များသောအားဖြင့် Body Building လုပ်တဲ့သူတွေ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်ချင်သူတွေဟာ Gym ရုံတဲ့ ဝိတ်မလေ့ရှိကြပါတယ်။ တကယ်တော့ ဝိတ််မတယ်ဆိုတာ သာမန်လေ့ကျင့်ခန်းတစ်ခုထက်ကို ပိုပါတယ်။

ကျွန်တော်တို့ထင်ထားတာထက်ကိုပိုတဲ့ ကောင်းကျိုးတွေများစွာရှိနေလို့ပါပဲ။ ဒါဆိုဝိတ်မခြင်းက ဘယ်လိုကောင်းကျိုးတွေရစေမလဲ ၊ ဘာကြောင့် အမျိုးသားတွေဝိတ်မသင့်လဲဆိုတဲ့ အကြောင်းရင်းတွေကို ပြောပြပေးပါမယ်။

(၁) ကိုယ်အလေးချိန်ကျစေတယ်

Man Lifting Weights

Photo : The Manual

Weightlifting လုပ်ခြင်းဟာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို boost လုပ်ပေးပြီး အဆီပိုတွေ လောင်ကျွမ်းမှုမြင့်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အိပ်ပျော်နေစဉ်အချိန်မှာတောင် ကယ်လိုရီတွေဆက်လက်လောင် ကျွမ်းစေပါတယ်။ Diet ကောင်းကောင်းလုပ်ပြီး ဝိတ်မမယ်ဆိုရင် သိသာတဲ့ရလဒ်ကို ရရှိစေမှာပါ။

(၂) နှလုံးကျန်းမာရေးကို အထောက်အကူပြုတယ်

Man Lifting Weights

Photo : Shutterstock

အလေးမခြင်းဟာ သွေးလည်ပတ်စီးဆင်းမှုကို အားကောင်းစေပြီး သွေးပေါင်ချိန်မြင့်တက်မှုကို လျော့ကျစေပါတယ်။ လေ့လာမှုတွေအရ Weightlifting ကစားသူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေနည်းပြီး နှလုံးနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်။

(၃) အရိုးသန်မာစေတယ်

Man Lifting Weights

Photo : Mens Journal

အမျိုးသားအများစုဟာ အသက်အရွှယ်ရလာတာနဲ့အမျှ အရိုးပွတဲ့ပြဿနာတွေဖြစ်လေ့ရှိပါတယ်။ အလေးမခြင်းဟာ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုပါပဲ။ အလေးပုံမှန် မ, မယ်ဆိုရင်ကြွက်သားများကြံ့ခိုင်သန်မာရုံမက အရိုးတွေကိုလည်း ကျစ်လစ်သန်မာစေမှာပါ။

(၄) အိမ်ထောင်ရေးသုခပြည့်ဝစေတယ်

Man Lifting Weights

Photo : Unsplash

အလေးမခြင်းဟာ ‌ယောင်္ကျားပီသတဲ့ ခန္ဓာကိုယ်ကိုရစေတဲ့အပြင် လိင်မှုဘ၀ကိုလည်းတိုးတက်စေနိုင်ပါတယ်။ နောက်ပြီး အမျိုးသားတွေအတွက် လိင်မှုဆိုင်ရာမှာအရေးပါတဲ့ Testosterone Level ကိုတက်စေပြီး အိပ်ရာထက်မှာ သက်လုံကောင်းကောင်းနဲ့ စွမ်းဆောင်ရည် မြင့်စေမှာပါ။

(၅) ကြွက်သားကျစ်လစ်စေတယ်

Man Lifting Weights

Photo : Healthline

အားလုံးသိကြတဲ့အတိုင်းပါပဲ Weightlifting လုပ်တာဟာ ခန္ဓာကိုယ်အဆီထုထည်ကို ကျစေပြီး ကျစ်လစ်သန်မာတဲ့ကြွက်သားထု တက်လာစေမှာပါ။ ဒါ့ကြောင့်ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့် ၊ ကြွက်သားအမြောင်းလိုက်နဲ့ ကြည့်ကောင်းတဲ့ ဘော်ဒီမျိုးရချင်တဲ့ သူတွေအတွက်တော့ ဝိတ်မခြင်းဟာ ကျန်ထားလို့မရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

(၆) စိတ်ခံစားမှုမြင့်စေတယ်

Man Lifting Weights

Photo : Men’s Journal

ဝိတ်မခြင်းဟာ ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုတိုးစေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာခံစားမှုကို မြင့်စေပါတယ်။ စိတ်ဖိစီးမှုလျော့ကျစေတဲ့အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့အပြင် ညဘက်ကောင်းစွာအိပ်ပျော်ဖို့ကိုလည်းကူညီပေးပါတယ်။ Weightlifting လုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတိုးတက်စေတဲ့ အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပါပဲ။

Featured Photo : Muscle & Fitness