အားကစား မှန်မှန်ပြုလုပ်တဲ့ ယောကျာ်းများအတွက်တော့ အဆီပိုများ ကင်းရှင်းပြီး ကြွက်သားများနဲ့ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အားကစားနဲ့ ကင်းကွာပြီး ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ ယောကျာ်းများအတွက် အဆီတွေက မဖိတ်ခေါ်ပါဘဲနဲ့ ဝင်ရောက်လာတတ်ကြပါတယ်။

ထိုအဆီပိုများကို ဖယ်ရှားချင်တယ်ဆိုရင်တော့ ထိရောက်မှုရှိတဲ့ အားကစားများကို ရွေးချယ်ပြုလုပ်ဖို့လိုပါတယ်။ ဘယ်လိုအားကစားမျိုးက ခန္ဓာကိုယ်အဆီပိုများကို အပြီးတိုင်ဖယ်ရှားပေးနိုင်မလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ကြိုးခုန်ခြင်း

jumping rop exercise for men

ကြိုးခုန်ခြင်းက ကလေးတွေ အကြိုက်နှစ်သက်ဆုံး အားကစားတစ်ခုပါ။ အားကစားသမားများအကြားလည်း ရေပန်းစားပါတယ်။ ကြိုးခုန်းခြင်းက အကောင်းမွန်ဆုံး Cardio လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး အချိန်ကိုက်လုပ်ဆောင်တတ်ခြင်းအပြင် အဆီကျစေဖို့လည်း ကူညီပေးပါတယ်။

ရေကူးခြင်း

Swimmer in cap and glasses in swimming pool- healthy lifestyle

ဘယ်အားကစားကိုမှ မနှစ်သက်ဘူး။ ဒါပေမဲ့ ရေကူးရတာကို ကြိုက်တယ်ဆိုရင်တော့ ဒီအားကစားက သင့်အတွက်ပါ။ ရေကူးခြင်းကြောင့် ကယ်လိုရီများများ လောင်ကျွမ်းစေပြီး ဆီးချိုရောဂါ၊ နှလုံးရောဂါများမှ ကာကွယ်ပေးတဲ့ အားကစားတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်မာစေပြီး ခန္ဓာကိုယ်တွင် အဆီပိုများ မရှိဘဲ ကျစ်လျစ်စေပါတယ်။ တစ်ခုရှိတာကတော့ ရေကူးပြီးသွားလို့ မောတယ်ဆိုပြီး အစားအစာများ အလွန်အကျွံ မစားမိဖို့တော့လိုပါတယ်။

စက်ဘီးစီးခြင်း

man bicycling for a healthy lifestyle

စက်ဘီးစီးခြင်းကလည်း အပြေးအားကစားလိုပဲ ဝိတ်လျော့ဖို့အတွက် အစွမ်းထက်တဲ့အားကစားတစ်ခုပါပဲ။ ကြွက်သားများနဲ့ နှလုံးအားကောင်းအောင် ကူညီပေးတဲ့အပြင် ဟိုနား ဒီနားသွားတဲ့အခါ စက်ဘီးစီးပြီးသွားမယ်ဆိုရင်လည်း ပိုက်ဆံချွေတာရာလည်း ရောက်ပါတယ်။

Burpees လေ့ကျင့်ခန်း

burpees exercise for men

Photo: Gfycat.com

Burpees လေ့ကျင့်ခန်း ပြုလုပ်တဲ့ တစ်မိနစ်စီတိုင်းအတွက် ၁၀ ကယ်လိုရီခန့် လျော့ချပေးနိုင်ပါတယ်။ ကြွက်သားများကို ကျစ်လျစ်စေပြီး အဆီပိုများကို ဖယ်ရှားပေးပါတယ်။

ဘောလုံးကစားခြင်း

healthy lifestyle- man playing football

ဘောလုံးကစားခြင်းကတော့ အားကစားအားလုံးထဲမှာမှ ကယ်လိုရီအလောင်ကျွမ်းဆုံး အားကစားတစ်မျိုးပါ။ ဘောလုံးကစားနေစဉ်တစ်လျှောက်မှာ ကစားသမားများက ပြေးလွှားလှုပ်ရှားနေရတဲ့အတွက်ကြောင့် ကယ်လိုရီအလောင်ကျွမ်းဆုံးဖြစ်ဖို့ ကူညီပေးပါတယ်။

ကလေးများနဲ့ ကစားခြင်း

happy asian family, healthy lifestyle

ကျန်းမာရေးနဲ့ ညီညွှတ်ဖို့အတွက် အားကစားရူးမူးသူတစ်ယောက်မဖြစ်လည်း ရပါတယ်။ ကလေးငယ်များနဲ့ တစ်နာရီခန့် ဆော့ကစားပေးခြင်းကလည်း ၃၇၂ ကယ်လိုရီခန့် လျော့ချပေးနိုင်ပါသေးတယ်။

သင်ရော အခုဖော်ပြသွားတဲ့အားကစားတွေထဲက ဘယ်အားကစားကို အနှစ်သက်ဆုံးလဲ။

Source: Brightside.me