ယောဂလေ့ကျင့်ခန်းများသည် နှလုံးသွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးခုန်နှုန်းကို ကောင်းမွန်စေပါတယ်။ အသက်ကို ဖြည်းဖြည်းနဲ့မှန်မှန် ရှူသွင်းရှူထုတ်ရသောကြောင့် အဆုတ်အားကောင်းစေပါတယ်။ သင့်အနေနဲ့ ယောဂလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးပါက ခန္ဓာကိုယ်ရှိ အဆီပိုများ လျော့ကျသွားမှာဖြစ်ပြီး အာရုံကြောစနစ်ကို ကောင်းမွန်စေတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။

ပြင်းထန်တဲ့လေ့ကျင့်ခန်းများ မပြုလုပ်ချင်တဲ့ ယောကျာ်းများအတွက်တော့ ယောဂလေ့ကျင့်ခန်းများက ပြင်းပြင်းထန်ထန်ပြုလုပ်စရာမလိုဘဲ သက်သောင့်သက်သာပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ယောကျာ်းများအတွက် သင့်တော်မယ့် ယောဂလေ့ကျင့်ခန်းများကတော့…

လေ့ကျင့်ခန်း (၁)

Yoga exercise for men

ပုံပါအတိုင်း ဒူးအနည်းငယ်ကွေးကာ တင်ပါးကို အနည်းငယ် နောက်ပစ်ထားပါ။ ထိုအနေအထားအတိုင်း ၃ မိနစ်ခန့် တောင့်ခံထားပါ။ အသက်ရှူသွင်း၊ ရှူထုတ်ခြင်းကိုလည်း မှန်မှန်ပြုလုပ်ရပါမယ်။ တဖြည်းဖြည်းနဲ့ ကျွမ်းကျင်လာပြီဆိုရင်တော့ အချိန်တိုးကာ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

yoga exercise for men

သင့်ရဲ့ကျောရိုး၊ တင်ပဆုံရိုးများကို သန်မာချင်ပြီး ဝမ်းဗိုက်ရှိအဆီပိုများကို ဖယ်ရှားချင်တယ်ဆိုရင်တော့ ဒီယောဂလေ့ကျင့်ခန်းကို ပြုလုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းစစလုပ်ချင်းမှာတော့ ပုံပါအနေအထားအတိုင်း ၁၅ စက္ကန့် (သို့) စက္ကန့် ၂၀ ခန့် တောင့်ခံထားရပါမယ်။

လေ့ကျင့်ခန်း (၃)

yoga exercise for men

ဒီယောဂလေ့ကျင့်ခန်းကတော့ ကြွက်သားများကို ဆွဲဆန့်ပေးပြီး အကြောအချဉ်ပြေစေပါတယ်။ သွေ့လှည့်ပတ်မှုကို ကောင်းမွန်စေတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ချပေးပါတယ်။ လည်ပင်း၊ ကျောကုန်းနှင့် ခါးရိုးများ ညောင်းညာခြင်းမှလည်း ကာကွယ်ပေးပါတယ်။

လေ့ကျင့်ခန်း (၄)

yoga exercise for men

ဒီလေ့ကျင့်ခန်းကတော့ ဗွီဇောက်ထိုးပုံသဏ္ဍာန် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ တင်ပါးကြွက်သား၊ ခြေသလုံးကြွက်သား၊ ပေါင်ကြွက်သားနှင့် ပုခုံးကြွက်သားများကို သန်မာစေပြီး စိတ်ကိုလည်း တည်ငြိမ်အေးချမ်းစေပါသေးတယ်။

လေ့ကျင့်ခန်း (၅)

yoga exercise for men

ပုံပါအနေအထားအတိုင်း ခန္ဓာကိုယ်ကို ၁ မိနစ်ခန့် တောင့်ထားပေးလိုက်ပါ။ ဒီလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် ကြွက်သားများ၊ အထူးသဖြင့် တင်ပါး၊ ရင်အုပ်၊ ကျောရိုးနှင့် ဒူးခေါင်းရှိ ကြွက်သားများကိုလည်း အကြောအချဉ်ပြေစေပါတယ်။

လေ့ကျင့်ခန်း (၆)

yoga exercise for men

ဒီယောဂပို့စ်ကတော့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားများကို သန်မာစေပြီး ညောင်းညာကိုက်ခဲနေသော ကြွက်သားများကိုလည်း ပြေလျော့စေပါတယ်။ ဒီယောဂပို့စ်ကို မှန်မှန်ပြုလုပ်ပေးပါက မောပန်းနွမ်းနယ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို သက်သာစေပါတယ်။

Source: Yogiapproved.com