလုပ်ပေးရပါမယ်။ ဘယ်ညာ တစ်ဖက်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၈ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

morning exercise for men

ကြမ်းပြင်ပေါ်တွင် ဝမ်းလျားမှောက်နေပါ။ လက်နှစ်ဖက်ကိုလည်း ခန္ဓာကိုယ်ဘေးဘက်တွင် ကပ်ထားပါ။ ထို့နောက် လက်နှစ်ဖက်ကို ထောက်လိုက်ပြီးနောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖြည်းဖြည်းချင်း ကြွလိုက်ပါ။ မြွေဟောက် ပါးပျဉ်းထောင်ထားသကဲ့သို့ ပြုလုပ်ပေးပါ။ စက္ကန့် ၃၀ ခန့် ပြုလုပ်ပြီးပါက မူလအနေအထားအတိုင်း ပြန်နေပါ။ စုစုပေါင်း ၈ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၆)

morning exercise for men

ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထားပြီး လက်နှစ်ဖက်ထောက်ထားပါ။ အသက်ရှူထုတ်တဲ့အချိန်မှာ သင့်ရဲ့ကျောကုန်း၊ လည်ပင်းနှင့် ဦးခေါင်းတို့က လုံးဝန်းနေတဲ့ အနေအထားပြုလုပ်ရပါမယ်။ အသက်ရှူသွင်းလိုက်တဲ့အချိန်မှာတော့ ဦးခေါင်းမော့လိုက်ပြီး ခါးကော့လိုက်ပါ။

အသက်ရှူသွင်း ရှူထုတ်ခြင်းကို တစ်လှည့်စီပြုလုပ်ပါ။ စုစုပေါင်း ၈ ကြိမ် ပြုလုပ်ရပါမယ်။

Source: Foodspring.co.uk

Featured Image Source: Cnet.com