ခန္ဓာကိုယ် တစ်ခုလုံးရှိ အဆီပိုများကို ဖယ်ရှားချင်ပြီး တောင့်တင်းသန်မာတဲ့ ပုခုံးတစ်စုံ ပိုင်ဆိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ စိတ်ဓာတ်ပြင်းထန်ပြီး မလျော့သောဇွဲနှင့် အားထုတ်ယူသော ယောကျာ်းများအတွက်သာ သိသာထင်ရှားတဲ့ရလဒ်ကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ထိုကဲ့သို့ သိသာထင်ရှားတဲ့ ရလာဒ်မျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်း (၆) မျိုးကို ပုံမှန်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

workout for men who want to have wide shoulder and lose fat

ပထမအနေအထားအတိုင်း ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားလိုက်ပါ။ အလေးတုံးကိုင်ထားပြီး ပုခုံးကို အနည်းငယ် စောင်းထားလိုက်ပါ။ ထို့နောက် ဒုတိယပုံအတိုင်း ခြေထောက်ကို ဆန့်တန်းကာ အလေးတုံးကို အပေါ်သို့ မြှောက်လိုက်ပါ။

ဒူးပြန်ကွေးလိုက် ဒူးဆန့်ကာ အလေးတုံးကို အပေါ်မြှောက်လိုက်ဖြင့် အကြိမ် ၄၀ ခန့် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၂)

workout for men who want to have wide shoulder and lose fat

ခြေဖဝါးနှစ်ဖက်ကို ထိကပ်ထားပါ။ ထို့နောက် ကြမ်းပြင်ပေါ်မှာ ပထမအနေအထားအတိုင်း လှဲလျောင်းနေပါ။ ထို့နောက် ဝမ်းဗိုက်ကြွက်သားအသုံးပြုကာ ဒုတိယပုံအတိုင်း ထထိုင်လိုက်ပါ။ ထိုင်လိုက် လှဲလိုက်ဖြင့် အကြိမ် ၂၀ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

workout for men who want to have wide shoulder and lose fat

အရင်ဦးဆုံး မတ်တပ်ရပ်နေပါ။ ထို့နောက် ဒူးကွေးပြီး ထိုင်ကာ ခန္ဓာကိုယ်ကို ပုံပါအတိုင်း မှောက်လျက်လှဲချလိုက်ပါ။ ထို့နောက် တစ်ဆင့်ချင်းစီပြန်ထကာ ဒုတိပုံအတိုင်း ခုန်လိုက်ပါ။ မခုန်ခင်မှာ လက်နှစ်ဖက်က ခေါင်းကို ထိကပ်ထားပါ။ ၁၀ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

workout for men who want to have wide shoulder and lose fat

ပထမပုံရဲ့အနေအထားအတိုင်း ဒူးနှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားကာ အလေးတုံးကို ရင်ဘတ်အရှေ့တွင် ကိုင်ထားပါ။ ထို့နောက် တင်ပါးကို နောက်ပစ်ပြီး Suqat ထိုင်လိုက်ပါ။ ထိုင်လိုက် ထလိုက်ဖြင့် အကြိမ်ရေ ၄၀ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

workout for men who want to have wide shoulder and lose fat

လေ့ကျင့်ခန်း (၅) ကတော့ လေ့ကျင့်ခန်း (၂) ကိုပဲ ပြန်လုပ်ရမှာဖြစ်ပါတယ်။ အကြိမ်ရေ ၂၀ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၆)

workout for men who want to have wide shoulder and lose fat

လေ့ကျင့်ခန်း (၆) ကလည်း လေ့ကျင့်ခန်း (၃) ကိုပဲ ပြန်လုပ်ရမှာပါ။ ၁၀ ကြိမ်ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁) ကနေ (၆) အထိ ပြီးသွားတဲ့အခါမှာတော့ ၁ မိနစ် နားပါ။ ပြီးတဲ့အခါမှာတော့ အစအဆုံးကို ၃ ကျော့ ပြန်လုပ်ပေးရပါဦးမယ်။

Source:  Menshealth.com

Featured Image Source: Men’s Health